Dual-Purpose ဆိုင်ကယ်များနှင့် အခြေခံ Off-Road မောင်းနှင်နည်းများ

730

Lawrence Peace

Suzuki မှာလည်း Dual-Purpose အနေနဲ့ DRZ400S ကို ထုတ်လုပ်ထားတာ တွေ့ရပါတယ်။ 398 CC ၊ 4 Stroke ၊ Single Cylinder Liquid Cooled DOHC 4 Valve အင်ဂျင်ဖြစ်ပြီး ဂီယာ ငါးချက် ပါဝင်ပါ တယ်။ လက်ရှိ နောက်ဆုံးမိုဒယ်အထိ ၃၆ မီလီမီတာဆိုက် Carburetor ကိုပဲ အသုံးပြုထားပြီး မြင်းကောင်ရေ လေးဆယ်အားနဲ့ 39 N-m အထိ ထုတ်ပေးနိုင်ပါတယ်။  Suspension Travel အနေနဲ့ အရှေ့ Fork က ၁၁ ဒသမ ၃ လက်မ အထိကစားပြီးနောက် Mono Shock က ၁၁ ဒသမ ၆ လက်မအထိ ကစားနိုင်ပါတယ်။ ရှေ့ Fork က ရိုးရိုး Conventional Telescopic Fork ပဲဖြစ်ပြီး မြေပြင်ကင်းလွတ်အမြင့်က ၁၁ ဒသမ ၈  လက်မအထိ မြင့်ပါတယ်။ ထိုင်ခုံအမြင့် ၃၇ လက်မရှိပြီး စုစုပေါင်းအလေးချိန်က  ၃၁၇ ပေါင် လေးလံပါတယ်။ ထုတ်ပေးနိုင်တဲ့ ပါဝါနဲ့ အလေးချိန်ကို ကြည့်မယ်ဆိုရင် ပါဝါတော်တော်ကောင်းတယ်လို့ သတ်မှတ်နိုင်ပါတယ်။ အမေရိကန်နဲ့ ကနေဒါမှာတော့ နာမည်အလွန်ကြီးပြီး ကျွန်တော်တို့ဆီမှာတော့ အလွန်ပဲရှားပါးလှပါတယ်။ အကြမ်းလည်းခံ၊ ပါဝါလည်းကောင်းတာကြောင့် တချို့နိုင်ငံတွေမှာ ခရီးဝေးကို Off-Road တွေပဲ အများဆုံးမောင်းနှင်ရတဲ့ Rally ဆိုင်ကယ်အဖြစ်နဲ့ Modified ပြီး ယှဉ်ပြိုင်ကြတာလည်း တွေ့မြင်ရပါတယ်။ ဂျပန်ဆိုင်ကယ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Suzuki မှာတော့ Duak-Sport ခေါ် Dual-Purpose ဆိုင်ကယ်အနေနဲ့ 250 CC ကို ထုတ်လုပ်ထားတာ မတွေ့ရပါဘူး။ လက်ရှိ အသစ်ထုတ်လုပ်ထားတဲ့ V Strom 250 ကတော့ 248 CC Parallel Twin အင်ဂျင်ကို တပ်ဆင်ထားပြီး Entry Level Adventure ခရီးဝေးသွားဆိုင်ကယ်အဖြစ် ထုတ်လုပ်ထားတာပါ။ Off-Road တွေ မောင်းနှင်လို့မရပါဘူး။ နောက်ထပ် Dual-Sport အမျိုးအစားထဲပါဝင်တဲ့ DR 200S နဲ့ Van Van 200 တို့မှာလည်း Performance နိမ့်တဲ့ Air Cooled အင်ဂျင်လေးတွေကို တပ်ဆင်ထားတဲ့အတွက် Off-Road အတိုလေးတွေကို ခဏတာမောင်းနှင်ဖို့အတွက်ပဲ သင့်တော်ပါတယ်။ 650 CC Single Cylinder Oil Cooled အင်ဂျင်ကို တပ်ဆင်ထားတဲ့ DR650S မှာတော့ ပါဝါနည်းပြီး အလေးချိန်စီးတာကြောင့် Adventure ခရီးဝေးတွေကို ဖြည်းဖြည်းမှန်မှန်နဲ့ မောင်းနှင်ဖို့အတွက်ပဲ သင့်တော်ပါတယ်။

 

ဥရောပ ဆိုင်ကယ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ သြစတြေးလျ အခြေစိုက် KTM  ကတော့ Dual-Sport ဆိုင်ကယ်တွေကို အမြောက်အမြားထုတ်လုပ်ထားတာ တွေ့ရပါတယ်။ နာမည်ကြီး Dirt Bike ကုမ္ပဏီတစ်ခုအနေနဲ့ Dual-Sport အမျိုးအစားတွေကိုလည်း အင်ဂျင် Displacement စုံစုံလင်လင် ထုတ်လုပ်ထားပါတယ်။ KTM မှာတော့ Dual-Sport တွေကို EXC Series တွေနဲ့ သတ်မှတ်ထားပါတယ်။ 250 EXC-F ၊ 350 EXC-F ၊ 450 EXC-F နဲ့ 500 EXC-F  ဆိုပြီး Displacement အလိုက် နာမည်ပေးထားပါတယ်။ F  ကတော့ Four Stroke အင်ဂျင်ကို ဆိုလိုတာပါ။ F မပါရင်တော့ Two Stroke အင်ဂျင်တွေလို့ သတ်မှတ်နိုင်ပါတယ်။ ဥပမာ 250 EXC နဲ့ 300 EXC တွေဟာ Premixed Oil အသုံးပြုရတဲ့ Two Stroke Enduro ဆိုင်ကယ်တွေပဲ ဖြစ်ကြပါတယ်။ Two Stroke Enduro တွေဟာ မောင်းနှင်ဖို့ ခက်ခဲကြပါတယ်။ မောင်းနှင်ဖို့ နည်းစနစ်တွေ နည်းနည်းလိုအပ်ပါတယ်။ တကယ့် အတွေ့အကြုံရင့်ကျက်တဲ့ Rider တွေပဲ ရွေးချယ်ကြတာ တွေ့ရပါတယ်။ KTM က ထုတ်တဲ့ နာမည်ကြီး Dual-Sport တစ်စီး ရှိပါသေးတယ်။ အဲဒါကတော့ 690 Enduro နဲ့ 690 Enduro R ပဲ ဖြစ်ကြပါတယ်။ 690 CC ၊ Single Cylinder ၊ Liquid Cooled အင်ဂျင်နဲ့ ဂီယာခြောက်ချက် ပါဝင်ပါတယ်။ R Version က ရိုးရိုး Version ထက် Suspension Travel တွေ ပိုများပါတယ်။ Seat Height လည်း မြင့်ပြီး Ground Clearance လည်း မြင့်ပါတယ်။KTM ရဲ့ 690 Enduro ကိုတော့ Adventure ခရီးဝေးလည်း သွားချင်၊ တစ်ခါတလေ Off-Road လည်း မောင်းချင်တဲ့ ဆိုင်ကယ်သမားတွေက အများဆုံး ရွေးချယ်ဝယ်ယူကြတာ တွေ့ရပါတယ်။ ကျွန်တော်တို့ဆီမှာတော့ KTM ရဲ့ Dual-Sport တွေက အလွန်တရာပဲ ရှားပါးလှပါတယ်။ စျေးနှုန်းကလည်း ကြီးမြင့်ပြီး အပိုပစ္စည်းနဲ့ Service Center တွေလည်း ရှားပါးတာကြောင့် အများစုက လက်ရှောင်ကြပါတယ်။

ဆက်လက်ဖော်ပြပါမည်…

 

 

 

 

 

 

Suzuki ရဲ့ Dual-Sport တစ်စင်းဖြစ်တဲ့  DR-Z400S ပဲ ဖြစ်ပါတယ်။ 398 CC Single Cylinder Liquid Cooled အင်ဂျင်နဲ့ ဂီယာ Wide Ratio ငါးချက် ပါပါတယ်။ မြင်းကောင်ရေ လေးဆယ်အားထွက်ပြီး ၃၁၇ ပေါင်ပဲ လေးလံတာကြောင့် ပါဝါနဲ့အလေးချိန်အချိုးက သိပ်မဆိုးဘူးလို့ သတ်မှတ်နိုင်ပါတယ်။ လက်ရှိအချိန်အထိ Carburetor ကိုပဲ အသုံးပြု လျက်ရှိပြီး အင်မတန်မှကို အကြမ်းခံလှပါတယ်။ ကျွန်တော်တို့ဆီမှာတော့ မတွေ့ရသလောက်ကို ရှားပါးပါတယ်။

 

 

 

 

 

 

 

Suzuki ရဲ့ Dual-Sport နောက်တစ်စီးဖြစ်တဲ့ DR650SE ပဲ ဖြစ်ပါ တယ်။ 644 CC Single Cylinder Oil Cooled အင်ဂျင်နဲ့ Wide Ratio ဂီယာ ငါးချက်နဲ့ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ Carburetor နဲ့ပဲဖြစ်ပြီး ရေရှည်ခံမှုကို ဦးစားပေး တည်ဆောက်ထားတာပါ။  RTW ( Round The World ) ခေါ် ကမ္ဘာပတ်ခရီးရှည်တွေအတွက် အများဆုံး ရွေးချယ် ကြပါတယ်။

 

 

 

 

 

 

 

KTM ရဲ့ Dual-Sport တွေကတော့ Performance ကို ပိုပြီးဦးစားပေးပါတယ်။ ပြိုင်ပွဲဝင်ဖို့အတွက်တော့ အင်မတန်မှကို သင့်တော်ပါတယ်။ ဒါပေမဲ့ Maintenance ခေါ် ပြုပြင်ထိန်းသိမ်းမှုတွေ မကြာခဏပြုလုပ်ပေး ရပါတယ်။ Maintenance Level ကလည်း မြင့်မားတဲ့အတွက် စက်မှုအင်ဂျင်နီယာအခြေခံရှိတဲ့ Rider တွေပဲ ပြုလုပ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာတော့ နှစ်စီးစ၊ သုံးစီးစပဲ တွေ့မြင်ရပါတယ်။

 

စာဖတ်ပရိသတ်များ မော်တော်ဆိုင်ကယ်ဗဟုသုတတွေနဲ့ ပြည့်စုံကြပါစေ ..

LEAVE A REPLY

Please enter your comment!
Please enter your name here