GAC မှ ကားအမျိုးအစားသစ်နှစ်မျိုးကို လာမည့် ဒီဇင်ဘာ ၁ ရက်တွင်မိတ်ဆက်ပြသ ရောင်းချမည်

717

GAC မှ ကားအမျိုးအစားသစ် နှစ် မျိုးကို လာမည့်ဒီဇင်ဘာ ၁ ရက် တွင် စတင်မိတ်ဆက် ပြသရောင်း ချမည်ဖြစ်ကြောင်း သိရသည်။

 

SUV အမျိုးအစား GS8 4WD ကားသစ်နှင့် Sedan ကား အမျိုးအစားသစ်တို့ကို မိတ်ဆက်ပြသ ရောင်းချမည်ဖြစ်ပြီး လက်ရှိတွင် SUV အမျိုးအစား GS8 4WD ခုနစ်ယောက်စီးကားကို Pre Order လက်ခံ ဆောင်ရွက်ပေးနေကြောင်း သိရသည်။ GS8 4WD ကားအမျိုးအစားသစ်သည် Euro 5 အဆင့်ရှိ ကားအမျိုးအစားဖြစ်ပြီး ၎င်းတွင် Electric Stability Program ၊ Hill Hold Control ၊ Hill Decent Control ၊ Electric Parking Brake ၊ Lane Change Assist System ၊ ၃၆ဝ ဒီဂရီကင်မရာနှင့် အသက်ကယ်လေအိတ် ၁ဝ လုံး တပ်ဆင်ပေးထားသလို ကား နောက်ဘက်တံခါးကိုလည်း Power System ဖြင့် အပိတ်/အဖွင့် ပြုလုပ်နိုင်ကြောင်း သိရသည်။

ကားရှေ့မီးများကို ဂျပန်နိုင်ငံ မှ ထုတ်လုပ်ထားသော Daylight မီးများအသုံးပြုထားပြီး ကားနောက် ဘရိတ်မီးများအတွက် ဂျာမနီနိုင်ငံမှ ထုတ်လုပ်ထားသော မီးလုံးများ အသုံးပြုထားကာ အရည်အသွေး ကောင်းမွန်သည့် ၁၉ လက်မ တာယာကိုလည်း အသုံးပြုထား သည်။ ဆီစားနှုန်းသက်သာသော 2.0 Turbo ဓာတ်ဆီအင်ဂျင် တပ်ဆင်အသုံးပြုထားပြီး 6 Speed Auto Transmission အသုံးပြု ထားသည်။ ယင်းကားကို အမေရိ ကန်ဒေါ်လာ ၆၆,၈၈၈ ဖြင့် ရောင်း ချပေးနေပြီး Pre Order မှာမည့်သူများအနေဖြင့် ကားတန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းကို ကြိုတင်ပေးသွင်း၍ ဝယ်ယူနိုင်ကြောင်း သိရသည်။

 

GAC Order မှ ရောင်းချပေး နေသည့်ကားများကို ဝန်ဆောင်မှုအနေဖြင့် ငါးနှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်း အာမခံ၊ သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာ ခြောက်သောင်း Free Maintenance Service အစီအစဉ်တို့ဖြင့် ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here