Ford Motor Company နှင့် Capital Automotive တို့ လက်တွဲခြင်း လေးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် Everest နှင့် Ranger Pick-up ကားအမျိုးအစားများကို အထူးဈေးနှုန်းများဖြင့် ရောင်းချပေးမည်

622

Ford Motor Company  နှင့် Capital Automotive  တို့ လက်တွဲခြင်း လေးနှစ်ပြည့် အထိမ်း အမှတ်အဖြစ် Everest နှင့် Ranger Pick-up ကားအမျိုး အစားများကို အထူးဈေးနှုန်းများဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာကျော် ကားထုတ်လုပ် သည့် ကုမ္ပဏီတစ်ခုဖြစ်သော Ford Motor Company သည် ၂၀၁၃ ခုနှစ်မှစ၍ Ford ကားများ ကို မြန်မာနိုင်ငံ၏ တရားဝင်ဖြန့်ချိ ရေး အရောင်းကိုယ်စားလှယ်အဖြစ် Capital Automotive Limited ကို ခန့်အပ်ခဲ့ရာ လေးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် Everest နှင့်  Ford Ranger Pick-up တို့ကို အောက်တိုဘာ ၁၅ ရက်အထိ အထူးဈေးနှုန်းများဖြင့် ရောင်းချပေး သွားမည် ဖြစ်သည်။

”မြန်မာပြည်မှာ Ford ရဲ့ အခြေချမှု လေးနှစ်ပြည့်မြောက်ခဲ့တာကို ဝမ်းသာဂုဏ်ယူမိပါတယ်၊ ကျော်ကြားတဲ့ Ford Motor ကား တချို့အတွက် အထူးစိတ်ဝင်စား စရာ ကောင်းလှတဲ့ အစီအစဉ် တချို့ ကမ်းလှမ်းခွင့်ရတာကိုလည်း ကျေနပ်မိပါတယ်၊ Ford ကား အရောင်းကိုယ်စားလှယ် လုပ်ငန်း ကို ၂၀၁၃ ခုနှစ်က ရန်ကုန်မြို့မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ အချိန်ကစပြီး အလွန်ကောင်းမွန်တဲ့ မော်တော်ယာဉ်ဝယ်ယူမှုနဲ့ ပိုင်ဆိုင်မှု အတွေ့ အကြုံပေးစွမ်းနိုင်မှုကို ဆက်လက် ဖြည့်ဆည်းပေးသွားမှာပါ”ဟု အာရှပစိဖိတ် ထွန်းသစ်စဈေးကွက်များ ဆိုင်ရာ မန်နေဂျင်း ဒါရိုက်တာ Bagus Susantoက ပြောကြား ခဲ့သည်။

အလားတူ Capital Automotive Limited မှ အထွေထွေ မန်နေဂျာ Mr.Mike Pease ကလည်း ”အခုလို ထူးခြားလှတဲ့ နှစ်ပတ်လည်အစီအစဉ်က Ford မော် တော်ကားသစ်တစ်စီးကို မယှဉ်သာ တဲ့ ဈေးနှုန်းနဲ့ Ford ကားချစ်သူ တွေ ဝယ်ယူနိုင်ဖို့ ပိုပြီး လွယ်ကူ သွားစေမှာပါ”ဟု ပြောကြားခဲ့ သည်။

လေးနှစ်ပြည့် အထိမ်းအမှတ် အဖြစ် Ford ကားအချို့ကို အထူးဈေးနှုန်းဖြင့် ရောင်းချပေးရာတွင်SUV အမျိုးအစားဖြစ်သည့် Everest Ambiente ကို အမေရိ ကန်ဒေါ်လာ ၄၄,၄၄၄ ၊ Everest Trend ကို အမေရိကန်ဒေါ်လာ ၅၄,၄၄၄၊ Everest Titanium ကို အမေရိကန်ဒေါ်လာ ၆၄,၄၄၄၊ Pick-up အမျိုးအစားဖြစ်သည့် The Ranger Double XL ကို  အမေရိကန်ဒေါ်လာ ၂၉,၄၄၄၊ Double Cab Base ကို ၂၈,၄၄၄၊ Rap Cab XL ကို အမေရိကန်ဒေါ်လာ ၂၄,၄၄၄ ဖြင့် Ford Showroom များ၌ ရောင်းချပေးနေကြောင်း သိရသည်။

ပွင့်ဖြူ

LEAVE A REPLY

Please enter your comment!
Please enter your name here