Drive at Peugeot အစီအစဉ်ဖြင့် Peugeot 5008 နှင့် 3008 ကို ရောင်းချမည်

198

 

ရန်ကုန်၊ သြဂုတ်
Peugeot Myanmar မှ Drive at Peugeot အစီအစဉ်ဖြင့် သြဂုတ် ၃ဝ ရက်အထိ Peugeot 5008 နှင့် 3008 ကို Peugeot Nay Pyi Daw Showroom တွင် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

Drive at Peugeot အစီအစဉ်ဖြင့် Cash Discount အစီအစဉ်များ၊ အသက်သာဆုံးသော ဘဏ်အတိုးနှုန်းစနစ်နှင့် အရစ်ကျစနစ် များ ပါဝင်မည်ဖြစ်သည်။

“Drive at Peugeot အစီအစဉ်မှာ Peugeot ကားတွေကို အရင်ဈေးနှုန်းကနေ ဒေါ်လာငါးထောင်အထိ သက်သာမှာဖြစ်ပြီး Test Drive အစီအစဉ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်”ဟု Peugeot Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Peugeot Myanmar မှ Peugeot 5008 ကို အမေရိကန် ဒေါ်လာ ၅၉,၉ဝဝ၊ Peugeot 3008 ကို အမေရိကန်ဒေါ်လာ ၅၅,၉ဝဝ ဖြင့် ရောင်းချပေးနေပြီး သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာတစ်သိန်း အာမခံပေးထားကြောင်း သိရသည်။
ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here