DFSK Myanmar မှ SUV ကား အမျိုးအစား သုံးမျိုးကို ပြည်တွင်းဈေးကွက်၌ စတင်ရောင်းချ

166

ဓာတ်ပုံ-DFSK Myanmar

ရန်ကုန်၊ နိုဝင်ဘာ ၂၄

DFSK Myanmar မှ SUVကားအမျိုးအစား သုံးမျိုးကို ပြည်တွင်းဈေးကွက်၌ စတင်ရောင်းချနေပြီ ဖြစ်ကြောင်း သိရသည်။

DFSK Myanmar မှ GLORY 580 PRO ၊ FENGONG ix5 ၊ GLORY 580 စသည့် ကားအမျိုးအစားသုံးမျိုးကို နိုဝင်ဘာ ၂၃ ရက်မှ စတင်မိတ်ဆက် ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။

GLORY 580 PRO သည် 1.5T အင်ဂျင်တွင် 6 Speed CVT Gearbox တပ်ဆင်ထားသော ခုနစ်ယောက်စီး Compact Crossover SUV ကားအမျိုးအစားဖြစ်ပြီး ၁၅ လက်မ Touch Screen ၊ Multi-Functional Steering Wheel ၊ Auto Hold & Electronic Parking Brake နှင့် 4 Airbags ၊ ABS ၊ TCS ၊ESP ၊ Cruise Control ၊ Hill Descend Control ၊ Auto Hold System စသည့် Safety Systemများလည်း ပါဝင်သည်။

ဓာတ်ပုံ-DFSK Myanmar

GLORY 580 သည် 1.5L Turbo အင်ဂျင်တွင် 6 AT, CVT Gearbox တပ်ဆင်ထားသော ခုနစ်ယောက်စီး SUV ကားအမျိုးအစားဖြစ်ပြီး ကိုးလက်မ Touch Screen ၊ EPB ၊ ABS ၊ EBA ၊TCS ၊ ESP ၊ Cruise Control စသည့် Safety System များလည်း ပါဝင်သည်။

FENGONG ix5 သည် 1.5TGDI အင်ဂျင်တွင် CVT(VT5) Gearbox တပ်ဆင်ထားသော ငါးယောက်စီး THE INTELLIGENT COUPE-TYPE SUV ကားအမျိုးအစားဖြစ်ပြီး 10 ဒသမ 25 in Central Control Display နှင့် 8 Airbag ၊ EBS ၊ ABS ၊ EBA ၊ TCS ၊ ESP၊ Cruise Control စသည့် Safety System များလည်း ပါဝင်သည်။

“DFSK Myanmar ကနေ ပထမဦးဆုံးဝယ်သူ ၁၀ ဦးအတွက် Lucky Draw Prizes တွေ စီစဉ်ထားပါတယ်၊ 7 Years Wrranty ၊ 1 Year Free Car Insurance ၊ 1 Year Free Road Side Assistance ၊ Iphone 12 ၊ 10 Lakhs Cashback ၊ 15 Lakhs Cashback တို့ဖြစ်ပါတယ်” ဟု DFSK Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓာတ်ပုံ-DFSK Myanmar

DFSK Myanmar မှ GLORY 580 PRO ကို ကျပ် ၃၅၅သိန်း +ဝင်ငွေခွန် (7 Years Wrranty)၊ FENGONG ix5 ကျပ် ၃၈၀ သိန်း+ဝင်ငွေခွန်(7 Years Wrranty) ၊ GLORY 580 ကို ကျပ် ၃၄၅သိန်း+ဝင်ငွေခွန်(5 Years Wrranty)ဖြင့် စတင်မိတ်ဆက် ရောင်းချပေးနေပြီ ဖြစ်သည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here