Ducati က ၂၀၂၁ မိုဒယ်သစ်များဖြစ်သည့် New XDiavel နှင့် New Ducati Scrambler ဆိုင်ကယ်များ၏ Version အသစ်များ စတင်မိတ်ဆက်

92

Ducati Scrambler Desert Sled ဆိုင်ကယ်ကို တွေ့ရစဉ်။

ကမ္ဘာကျော် Brand ဖြစ်သော Ducati က ၂၀၂၁ မိုဒယ်သစ်များဖြစ်သည့် New XDiavel နှင့် New Scrambler ဆိုင်ကယ်များကို နိုဝင်ဘာလ တတိယပတ်အတွင်းက www.ducati.com ဝက်ဘ်ဆိုက်နှင့် အခြားသော Social Media များမှတစ်ဆင့် မိတ်ဆက်ခဲ့ကြောင်း သိရသည်။
Ducati XDiavel Black Star ဆိုင်ကယ်အား တွေ့ရစဉ်။

Ducati က စတင်မိတ်ဆက်လိုက်သော XDiavel Series တွင် XDiavel Dark နှင့် XDiavel Black Star နှစ်မျိုးတို့ပါဝင်ပြီး လာမည့် မိုဒယ်သစ်သည် Ducati Cruiser Range ကို ပြန်လည်ဆန်းသစ်ထားခြင်းဖြစ်ကာ Scrambler မှာမူ Ducati Scrambler Nightshift မိုဒယ်အမည်သစ်နှင့် မိတ်ဆက်ခဲ့ကြောင်း၊ ထို့ပြင် Ducati Scrambler Icon နှင့် Desert Sled Models တို့ကိုလည်း အရောင်အသစ်နှစ်မျိုးဖြင့် စတင်မိတ်ဆက်ခဲ့သည့်အပြင် လာမည့် ၂၀၂၁ ခုနှစ်ထဲတွင် နိုင်ငံတကာဈေးကွက်သို့ စတင်ရောင်းချသွားမည်ဖြစ်ကြောင်း Ducati ၏ ထုတ်ပြန်ချက်များအရ သိရသည်။
Ducati XDiavel Dark ဆိုင်ကယ်ကို တွေ့ရစဉ်။

၂၀၂၁ ခုနှစ်အတွက် Ducati မှ XDiavel Range ကို အသစ်ပြန်လည်ဆန်းသစ်၍ ထုတ်လုပ်ထားသော XDiavel မိုဒယ်အားလုံးသည် Euro 5, မြင်းကောင်ရေ 8hp, Maximum Power 0.2 kgm နှင့် အကွေ့အကောက်လမ်းများတွင် သာယာပျော့ပျောင်းစွာ မောင်းနှင်နိုင်မည့် Torque Values တို့ ပါဝင်လာမည့်အပြင် အဆိုပါ Series ထဲမှ XDiavel Dark သည် Ducati Cruiser အသွင်ကို လှပအောင် ပုံဖော်ပေးထားကာ အနက်ရောင်ရင့်ရင့် Matt Black နှင့် လိုက်ဖက်ညီညီ ထုတ်လုပ်ပေးထားသည်ကို တွေ့ရသည်။ ထို့ပြင် New XDiavel Black Star Version ကို Sports Cars များတွင်သာ တွေ့ရသည့် Equipment များဖြင့် မွမ်းမံထားပြီး Matt Grey ၊ အနက်ရောင်၊ အနီရောင်တို့ကို လိုက်ဖက်ညီညီ အရောင်စပ် ထုတ်လုပ်ပေးထားသည်။

Ducati Scrambler Nightshift သည်လည်း Classic Lines များနှင့် ညအခါတောက်ပပြီး အရောင်စိုသည့် အနက်ရောင်၊ ဖြောင့်စင်းသေးသွယ်သည့်လက်ကိုင်၊ Café Racer Mirrors များ ပါဝင်ကာ မောင်းသူရော လိုက်ပါစီးနင်းသူပါ သက်သောင့်သက်သာ ရှိစေမည့် New Flat-two Saddle များ တပ်ဆင်ထားသည်။ ထို့ပြင် Ducati Scrambler Desert သည်လည်း Sparkling Blue အရောင်၊ ရွှေဝါရောင်ဘီးခွံတို့တွင် အနီရောင်၊ အဖြူရောင် ရောထားသည့် ဆီတိုင်ကီ၊ ရွှံ့ကာတို့အပြင် ထိုင်ခုံတွင်လည်း Anti-slip Lining ပါဝင်လာကြောင်း Ducati ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ထို့ပြင် Ducati Scrambler Icon ကို ၂၀၂၁ ခုနှစ်တွင် Ducati Red Colour နှင့်သော်လည်းကောင်း၊ Classic 62 Yellow အရောင်ဖြင့်သော်လည်းကောင်း အနက်ရောင် Frame ၊ အနက်ရောင်ခုံတို့ဖြင့် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း Ducati က ထုတ်ပြန်ထားသည်။

ကျော်ကျော်အောင်(ကလေးမြို့)

ဓာတ္ပံု-Ducati

LEAVE A REPLY

Please enter your comment!
Please enter your name here