GAC ကားများကို စက်တင်ဘာ ၆ ရက်မှ ၈ ရက်အထိ Myanmar Plaza တွင် Road Show အစီအစဉ်ဖြင့် ရောင်းချမည်

228

ရန်ကုန်၊ သြဂုတ်

GAC Motor Myanmar မှ GAC ကားများကို စက်တင်ဘာ ၆ ရက် မှ ၈ ရက်အထိ Myanmar Plaza တွင်  Road Show အစီအစဉ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၆ ရက်မှ ၈ ရက် အထိ ကျင်းပမည့် GAC Road Show တွင် GS3 ၊ GA6 ၊ GS8 ၊ GS7 ၊ GS4 ၊ GA4 ၊ GM8 MPV စသည့် ကားများကို အထူး ပရိုမိုးရှင်းအစီအစဉ်ဖြင့် ရောင်းချ ပေးမည်ဖြစ်သည်။ ထို့ပြင် Road Show အစနေ့တွင် GS5 နှင့် GM6 ကားသစ်နှစ်စီးကိုလည်း မိတ်ဆက်ပြသမည်ဖြစ်သည်။

Road Show ၌ GAC ကား များကို ပရိုမိုးရှင်းဖြင့် ရောင်းချရာ တွင် GS3 ကို မူရင်းစျေး အမေရိကန်ဒေါ်လာ ၃၅,၈၈၈ မှ ၃၂,၈၈၈ ၊ GA4 ကို မူရင်းစျေး အမေရိကန်ဒေါ်လာ ၃၅,၈၈၈ မှ ၂၉,၈၈၈ ၊ GA6 ကို မူရင်းစျေး အမေရိကန်ဒေါ်လာ ၄၂,၈၈၈ မှ ၃၈,၈၈၈ ၊ GM8 ကို မူရင်းစျေး အမေရိကန်ဒေါ်လာ ၆၉,၈၈၈ မှ ၆၅,၈၈၈ ၊ GS8 (4WD)ကို မူရင်း စျေး အမေရိကန်ဒေါ်လာ ၆၆,၈၈၈ မှ ၆၄,၈၈၈ ၊ GS8 (2WD) ကို မူရင်းစျေး အမေရိကန်ဒေါ်လာ ၆၂,၈၈၈ မှ ၅၉,၈၈၈ ၊ GS7 ကို မူရင်းစျေး အမေရိကန်ဒေါ်လာ ၅၃,၈၈၈ မှ ၄၈,၈၈၈ ၊ GS4 ကို မူရင်းစျေး အမေရိကန်ဒေါ်လာ ၄၃,၈၈၈ မှ ၃၈,၈၈၈ ဖြင့် ရောင်းချ ပေးမည် ဖြစ်သည်။

GAC Motor Myanmar မှ GAC ကားများကို ငါးနှစ်၊ သို့မ ဟုတ် ကီလိုမီတာတစ်သိန်း၊ Free Maintenance Service သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာ ခြောက် သောင်း Warranty ပေးထား သည်။ GAC ကားများကို ဘဏ်များဖြင့် ချိတ်ဆက်ဝယ်ယူနိုင်ပြီး ပရိုမိုးရှင်းကာလအတွင်း ဝယ်ယူပါက ကနဦး ၁ဝ ရာခိုင်နှုန်းပေး သွင်းရုံဖြင့် တစ်နှစ်မှ ငါးနှစ်အထိ အရစ်ကျစနစ်ဖြင့်လည်း ဝယ်ယူနိုင် ကြောင်း သိရသည်။

ရဲထွန်းေကျာ်

LEAVE A REPLY

Please enter your comment!
Please enter your name here