EFI Type  ဆိုင်ကယ်များ  ဆီတိုင်ကီထဲ  အနည်းဆုံး  ဆီတစ်လီတာ အထက်ထား၍  စီးခြင်းက  အင်ဂျင်ရုန်းအား  ကောင်းမွန်စေဟု  ဆို

1043

 

EFI Type ( PGM-FI ) နည်းပညာ သုံး ဆိုင်ကယ်များဖြစ်သော Honda ၊ Click ၊  Scoopy i စသည့်ဆိုင်ကယ် များအနေဖြင့် ဆီတိုင်ကီထဲတွင် အနည်းဆုံး ဆီတစ်လီတာအထက် ထား၍စီးခြင်းက အင်ဂျင်ရုန်းအား၊ ဆွဲအားကောင်းမွန်စေရန် အထောက် အပံ့ဖြစ်စေကြောင်း မန္တလေးမြို့ခံ ဝါရင့်ဝပ်ရှော့ဆရာများက အကြံပြု ပြောကြားသည်။

”မြန်မာနိုင်ငံက ဆီတွေက ဆီသန့်မှု အားနည်းတဲ့အတွက် ဆိုင်ကယ်စီးတာ ကြာလာတာနဲ့ အမျှ ဆီတိုင်ကီထဲမှာ အမှုန်အမွှား တွေ အများကြီးရှိနေနိုင်ပါတယ်၊ EFI  နည်းပညာသုံး ဘယ်ဆိုင်ကယ်မဆို ဆီတိုင်ကီထဲမှာ အနည်း ဆုံး ဆီတစ်လီတာ လက်ကျန်ထား ပြီးမှ စီးနင်းသင့်တယ်၊ ဆီတစ်လီ တာလောက်ပဲ ကျန်တော့တာနဲ့ ဆီ ထပ်ဖြည့်တာမျိုး လုပ်သင့်တယ်၊ ဘာကြောင့်လဲဆိုရင် ဆီအရမ်း နည်းရင် စီးနေရင်း လမ်းမှာတုန်ခါ တာနဲ့အမျှ ဆီထဲက အမှုန်အမွှား တွေက ထလာမယ်၊ အဲဒီအမှုန် အမွှားတွေက ဆီစက်၊ ပန့်မိုတာတို့၊Injector တို့မှာ ကြေး(ဂျီး) တင် တာ များလာပြီဆိုရင် ဆီလိုက် မ မှန်တာတွေကနေတစ်ဆင့် ရုန်းအား၊ ဆွဲအားတွေ ကျစေနိုင်တယ်၊ ဆီ တစ်လီတာအထက်ထားပြီး စီးမယ် ဆိုရင်တော့ အင်ဂျင်ရုန်းအား ကောင်းဖို့အတွက် အထောက်အပံ့ ဖြစ်စေမှာပါ”ဟု မန္တလေးမြို့ခံဝါရင့် ဝပ်ရှော့ဆရာတစ်ဦးက အကြံပြု ပြောကြားသည်။

ဆီများသည် ဆီတိုင်ကီထဲမှ တစ်ဆင့် ဆီစက်၊ ပန့်မိုတာနှင့် Injector သို့ ရောက်ရှိပြီး Injector မှ ဆီဖျန်းပေးရာ အမှုန်အမွှားများမှ တစ်ဆင့် ကြေး(ဂျီး)တင်မှုများလာ ပါက အင်ဂျင်ရုန်းအား၊ ဆွဲအားများ ကျဆင်းစေနိုင်သည့်အပြင် ပန့်မို တာလည်း ကြာရှည်မခံကာ အသစ် တစ်လုံး လဲလှယ်ရမည်ဆိုပါက Honda ဆိုင်ကယ်မှာ အနည်းဆုံး ကျပ်ငါးသောင်းခန့် ကုန်ကျနိုင် ကြောင်း၊ ထို့ကြောင့် ဆီတိုင်ကီထဲ တွင် အမှုန်အမွှားများ အမြဲထနေ ခြင်းမရှိစေရန် အနည်းဆုံး ဆီတစ် လီတာအောက်အထိ မစီးနင်းသင့် ကြောင်း မန္တလေးမြို့ခံဝါရင့်ဝပ်ရှော့ ဆရာများက ထပ်မံဆိုကြသည်။

”အမှုန်အမွှားဆိုတာ ဆီတိုင် ကီအောက်ခြေမှာ အနည်ထိုင်နေ တတ်တယ်၊ ဆီများရင် အမှုန် အမွှားထလာတာမျိုး မရှိဘူး၊ ဆီ နည်းရင်နည်းသလို အမှုန်အမွှား တွေက ထလာတယ်၊ ဒါကြောင့် EFI ဆိုင်ကယ်တွေ အကုန်လုံး အနည်းဆုံး ဆီတစ်လီတာလောက် ကျန်တဲ့အထိပဲစီးသင့်တယ်၊ ဆီကို လည်း အောက်တိန်း 95 ပဲ ထည့် စီးစေချင်တယ်၊ တချို့နယ်တွေမှာ အောက်တိန်း95 မရရင် 92 ထည့်စီးပါ”ဟု မန္တလေးမြို့ခံ ဝါရင့် ဝပ်ရှော့ဆရာတစ်ဦးက ဆိုသည်။

EFI Type ဆိုင်ကယ်တိုင်း ဆီသန့်မှုနှင့် ဆီလိုက်မှန်ကန်မှု၊ လေဝင်၊ လေထွက် ကောင်းမွန်မှုတို့ ရှိမှသာ အင်ဂျင်ရုန်းအား၊ ဆွဲအား ကောင်းမွန်စေမည်ဖြစ်ပြီး အိပ်ဇော ပိုက်မှလည်း ဆီအနံ့ထွက်မှု ကင်း ဝေးစေမည်ဖြစ်ကြောင်း ၎င်းတို့က ထပ်လောင်း ပြောကြားသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here