Ford Motor Company မှ နိုင်ငံတကာတွင် ပြုလုပ်ကျင်းပလျက်ရှိသော ယာဉ်မောင်းသူများ လုံခြုံစွာ မောင်းနှင်ရေး ပညာပေးအစီအစဉ် Driving Skill for Life အစီအစဉ် ကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
Driving Skill for Life အစီအစဉ်တွင် အစိုးရဌာနများ၊ မီဒီယာများ၊ Ford Customer များနှင့် လိုင်စင်ရယာဉ်မောင်း လေးရာကျော် သင်တန်းတက်ရောက် မောင်းနှင်မည်ဖြစ်ပြီး ဒီဇင်ဘာ ၈ ရက်မှ ၁ဝ ရက်အထိကို ရန်ကုန်မြို့ The One Entertainment Park ၊ ဒီဇင်ဘာ ၁၂ ရက်မှ ၁၃ ရက် အထိ ကို မန္တလေးမြို့၊ ချမ်းမြသာစည် လေယာဉ်ကွင်းဟောင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
” Driving Skill for Life ကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်က အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်ဖို့ အတွက်ဖြစ်ပါတယ်၊ ဒီအစီအစဉ် ကို Ford Distributor Partner ဖြစ်တဲ့ Capital Automotive နဲ့ RMA Group က ဦးစီး ကျင်းပတာဖြစ်ပြီး RMA Academy က Trainer တွေနဲ့ Ford Global DSFL Team က လေ့ကျင့် သင်ကြားပေးထားတဲ့ ပြည်တွင်းဝန်ထမ်းတွေက လာရောက်မောင်းနှင်တဲ့ ယာဉ်မောင်းတွေကို သင်တန်း ပို့ချမှာ ဖြစ်ပါတယ်”ဟု ‘ Capital Automotive ‘ မှ General Manager David Stotter က ဆိုသည်။
Driving Skill for Life အစီအစဉ်သည် နိုင်ငံတကာတွင် အထင်ကရ ကျင်းပပြုလုပ်လေ့ရှိသည့် Ford ၏ (CSR)Program တစ်ခုဖြစ်ပြီး အာရှနိုင်ငံများတွင် ၁ဝ နှစ်ကြာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သလို အာဆီယံနိုင်ငံ ခြောက်နိုင်ငံတွင်လည်း လိုင်စင်ရယာဉ်မောင်း ရှစ်သောင်းခွဲကျော်ကို လေ့ကျင့် သင်ကြားပေးနိုင်ခဲ့ကြောင်း သိရသည်။
သက်ပိုင်