Ford Myanmar မှ SUV ကားအမျိုးအစားအသစ် All-New Ford Territory ကို စတင်မိတ်ဆက်

294

 

ရန်ကုန်၊ ဒီဇင်ဘာ ၂၉
Ford Myanmar မှ SUV ကားအမျိုးအစားအသစ် All-New Ford Territory ကို စတင်မိတ်ဆက် ရောင်းချနေကြောင်း သိရသည်။
All-New Ford Territory သည် 1.5L Eco Boost အင်ဂျင် ကို CVT Gearbox ဖြင့် တွဲဖက်ထားပြီး ငါးယောက်စီး Compact SUV ကားအမျိုးအစား ဖြစ်သည်။ ခေတ်ဆန်သော ဒီဇိုင်းအသစ်ဖြင့် ဖန်တီးထုတ်လုပ်ထားပြီး LED Headlamps၊ LED DRL ၊ LED Taillamps ၊ Auto on/off Head-lamps with Follow -me -Home Feature ၊ ရှေ့နောက်နှင်းခွဲမီးများ ၊ Panoramic Moonroof ၊ အနောက် Spoiler နှင့် Roof Rails ၊ အတွင်းဘက်တွင် Perforated Leather Seat ၊ Leather Steering Wheel ပါဝင်သည်။ USB Charging Port ၊ Steering Control ၊ Power Door Lock with Central Locking ၊ Auto-Dimming Features ၊ ၁၈ လက်မ Alloy Wheel များ တပ် ဆင်ထားပြီး ထိုကားကို Ruby Red ၊ Diffused Silver ၊ Panther Black ၊ Crystal Pearl White (Titanium+ Only) ၊ Moon-stone Blue (Titanium+ Only) ၊ Star White (Trend Only) စသည့် အရောင်ခြောက်မျိုးဖြင့် ဝယ်ယူနိုင်မည် ဖြစ်သည်။ စီးနင်းသူလုံခြုံရေးအတွက် လေအိတ် ခြောက်လုံးပါဝင်ပြီး High Defination 360 Degree Camera ၊ Enhanced Active Park Assist ၊ Autonomous Emergency Braking တို့ ပါဝင်သည်။
Ford Myanmar မှ All-New Ford Territory 1.5 Titanium + MY20 ကို အမေရိကန် ဒေါ်လာ ၃၄,၉၀ဝ၊ All-New Ford Territory 1.5 Trend MY20 ကို အမေ ရိကန်ဒေါ်လာ ၃၂,၉၀ဝ ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိ ရသည်။
ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here