Ford Myanmar မှ ခြောက်ကြိမ်မြောက်  Driving Skill For Life အစီအစဉ် ကျင်းပ

442

ရန်ကုန်၊ မေ

Ford Myanmar မှ CSR Programတစ်ခုဖြစ်သည့် Driving Skill For Life အစီအစဉ်ကို သဃင်္န်းကျွန်းမြို့နယ်ရှိ The One Entertainment ၌ မေ ၁၁ ရက် နှင့် ၁၂ ရက် နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခု ကျင်းပပြုလုပ်ခဲ့သည့် Ford Driving Skill For Life Program သည် ခြောက်ကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကားတစ်စီးကို စနစ်တကျသုံးစွဲခြင်းဖြင့် ရေရှည်အသုံးပြုနိုင်ရန် International Automobile Trainer များက စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့သလို လာရောက်လေ့လာခဲ့သူများကိုလည်း ကံစမ်းမဲအစီအစဉ်ဖြင့် ကျေးဇူးတုံ့ပြန်ခဲ့သည်။ ထို့ပြင် Ford ကားသစ်များကို Test Drive မောင်းနှင်ခွင့်ပြုခဲ့ရာ ဝင်ရောက်မောင်းနှင်သူဦးရေ နှစ်ရာကျော် ရှိခဲ့ကြောင်း သိရသည်။

”ကားမောင်းနှင်သူတွေ နေ့ စဉ်ကျင်လည်နေရတဲ့ဘဝမှာ သက်သောင့်သက်သာနဲ့ အန္တရာယ်ကင်းကင်း မောင်းနှင်နိုင်ဖို့ Ford Driving Skill For Life ကနေ စာတွေ့၊ လက်တွေ့သင်တန်း ပေးတာဖြစ်ပါတယ်၊ ဒီပွဲအပါအဝင်ဆိုရင် ခြောက်ကြိမ်မြောက် ဖြစ်ပါတယ်၊ နောက်ထပ် ကျင်းပမယ့်ပွဲတွေမှာ ပါဝင်ချင်တယ်ဆိုရင် Ford Myanmar Page ကို Like လုပ်ပြီး Event Link ၊ Comment မှာ ဖုန်းနံပါတ်ပေးပြီး ဆက်သွယ်ပါဝင်နိုင်ပါတယ်”ဟု Ford Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မေ ၁၁ ရက်နှင့် ၁၂ ရက် တို့တွင် ကျင်းပခဲ့သည့် Ford Myanmar ၏ ခြောက်ကြိမ်မြောက် Driving Skill For Life ပွဲအခမ်းအနား၌ ပွဲတက်ရောက်ခဲ့သူများကို International Automobile Trainer များက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာပြီး မော်တော်ယာဉ်ကို ရေရှည်အသုံးပြုနိုင်ရန်နှင့် စနစ်တကျမောင်းနှင်တတ်နိုင်ရန် စာတွေ့၊ လက်တွေ့သင်ကြားပေးခဲ့သည်။ ထိုအစီအစဉ်ကို CSR Program တစ်ခုအဖြစ် ကျင်းပခဲ့ခြင်းဖြစ်ပြီး Ford ကားသစ်များ ဖြစ်သည့် Ranger နှင့် Everest ကားသစ်များကိုလည်း Drive Test မောင်းနှင့်ခွင့်ပြုခဲ့ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here