EQS ဆီဒန်သည် အားတစ်ခါဖြည့်ရုံဖြင့် ကီလိုခုနစ်ရာအထိ မောင်းနိုင်မည်ဟု Mercedes ကတိပေး

171
Generated by pixel @ 2020-07-21T03:48:29.634999

 

သဘာဝပတ်ဝန်းကျင်နှင့် လိုက် လျောညီထွေမှုရှိသည့် လျှပ်စစ် ကားများထုတ်လုပ်နိုင်ရေးအတွက် ကားကုမ္ပဏီကြီးများက အပြိုင်အ ဆိုင်ကြိုးစားနေချိန်တွင် ဂျာမန်ထိပ် တန်းကားကုမ္ပဏီ Mercedes – Benz က ၎င်းတို့၏ concept EQS လျှပ်စစ်ကားမှာ ဓာတ်အား တစ်ခါဖြည့်သွင်းရုံဖြင့် ကီလိုခုနစ်ရာ အထိ မောင်းနှင်နိုင်မည်ဟု ကတိ ပြုထားကြောင်း motoring ဝက်ဘ် ဆိုက်က ဇူလိုင် ၂၁ ရက်တွင် ဖော်ပြသည်။

လက်ရှိအချိန်တွင် လျှပ်စစ် ကားများအနက် အားတစ်ခါဖြည့် သွင်းရုံဖြင့် ခရီးမိုင်အဝေးဆုံးမောင်း နှင်နိုင်သည့်ကားသည် အမေရိကန် ကုမ္ပဏီ Tesla မှထုတ်လုပ်သော Model S ဖြစ်ပြီး ၆၄၇ ကီလိုအထိမောင်းနှင်နိုင်သည်။ Mercedes- Benz ၏ ထုတ်ပြန်ချက်အရ EQS သည် ကီလိုခုနစ်ရာအထိ မောင်းနှင်နိုင်မည်ဖြစ်ရာ Tesla Model S ထက် ပိုမိုသာလွန်သွား မည်ဖြစ်သည်။

Mercedes သည် EQS လျှပ်စစ်ကားကို 2019 Frankfurt Motor Show တွင် စတင်မိတ် ဆက်စဉ်ကတည်းက စိတ်ဝင်စား သူအများအပြားရှိခဲ့ပြီး ၂ဝ၂၁ ခု နှစ်အတွင်း သြစတြေးလျနိုင်ငံ၌ ပထမဆုံးအကြိမ် စတင်ရောင်းချ ပေးရန် စီစဉ်ထားသည်။ EQS တွင် 350 Kw လျှပ်စစ်မိုတာ နှစ်လုံးတပ်ဆင်ထားပြီး ၄ ဒသမ ၅ စက္ကန့်အတွင်း ကီလိုတစ်ရာအထိ အရှိန်တင်နိုင်သလို အမြင့်ဆုံး အနေဖြင့် တစ်နာရီ ကီလိုနှစ်ရာ အထိ မောင်းနှင်နိုင်သည်။

Mercedes-Benz စီမံခန့်ခွဲ မှု ဘုတ်အဖွဲ့ဥက္က႒ဖြစ်သူ ဆွီဒင်နိုင်ငံသား Ola Kallenius က “လာ မယ့်နှစ်ကျရင် ကျွန်တော်တို့ဟာ Mercedes အတွက် လျှပ်စစ်ဓာတ် အားစနစ်ကို ပြောင်းလဲသုံးစွဲမယ့် ခေတ်သစ်တစ်ခုထဲ ဝင်ရောက်တော့ မှာပါ၊ EQS က အရည်အသွေး မြင့်မားပါတယ်၊ ဓာတ်အားတစ်ခါ ဖြည့်သွင်းရုံနဲ့ ကီလိုခုနစ်ရာကျော် အထိ မောင်းနှင်နိုင်မှာပါ”ဟု ဆိုသည်။
Ref: motoring

LEAVE A REPLY

Please enter your comment!
Please enter your name here