GAC ကားအမျိုးအစားအလိုက် ဒေါ်လာလေးထောင်မှ ခြောက်ထောင်အထိ အထူးလျှော့စျေးဖြင့် ရောင်းချ

270

 

ရန်ကုန်၊ ဇူလိုင် ၆
GAC Motor Myanmar မှ GAC ကားများဖြစ်သည့် GS4 ၊ GS5 ၊ GM6 ၊ GS3 ၊ GM8 ၊ GS7 ၊ GS8 တို့ကို ကားအမျိုးအစားအလိုက် ဒေါ်လာလေးထောင်မှ ခြောက်ထောင်အထိ အထူးလျှော့စျေးဖြင့် ဇူလိုင်လကုန်အထိ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

“ဇူလိုင်လထဲမှာ GAC ကားတွေကို အမေရိကန်ဒေါ်လာလေး ထောင်ကနေ ခြောက်ထောင်အထိ Discount နဲ့ ရောင်းချပေးမှာဖြစ် ပြီး အထူးသက်သာတဲ့ ကနဦးပေးသွင်းငွေ၊ ဘဏ်အတိုးနှုန်းတွေနဲ့ ငါးနှစ်အထိ အရစ်ကျဝယ်ယူနိုင်မှာ ဖြစ်ပါတယ်၊ အရစ်ကျဝယ်ယူမှုအတွက် ဘဏ်ကိုပေးဆောင်ရမယ့် ဝန်ဆောင်ခ၊ ကော်မရှင်ခနဲ့ ကညန ခွန်တွေ ပေးဆောင်စရာမလိုခြင်း၊ တစ်နှစ်စာကားအာမခံ၊ တစ်နှစ်စာ ၂၄ နာရီအရေးပေါ် လမ်းခရီးဝန်ဆောင်မှုတွေနဲ့ ရရှိမှာဖြစ်ပါတယ်”ဟု GAC Motor Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

GAC Motor Myanmar မှ GAC ကားများကို ဝယ်ယူမည်ဆိုပါ က ရန်ကုန်နှင့်မန္တလေးမြို့ရှိ GAC Showroom များတွင် ဝယ်ယူနိုင် မည်ဖြစ်ပြီး ထိုကားများအတွက် ထုတ်လုပ်သူအာမခံ ငါးနှစ်၊ သို့မဟုတ် ကီလိုမီတာတစ်သိန်းခွဲ၊ Free Maintenance Service သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာခြောက်သောင်းရရှိမည်ဖြစ်ကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here