GAC  မှ  အသစ်မိတ်ဆက်လိုက်သည့်  ကားနှစ်မျိုးကို  အထူးစျေးနှုန်းဖြင့် ယခု  ဒီဇင်ဘာလကုန်အထိ   ရောင်းချပေးမည်

847

GAC မှ အသစ်မိတ်ဆက်လိုက် သည့် ကားနှစ်မျိုးကို အထူးစျေးနှုန်း ဖြင့် ယခု ဒီဇင်ဘာလကုန်အထိ ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။

 

ဒီဇင်ဘာ ၁ ရက်က စတင် မိတ်ဆက်ရောင်းချခဲ့သည့် Sedan အမျိုးအစား GA8 နှင့် SUV အမျိုးအစား GS8 တို့ကို မူရင်းစျေးအစား အထူးစျေးနှုန်းဖြင့် ယခုလ ကုန်အထိ ရောင်းချပေးမည်ဖြစ်သည်။

 

Sedan အမျိုးအစား GA8 သည် ၃၆ဝ ဒီဂရီကင်မရာနှင့် Speaker ခြောက်လုံးပါဝင်ပြီး ရှေ့မီးများကို ဂျပန်နိုင်ငံမှ ထုတ်လုပ်ထားသည့် Daylight မီးများ အသုံးပြုထားကာ Euro 5 အဆင့်ရှိ၍ ဆီစားနှုန်း သက်သာသော 2.0 Turbo အင်ဂျင်တပ်ဆင်ထားသည်။ 6 Speed Auto Transmission ဖြစ်ပြီး အတွင်းခန်းထိုင်ခုံများကို သြစတြေးလျနိုင်ငံမှ ထုတ်လုပ်သော နွားသားရေအစစ် အသုံးပြုထားကြောင်း သိရသည်။

 

SUV အမျိုးအစား GS8 သည် Euro 5 အဆင့်ရှိပြီး Electric Stability Program ? Hill Hold Control ? Hill Decent Control ? Electric Parking Brake ? Lane Change Assist System ? ၃၆ဝ ဒီဂရီကင်မရာနှင့် အသက်ကယ် လေအိတ် ၁ဝ လုံး တပ်ဆင်ပေးထားသည်။ ကားနောက်ဘက်တံခါးကိုလည်း Power System ဖြင့် အဖွင့်/အပိတ် ပြုလုပ်နိုင်ပြီး ကားရှေ့မီးများကို ဂျပန်နိုင်ငံမှ ထုတ်လုပ်ထားသော Daylight မီးများ အသုံးပြု ထားကာ နောက်ဘက်ဘရိတ်မီးများအတွက် ဂျာမနီနိုင်ငံမှထုတ်လုပ်ထားသည့် မီးလုံးများတပ်ဆင်ထားသည်။ အရည်အသွေး ကောင်းမွန်သော ၁၉ လက်မအလွိုင်း အသုံးပြုထားပြီး 2.0 Turbo ဓာတ်ဆီအင်ဂျင် တပ်ဆင်အသုံးပြုထားကာ 6 Speed Auto Transmission ဖြစ်သည်။

 

အထူးစျေးနှုန်းဖြင့် ရောင်းချပေးရာတွင် Sedan အမျိုးအစား GA8 ကို မူရင်းစျေး အမေရိကန် ဒေါ်လာ ၆၄,၈၈၈ အစား ၅၂,၈၈၈ ဒေါ်လာဖြင့် ရောင်းချပေးမည်ဖြစ်သ လို SUV အမျိုးအစား GS8 ကို မူရင်းစျေး အမေရိကန်ဒေါ်လာ ၆၆,၈၈၈ အစား ၅၉,၈၈၈ ဒေါ်လာ ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ဝန်ဆောင်မှုအနေဖြင့် ငါးနှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်းအာမခံ၊ သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာ ခြောက်သောင်း Free Maintenance Service အစီအစဉ်တို့ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရ သည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here