EV ဘက်ထရီနည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းရန် Hyundai နှင့် Samsung တို့ ဆွေးနွေး

155

 

တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး ကုမ္ပဏီကြီးနှစ်ခုဖြစ်သည့် Hyundai Motor Group နှင့် Samsung တို့သည် လျှပ်စစ်ကားများတွင် အသုံးပြုမည့် ဘက်ထရီနည်းပညာ ပိုင်းဆိုင်ရာ၊ အနာဂတ်ကားလောက ပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု Korea Herald သတင်းစာက ဇူလိုင် ၂၁ ရက်တွင် ဖော်ပြ သည်။

Hyundai အမှုဆောင်ဒုတိယ ဥက္က႒ Chung Eun-sun ၏ဖိတ် ကြားချက်အရ Samsung ဒုတိယ ဥက္က႒ Lee Jea-yong သည် ဆိုးလ်မြို့တောင်ပိုင်းရှိ Hyundai ၏ Namyang Research & Development Center သို့ သွား ရောက်လေ့လာခဲ့သည်။ ယခုတွေ့ဆုံမှုသည် လွန်ခဲ့သည့် မေလက Cheonan မြို့ရှိ Samsung Digital Interface ဘက်ထရီစက် ရုံသို့ Chung သွားရောက်လည် ပတ်အပြီး နှစ်လအတွင်း ဖြစ်ပေါ် လာခဲ့ခြင်းဖြစ်သည်။

ဒုတိယအကြိမ်တွေ့ဆုံမှုတွင် Lee သည် Samsung ဌာနကြီး သုံးခုမှ အကြီးအကဲများကိုပါ တစ်ပါတည်း ခေါ်ဆောင်လာခဲ့ပြီး လျှပ်စစ် ကားများ၏ အဓိကအသက်သွေး ကြောဟုဆိုရမည့် ဘက်ထရီနည်းပညာပိုင်းဆိုင်ရာအတွက် Hyundai တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့သည်။ ၎င်းတို့ နှစ်ဦးသည် ဘက်ထရီ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအတွက် သာမက Hyundai ၏ မြို့ပြလေကြောင်း သယ်ယူပို့ဆောင်ရေး (UAM) ၊ စက်ရုပ်နည်းပညာများ နှင့်ပတ်သက်၍လည်း ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးကာ နေ့လယ်စာ အတူသုံးဆောင်ခဲ့သည်ဟု သိရ သည်။

Hyundai သည် အနာဂတ် တွင် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချပေးနိုင်မည့် လျှပ်စစ်ကားများ ထုတ်လုပ်မှုကို အရှိန်အဟုန်မြှင့် ပြုလုပ်နိုင်ရေးအတွက် အခြားပြိုင်ဘက်ကုမ္ပဏီ များနည်းတူ ကြိုးစားဆောင်ရွက် လျက်ရှိသည်။ ထို့ပြင် ၂ဝ၂၅ ခုနှစ် အရောက် လျှပ်စစ်ကားအစီးရေ တစ်သန်းကျော်အထိ ရောင်းချနိုင်ရေး မျှော်လင့်လျက်ရှိပြီး လျှပ်စစ်ကားစျေးကွက်ဝေစု၏ အနိမ့်ဆုံး ၁ဝ ရာခိုင်နှုန်းခန့်အထိ ခွဲဝေရရှိနိုင်ရန် ရည်မှန်းထားသည်။

Hyundai သည် အနာဂတ် လျှပ်စစ်ကားများကို ထုတ်လုပ်ရန် ကြိုးစားလုပ်ဆောင်လျက်ရှိပြီး ၂ဝ၂၁ ခုနှစ်တွင် အားတစ်ခါ ဖြည့်သွင်းရုံဖြင့် ၄၅ဝ ကီလိုအထိမောင်း နှင်နိုင်ရန်လည်း ပစ်မှတ်ထားနေ သည်။
Ref: Korea Herald

LEAVE A REPLY

Please enter your comment!
Please enter your name here