Ford Road Show တွင် ကားအမျိုးအစားလေးမျိုးကို အထူးအစီအစဉ်များဖြင့် ရောင်းချသွားမည်

237

 

ရန်ကုန်၊ ဇူလိုင် ၂၁
Ford Myanmar မှ ကားအမျိုးအစားလေးမျိုးကို အထူးအစီအစဉ် များဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

Ford Myanmar မှ ဇူလိုင် ၂၅ နှင့် ၂၆ ရက်တွင် မြန်မာပလာဇာ၌ Road Show ကျင်းပမည်ဖြစ်ပြီး ပြပွဲတွင် Ford Everest Ambiente ၊ Ford EcoSport ၊ Ranger Wildtrak ၊ Ranger Everest Trend စသည့် ကားအ မျိုးအစားလေးမျိုးကို ပြသရောင်းချမည်ဖြစ်ကာ ပြပွဲအတွင်း ဝယ်ယူမည်ဆိုပါက Accessories Gift Package ၊ သို့မဟုတ် 2 Years/ 20000 Km 4 Times Service Package ကို ပေးမည်ဖြစ်သည်။

Ford EcoSport သည် 1.0L Fox, Gasoline, EcoBoost Engine 6-Speed Automatic Transmission အသုံးပြုထားသော SUV ကားအမျိုးအစား ဖြစ်သည်။ Ford Everest Ambiente သည် 2.2L Diesel TGCI Turbo Engine 6-Speed Auto ၊ 7 Seater With Fabric တပ်ဆင်ထားသော SUV ကားအမျိုးအစား ဖြစ်သည်။ Ranger Everest Trend သည် 2.2L Diesel TGCi Turbo Engine 6-Speed Auto ၊ 7 Seater With Leather တပ်ဆင်ထားသော SUV ကားအမျိုးအစား ဖြစ်သည်။Ranger Wildtrak သည် 3.2L Diesel TGCi Turbo Engine 6-Speed Auto အသုံးပြုထားသော Pick-Up ကားအမျိုးအစား ဖြစ်သည်။

Ford Myanmar မှ Ford Everest Ambiente ကို အမေရိ ကန်ဒေါ်လာ ၃၉,၀၀၀ ကျော်၊ Ford EcoSport ကို အမေရိကန်ဒေါ်လာ ၂၈,၀၀၀ ကျော်၊ Ranger Wild-trak ကို အမေရိကန်ဒေါ်လာ ၄၅,၀၀၀ ကျော်၊ Ranger Everest Trend ကို အမေရိကန်ဒေါ်လာ ၆၄,၀၀၀ ကျော်ဖြင့် ရောင်းချသွား မည်ဖြစ်ပြီး ငါးနှစ်၊ သို့မဟုတ် ကီလိုမီတာတစ်သိန်း အာမခံပေး မည်ဖြစ်ကြောင်း သိရသည်။
ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here