Dr. ဖရယ်ဒီထွန်းမေ အလွမ်းပြေ

134

 

တစ်နေ့နံနက်မှာ ကျွန်တော့်အိမ်ရှေ့ကို ဇိမ်ခံကားအနက်ရောင်ကြီးတစ်စီး ဆိုက်ရောက်လာသည်။ ကားပေါ်က လှမ်းခေါ်သည့်အတွက် သွားတွေ့ ရသည်။ သောက်ဖော်စားဖက် သူဌေးဖြစ်နေသည်။ တစ်နေရာကို သောက်ဖို့၊ ခေါ်ဖို့လာတာဖြစ်မည်ဟု တွေးမိသည်။
“ဆရာကြီး၊ ဒီနေ့ ကျွန်တော့်သားအလှူ၊ သွားကြမယ် ကားပေါ် တက်”
ဘာအတွက်အလှူလုပ်တာလဲမေးကြည့်တော့ မင်္ဂလာဆောင်တာ တစ်နှစ်ပြည့်လို့ မင်္ဂလာဆွမ်းကျွေးတာဟု ပြောသည်။ သူ့ကားကြီးပေါ် တက်ထိုင်လိုက်တော့ အေးစိမ့်သွားသည်။ အိငြိမ့်သွားသည်။ ကောင်း လိုက်တဲ့ကား။ အတွင်းခန်းဖွဲ့စည်းထားပုံတွေကလည်း သေသပ်လှပသည်။ တိုယို်တာလပ်ဆပ်အမျိုးအစားကားကြီးဖြစ်နေသည်။ ဂျီပီအက်စ်တပ်ဆင် ထားသည့်အတွက် ရောက်ရှိနေသည့်အရပ်ကို မြေပုံဖြင့်လည်း ပြသည်။ လတီ္တကျု၊ လောင်ဂျီကျု ဖြင့်လည်းပြသည်။ သံလိုက်အိမ် မြှောင်ကလည်း ညွန်းရပ်ကို အမြဲပြနေသည်။ အန္တရာယ်အချက်ပေးသင်္ကေတနှင့် အသံကိုလည်း မြင်ကြားနေရ သည်။ ကောင်းလိုက်တဲ့ ကားလို့ တွေးမိသည်။
ကျွန်တော့်အိမ်မှ မြောက်ဥက္ကလာကို ဖြတ် ကျော်မောင်းသွားသည်။ အောင်မင်္ဂလာအဝေးပြေးဂိတ် ကို ဖြတ်ကျော်ပြန်သည်။ မြို့ ပြင်ကိုထွက်လာပြီဖြစ်လို့ စက် ရုံတွေ၊ ယာဉ်သိုလှောင်ရုံတွေ ကို တွေ့လာရသည်။ ပုလဲမြို့ သစ်ဆိုတာကို ရောက်တော့ ယာဘက်ကိုချိုးကွေ့ဝင်ပြီး ခဏ အကြာမှာ အလွန်ကျယ်ဝန်းသည့် ကျောင်းဝင်းကြီးထဲကို ရောက်သွားကြသည်။ တစ်နှစ်ပြည့်မင်္ဂလာဇနီးမောင်နှံက ကြိုဆိုနေ ကြသည်။ မင်္ဂလာဆွမ်းကျွေးကို နှစ်ဖက်ဆွေ မျိုးတွေနှင့် ရင်းနှီးသည့်မိတ်ဆွေလောက်ကိုသာ ဖိတ်ဟန်တူသည်။ ပရိသတ်နည်းတာ တွေ့ရသည်။
ဆရာတော်နှင့် သံဃာတော်တွေ ကြွလာပြီး နေရာယူပြီးကြတော့ ကန်တော့ကြသည်။ သီလ ယူကြသည်။ အလှူသမားစဉ်အတိုင်း ဆောင်ရွက်ပြီးတော့ ဆရာ တော်က တရားချီးမြှင့် သည်။ ရေစက်ချ၊ သာဓု ခေါ်ပြီးကြတော့မှ ဆရာတော်က ကျွန်တော့်ကိုမေးသည်။
“ဒကာကြီးရွာက ဒေါက်တာဖရဲသီးထွန်းဖေ ရှိသေးလား”
ကျွန်တော် ကြောင်တောင်တောင်ဖြစ်သွားသည်။ ဆရာတော် ဘယ် သူ့ကိုမေးတာပါလိမ့်လို့တွေးပြီ မဖြေနိုင်ဖြစ်နေသည်။ ဆရာတော်က အရူး မညိုမရဲ့သား ဖရဲသီးထွန်းဖေလေလို့ ပြောတော့မှ သိတော့သည်။ ကျွန်တော်ရေးသည့်ဝတ္ထု (ညိုမရဲ့လင်)၊ (ညိုမရဲ့သား ဖရဲသီးထွန်းဖေ)ဆိုတဲ့ ဝတ္ထုတွေကို ဆရာတော်က ဖတ်ဖူးလို့မေးတာဖြစ်နေသည်။
ဟိုလွန်ခဲ့သည့်နှစ်ပေါင်း ခြောက်ဆယ်၊ ခုနစ်ဆယ်လောက်က ကျွန် တော်တို့ရွာတွေမှာ တကယ်ဖြစ်ခဲ့သည့်အဖြစ်တွေကို စိတ်ကူးဖြင့်ဖြည့်စွက် ထားသည့် ဝတ္ဃုတွေကို ရေးခဲ့သည်။ တကယ့်အဖြစ်တွေမှာ အခြေခံ ထားသည့်ဝတ္ထုတွေဖြစ်လို့ အားလုံးအမှန်ထင်ပြီး ဇာတ်ကောင်တွေရှိသေး လားလို့ မေးကြသည်။ ယခုလည်း ဆရာတော်က ဒေါက်တာဖရဲသီးထွန်းဖေ ရှိသေးလားမေးတာဖြစ်သည်။
ကိန္နရီချောင်းရွာကြီးရဲ့နံနက်ခင်းမှာ လင်ခရူဇာအဖြူရောင်ကားကြီး တစ်စီး ဖြည်းဖြည်းမောင်းလာပြီး ရွာလမ်းဆုံလမ်းခွက လက်ဖက်ရည် ဆိုင်ရှေ့မှာ ညင်သာစွာရပ်သွားသည်။ ကားပေါ်က အသက် ၃၅၊ လေး ဆယ်မျှသာရှိမည်ထင်ရသည့် ရုပ်သန့်သန့်ယာဉ်မောင်းသူနှင့် သူ့ဇနီးတို့ ဆင်းလာကြသည်။ လက်ဖက်ရည်ဆိုင်ထဲကို မဝံ့မရဲဝင်လာကြသည်။ လက်ဖက်ရည်ဆိုင်ထိုင်ပရိသတ်ကလည်း သူတု့ိစုံတွဲကို မဝံ့မရဲ ကြည့်နေကြသည်။ ဒီရွာဟာ ကိန္နရီချောင်းရွာ ဟုတ်ပါသလားမေးသည်။ ဟုတ်ပါတယ်ဆိုတော့ နောက်မေးခွန်းတစ်ခုမေးသည်။
“ဒီရွာမှာ ဦးထွန်းဖေဆိုတာ ရှိပါသလား ခင်ဗျာ”
“ဦးထွန်းဖေတော့ ရှိပါတယ်၊ ငါ့ညီတွေ့ချင်တဲ့ ဦးထွန်းဖေဟုတ်သလား မသိဘူး”
“သူ့မှာ သားသမီးရှိသလား”
“သားလည်းမရှိ၊ သမီးလည်းမရှိ၊ မယားလည်းမရှိ၊ ဘိုးဘွားရိပ်သာ မှာ နေတယ်”
ဒီအခြေအနေမှာ သက်ကြီးရွယ်အိုတွေထဲက ဦးထွန်းဖေအကြောင်း ကိုသိသူ ဦးမောင်ပုက ဝင်ပြောသည်။
“ထွန်းဖေက ငါ့သူငယ်ချင်းကွ၊ ရွာသူဌေးသား၊ မယားတွေသုံးလေး ယောက်ရခဲ့ဖူးတယ်၊ ဘယ်မယားနဲ့မှ တစ်နှစ်ပြည့်အောင် မပေါင်းလိုက် ရဘူး၊ သူ့ဒဏ်ကိုမခံနိုင်လို့ ထွက်ပြေးကုန်ကြတယ်၊ ထွန်းဖေက သောက် သောက်စားစား၊ ပျော်ပျော်ပါးပါးနေတယ်၊ သာလာယံဇရပ်မှာ အနူတွေ၊ အရူးတွေနဲ့လည်း အတူစားတယ်၊ အိပ်တယ်၊ သူ့မှာ ရန်သူမရှိဘူး”
ဧည့်သည်လင်မယားက အဲဒီဦးထွန်းဖေနဲ့ တွေ့ချင်ပါတယ် ဆိုလို့ လက်ဖက်ရည်ဆိုင်နှင့် ခဲတစ်ပစ်စာလောက်ဝေးသည့် ဘိုးဘွားရိပ်သာလေးကို သွားကြ သည်။ ဦးထွန်းဖေကိုတွေ့ကြတော့ ဧည့်သည်က ရိုရိုသေသေမေးသည်။
“ဟို လွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်ကျော်က ဒေါ်ညိုရဲ့ မွေးကင်းစ ကလေးကို ပွေ့ချီယူသွားပြီး မြို့က မိဘမဲ့ဂေဟာကို ပို့ခဲ့တဲ့ ဦးထွန်းဖေ ဆိုတာ ဦးလေးဟုတ်ပါသလား”
ဦးထွန်းဖေရော၊ ဦးမောင်ပုပါ တအံ့တသြဖြစ်ပြီး မှင်တက်သွားမိကြ သည်။ ဒီဇာတ်လမ်းကို အစအဆုံးသိထားကြသည့် အဘိုးကြီးနှစ်ယောက် ပါးစပ်ဟပြီး ဘာပြောရမှန်းမသိဖြစ်သွားကြသည်။ ဦးထွန်းဖေက အလန့် တကြားမေးလိုက်သည်။
“နေပါဦးကွဲ့၊ မင်းက ဘယ်သူလဲ”
“ကျွန်တော်က ဒေါ်ညိုရဲ့သားပါ၊ မွေးကင်းစအရွယ်မှာ မိဘမဲ့ဂေဟာ ကို ဦးထွန်းဖေသွားပို့ခဲ့တဲ့ ကလေးပါ”
“ဟေ”
ဦးထွန်းဖေရော၊ ဦးမောင်ပုပါ အသံထွက်အောင် အံ့သြသွားကြ သည်။ ဧည့်သည်ဇနီးမောင်နှံ၏ အသက်အရွယ်၊ ရုပ်ရည်၊ အဆင့်အတန်း တွေကိုကြည့်ပြီး သိထားသည့်ဇာတ်လမ်းကို ပြောရမှာ ပြောမထွက်။ ခက်နေတော့သည်။ သူတို့အခုဘယ်မှာနေကြလို့ ဘယ်ကလာကြတယ် ဆိုတာ မေးရတော့သည်။
“ငါ့တူက ဘယ်မှာနေတာလဲကွဲ့၊ ဘာလုပ်သလဲ”
ဧည့်သည်က သူ့ဘဝအကြောင်းကို အတိုချုံးပြောပြသည်။ ခရစ် ယာန်အသင်းတော်က အုပ်ချုပ်သည့် မိဘမဲ့ဂေဟာမှာ နေခဲ့ရကြောင်း၊ ခြောက်ဘာသာဂုဏ်ထူးဖြင့် ဆယ်တန်းအောင်သည်။ ဆရာဝန်ဖြစ်သည်။ ရန်ကုန်က သူဌေးသမီးနှင့် လက်ထပ်သည်။ ခွဲစိတ်အထူးကုဘာသာရပ် ဖြင့် အက်ဖ်အာစီအက်စ်ပါရဂူဘွဲ့ကို အင်္ဂလန်တက္ကသိုလ်ကရသည်။ နှလုံးအထူးကုဆရာဝန်ဖြစ်သည်။ ရန်ကုန်မှာနေသည်။ မိမိကို မိဘမဲ့ဂေ ဟာကိုလိုက်ပို့ခဲ့သည့် ဖခင်ဦးထွန်းဖေကို လာရှာတာဖြစ်ကြောင်း ပြော ပြသည်။
ဦးထွန်းဖေသည် ဧည့်သည်၏ မျက်နှာကိုကြည့်နေသည်။ ဦးမောင် ပု၏ မျက်နှာကိုကြည့်သည်။ ပြောသင့်၊ မပြောသင့်စဉ်းစားနေသည့်ပုံ တွေ့ရသည်။ အသက်ကိုဝအောင်ဆွဲရှူပြီး ပြောသည်။
“ဟုတ်တယ်၊ ဟောဒီ ငါ့သူငယ်ချင်း မောင်ပုသိတယ်၊ မင်းကို မြို့က မိဘမဲ့ဂေဟာကိုပို့ခဲ့တာ ငါပဲ၊ အမေ မရှိတော့ဘူးဆိုတော့ အဖေက မမွေးနိုင်တော့ဘူးလား လို့မေးတယ်၊ ဒီကလေးမှာ အဖေမရှိဘူး၊ သူ့အမေအရူးမ ရွာစဉ် လျှောက် သွားနေတာ၊ ဘယ်သူနဲ့ရတဲ့ ကလေးလည်းမသိဘူး၊ ပြောတာကို လက်မခံဘူး၊ အဖေနာမည်ပေးရမယ်ဆိုတာနဲ့ ငါ့နာမည်ပေးခဲ့တယ်”
ဧည့်သည်ဇနီးမောင်နှံတို့ မျက်စိမျက်နှာပျက်ပြီး ငိုတော့ မယောင်ဖြစ်သွားကြသည်။ အင်္ဂလန်တက္ကသိုလ်က အက်ဖ်အာစီအက်စ်ဘွဲ့ရခဲ့သည့် နှလုံးခွဲစိတ်ပါရဂူသည် အဖေပြစရာမရှိ၊ အရူးမက မွေးသည့်သားဆိုတာသိသွား ကြတော့ မရှက်သော်လည်း ဝမ်းနည်းလို့ လှိုက်ဖိုပြီး ရှိုက်ငိုနေကြသည်။ သေချာအောင်လို့ ကြိုးစားပြီး အားယူမေးသည်။
“အဲဒီတုန်းက ဂေဟာအုပ်ချုပ်တဲ့ မာသာကြီးပြောလိုက်တဲ့ ကျွန်တော့်နာမည်ကို မှတ်မိသေးလား”
“ငါ့အတွက် မလိုအပ်လို့စာရေးပြီး မမှတ်ခဲ့ဘူးကွဲ့၊ ဖရဲသီး ထွန်းဖေဆိုလား”
မျက်ရည်ခိုးသုတ်ပြီး ငိုမဲ့နေကြသည့် ဧည့်သည်လင် မယားက ရယ်ချင်လို့ ခေါင်းငုံ့ပြီး ပြုံးပြလိုက်ကြသည်။ ဂေဟာအုပ်ချုပ်သည့် မာသာကြီးက ကလေးနာမည် ဖရယ်ဒီထွန်းဖေလို့ ပြောလိုက်တာဖြစ်သည်။
ဧည့်သည်လင်မယားသည် ကုလား ထိုင်မှာထိုင်နေကြရာမှ ကြမ်းခင်းကိုဆင်း ထိုင်ကြပြီး ပြိုင်တူလက်အုပ်ချီလိုက်ကြ သည်။ ဦးထွန်းဖေနှင့် ဦးမောင်ပုတို့ကို ဦးချကန်တော့ကြသည်။
“ဦးလေးကို ကျွန်တော်တို့ဇနီးမောင်နှံက အဖေလို့ခေါ်ပါရစေနော်”
ဘဝမှာ မယားတွေရခဲ့ဖူးသော်လည်း သား သမီးမရခဲ့ဖူးသည့် ဦးထွန်းဖေ ရင်ခုန်သွား သည်။ နှလုံးတုန်သွားသည်။ အရူးမ မိညိုက ဒီကလေးကိုမွေးပြီး သေသွားခဲ့သည့်အ တွက် ဒီကလေးအ သက်ရှင်အောင် သူပဲ ပွေ့ယူပြီး ရွာက နို့ထွက် မိခင်တွေကို အ ကူအညီတောင်း ခဲ့သည်။ ရွာ မှ မိုင် လေးဆယ်ဝေးသည့်မြို့က မိဘမဲ့ ဂေဟာကိုရောက်အောင် ပွေ့တစ်ခါ၊ ချီတစ်လှည့် ဖြင့် နို့ဘူးတိုက်ပို့ခဲ့တာဖြစ်သည်။ သားလို့ခေါ်ခွင့်ရလို့ ဝမ်းသာ သွားတာဖြစ်သည်။
အရူးမ မိညို သူ့ကိုမွေးခဲ့တဲ့နေရာကိုပြပါဆိုလို့ ရွာဦးကျောင်းခြံအပြင် က သာလာယံဇရပ်အိုကြီးကို လိုက်ပြရသည်။ ဇရပ်အိုကြီးသည် အခင်း တွေပေါက်ပြဲ၊ ကျိုးပဲ့နေသည်။ အကာပျဉ်တွေ ခြအုံတက်နေသည်။ ခြေ ရင်းထောင့်က ပေါက်ပြဲနေသည့်နေရာကို လက်ညှိုးထိုးပြပြီးပြောသည်။
“နင့်ကို ဒီနေရာမှာ မွေးတယ်”
ဒေါက်တာဖရယ်ဒီသည် ကြမ်းခင်းပေါ်ကို အသာဒူးထောက်ထိုင်ချ လိုက်ပြီး လက်အုပ်ချီလျက် ငိုရှိုက်ကာ အော်ပြောလိုက်ပါသည်။
“မေမေရေ သားကန်တော့ပါတယ် မေမေရယ်”
မြင်ရ၊ ကြားရသူတွေပါ လှိုက်ဖို၊ ရှိုက်ကိုတော့မလိုဖြစ်ကြရသည်။ ဒေါက်တာ ဖရယ်ဒီကို ဇနီးက ပခုံးဖက်ပြီး မျက်ရည်သုတ်ပေးသည်။
နောက်နေ့ နံနက်မှာ လင်ခရူဇာကားအဖြူကြီး ရွာကပြန်ထွက်ပြီး ရန်ုကုန်ကိုပြန်သည့်အခါမှာတော့ ကားကြီးရဲ့နောက်ခန်းမှာ ဦးထွန်းဖေ လိုက်ပါသွားတာကို ြမင်လိုက်ြကရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here