Double Cab များကို လုပ်ငန်းသုံးယာဉ်အဖြစ် ကနဦးမှတ်ပုံတင်ကြေးကောက်ခံရန် ပြန်လည်ဆွေးနွေးမည်

643

ရန်ကုန်၊ အောက်တိုဘာ
Double Cab များကို လုပ်ငန်းသုံး ယာဉ်အဖြစ် ကနဦးမှတ်ပုံတင်ကြေး ကောက်ခံရန် မော်တော်ယာဉ်တင် သွင်းခြင်းနှင့် သက်ဆိုင်သော လုပ် ငန်းများဆိုင်ရာကြီးကြပ်ရေး ကော် မတီတွင် ပြန်လည်ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၁၉ ရက်က UMFCCI တွင် ပြုလုပ်ခဲ့သည့် ဒုသမ္မတ(၁)ဦးမြင့်ဆွေနှင့် ပုဂ္ဂလိက ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ မြန် မာ့စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန် တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံမော် တော်ယာဉ် တင်သွင်းဖြန့်ဖြူးရောင်း ချရေးလုပ်ငန်းရှင်များ အသင်းမှ Double Cab များကို လုပ်ငန်းသုံး ယာဉ်အဖြစ် ကနဦးမှတ်ပုံတင်ခ ပေးဆောင်ခွင့်ပြုရန် တင်ပြခဲ့သည်။ ထိုတင်ပြချက်ကို ဒုသမ္မတမှ ကြီး ကော်တွင် ပြန်လည်ဆွေးနွေးပြီး ကြေညာပေးရန် ညွန်ကြားခဲ့ ကြောင်း သိရသည်။

“Double Cab တွေကို အ ကောက်ခွန်ဦးစီးဌာနကနေ WTO ရဲ့ နည်းလမ်းတွေအရ လုပ်ငန်း သုံးယာဉ်အဖြစ် သတ်မှတ်ပေးထား ပြီး အထူးကုန်စည်ခွန်လည်း ကင်းလွတ်ခွင့် ပေးထားပါတယ်၊ ဒါ ကြောင့် ဒီကားတွေကို ကညနအ နေနဲ့လည်း လုပ်ငန်းသုံးယာဉ် အဖြစ် သတ်မှတ်ပြီး ကနဦးမှတ်ပုံ တင်ခကို ၅ ရာခိုင်နှုန်းနဲ့ ခွင့်ပြုပေး ဖို့ တင်ပြခဲ့ပါတယ်၊ ဒါပေမဲ့ ကညန က ပြည်တွင်းထုတ်လုပ်မှုကို အကာအကွယ်ပေးတဲ့အနေနဲ့ လက်ရှိ အတိုင်းပဲ ခွင့်ပြုမယ်လို့ ဖြေကြား ခဲ့ပါတယ်၊ ဒါကြောင့် ဒုသမ္မတနဲ့ တွေ့ဆုံပွဲမှ Double Cab ကိစ္စကို တင်ပြခဲ့ပြီး ဒုသမ္မတကလည်း ကြီး ကော်မှာ ပြန်လည်ဆွေးနွေးပေးဖို့ ညွန်ကြားခဲ့ပါတယ်”ဟု MAMDA ကားအသင်းမှ အတွင်းရေးမှူး ဦးမျိုးဇင်ဝင်းက ပြောသည်။

အောက်တိုဘာ ၁ ရက်မှစ၍ အကောက်ခွန်ဦးစီးဌာနမှ Double Cab များကို WTO ၏ XS Code များအရ ကုန်တင်ယာဉ်အဖြစ် သတ်မှတ်ခဲ့ပြီး လူစီးယာဉ်အဖြစ် ကောက်ခံနေသည့် Custome Duty ၃ဝ/၄ဝ ရာခိုင်နှုန်းအစား လုပ်ငန်း သုံးယာဉ်များအတွက် သတ်မှတ် ထားသည့် အကောက်ခွန်နှုန်းထား ၁ဝ ရာခိုင်နှုန်းဖြင့် ပြောင်းလဲ ကောက်ခံခဲ့ကြောင်း သိရသည်။
ဆန်းသစ်ေအာင်

LEAVE A REPLY

Please enter your comment!
Please enter your name here