DT Naing Oo ကုမ္ပဏီ၏ TVS ဆိုင်ကယ်အရောင်းပြခန်းဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ် ဆိုင်ကယ်သုံးစီးနှင့် တန်ဖိုးကြီးပစ္စည်းများ မဲဖောက်ပေးမည်ဟုဆို

1448

မန္တလေး၊ သြဂုတ် ၇
အိန္ဒိယဆိုင်ကယ်လောကတွင် နာ မည်ရ ကုမ္ပဏီတစ်ခုဖြစ်သော DT Naing Oo ကုမ္ပဏီ၏ ဆိုင်ခွဲ-၂ ဖြစ်သည့် TVS Showroom ဖွင့်လှစ်မှု တစ်နှစ်ပြည့်အထိမ်းအမှတ် အနေဖြင့် သြဂုတ် ၉ ရက်မှ စက် တင်ဘာ ၈ ရက်အထိ လာဝယ်သော Customer များကို ဆိုင်ကယ်သုံးစီး နှင့် တန်ဖိုးကြီးပစ္စည်းများ မဲဖောက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
‘‘အိန္ဒိယ YAMAHA FZ တွေသွင်းပြီး ကုမ္ပဏီအနေနဲ့ရောင်း နေတာတော့ နှစ်ကြာနေပြီ၊ ဒုတိယမြောက် Showroom အသစ် TVS အရောင်းပြခန်းကိုတော့ မင်္ဂလာ မန္တလေးနားက ၇၂ လမ်းမှာ ပြီးခဲ့တဲ့ နှစ် စက်တင်ဘာ ၉ ရက်မှာ စဖွင့် ဖြစ်တယ်၊ ဒါနဲ့ ဒုတိယမြောက် အရောင်းပြခန်း ဖွင့်လှစ်တာ တစ်နှစ် ပြည့်တဲ့အနေနဲ့ အခု သြဂုတ် ၉ ရက် ကနေ စက်တင်ဘာ ၈ ရက်အထိ လာဝယ်တဲ့ Customer တွေအတွက် ဆိုင်ကယ်သုံးစီး အပါအဝင် တန်ဖိုး ကြီးပစ္စည်းတွေပေးပြီး မဲဖောက် ပေး သွားမယ်’’ဟု ‘DT Naing Oo ကုမ္ပဏီ’ မန်နေဂျင်းဒါရိုက်တာ ဦးနိုင်ဦးက ပြောကြားသည်။
ဒုတိယမြောက် အရောင်းပြ ခန်းဖွင့်လှစ်မှု တစ်နှစ်ပြည့်အထိမ်း အမှတ် ဖြစ်သော်လည်း မန္တလေးမြို့ရှိ DT Naing Oo အရောင်းပြ ခန်းနှစ်ဆိုင်ရှိ မည်သည့်ဆိုင်မှ ဝယ် ယူသည်ဖြစ်စေ ယင်းကံစမ်းမဲတွင် အကျုံးဝင်မည်ဖြစ်ပြီး ဆိုုင်ကယ် တစ်စီး ဝယ်သူတိုင်း ကံစမ်းမဲ ကူပွန် လက်မှတ်တစ်စောင် ပေးအပ်သွား မည်ဖြစ်ကြောင်း၊ ယင်းကံစမ်းမဲတွင် DT Naing Oo အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ထားသော တရုတ် 125R ၊ Smash ၊ Lucky စသော ဆိုင်ကယ် သုံးစီး အပါအဝင် ရေခဲသေတ္တာ၊ ရွေဆွဲပြား၊ TV စသော တန်ဖိုးကြီး ပစ္စည်းများပါ မဲဖောက်ပေးသွားမည် ဖြစ်ပြီး ကံစမ်းမဲဖွင့်မည့် စက်တင် ဘာ ၉ ရက်တွင် လူကိုယ်တိုင် တက် ရောက်ရမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here