Exxon Mobil မှ ရောင်းအားအကောင်းဆုံးနှင့် အကောင်းဆုံး  Partner ဆုများ ပေးအပ်

533

မန္တလေး၊ မေ

ကမ္ဘာ့အကြီးဆုံးရေနံကုမ္ပဏီဖြစ် သည့် Exxon Mobil ၏ Mobil Branded Lubricant မြန်မာပြည်စျေးကွက်သို့ ရောက်ရှိခြင်း ငါးနှစ်ပြည့် အခမ်းအနားနှင့် ၂ဝ၁၇ ခုနှစ် ရောင်းအားအကောင်းဆုံး Sales Excellence များအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဧပြီ ၂၈ ရက် က Hilton Mandalay Hotel တွင် ပြုလုပ်ခဲ့သည်။

Mobil ရောင်းအားအကောင်းဆုံးဆိုင်များကို 2017 Sales Excellence Award များနှင့် Mobil Branded Lubricant တစ်မျိုးတည်းကိုသာ အစဉ်တစိုက်ရောင်းချသည့် အရောင်းဆိုင်များ ကို Best Partner Award များ ပေးအပ်ခဲ့သည်။

”အရည်အသွေးက အမြဲတမ်းအနိုင်ရတယ်၊ အရည်အသွေးရှိမှသာ အောင်မြင်မှုရမယ် ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ဆောင်ရွက်ခဲ့တာကြောင့် ကမ္ဘာ့အကြီးဆုံး ရေနံကုမ္ပဏီအနေနဲ့ ရပ်တည်နိုင်ခဲ့တာပါ”ဟု Mobil Branded Lubricant ၏ မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်ရရှိထားသော MJL & AKT Petroleum Co.,ltd မန်နေဂျင်းဒါရိုက်တာ ဦးပြည့်စုံက Mobil Product များနှင့် ပတ်သက်၍ ရှေ့လျှောက် မည်ကဲ့သို့ ကြိုးစားဆောင်ရွက်သွားမည်ကို ရှင်းပြခဲ့သည်။

Exxon Mobil ကုမ္ပဏီသည် ၁၈၆၆ ခုနှစ်တွင် ဆီသန့်စင်သည့်စနစ်အပေါ်မူတည်ပြီး ပထမဆုံး စက်ချောဆီကို ထုတ်လုပ်ခဲ့သည်။ ထို့ပြင် စက်ဆီ၊ ချောဆီများကို အကောင်းဆုံး တီထွင်ထုတ်လုပ်နိုင်ရန်အတွက် The Equipment Builder Group(EB Group) ကိုလည်း ၁၉၁၄ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အမေရိကန်အခြေစိုက် Exxon Mobil ရေနံကုမ္ပဏီသည် နှစ်ပေါင်း ၁၅ဝ သက်တမ်းရှိပြီဖြစ်ပြီး ကမ္ဘာ့နိုင်ငံများသို့ အင်ဂျင်ဝိုင်မျိုးစုံဖြန့်ဖြူးရောင်းချလျက်ရှိသည့် ကုမ္ပဏီကြီးတစ်ခုဖြစ်ကာ Mobil Branded Lubricant ကို မြန်မာပြည်စျေးကွက်တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသည်။

ပြည်ဘုန်းမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here