DFSK Myanmar မှ K01H ကို အထူးအစီအစဉ်ဖြင့် ရောင်းချမည်

149

 

ရန်ကုန်၊ ဇူလိုင်
DFSK Myanmar မှ K01H ကို အထူးအစီအစဉ်ဖြင့် ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

K01H သည် ၁ဝ၅ဝ စီစီ (EFI)ဓာတ်ဆီအင်ဂျင် 5-Speed Manual Gear အသုံးပြုထားသော Pick-Up ကားအမျိုးအစား ဖြစ် သည်။ Cargo အလျား ၇ ပေ ၆ လက်မ၊ အနံ ၄ ပေ ၉ လက်မ၊ ဝန်တင်နိုင်အား တစ်တန်၊ ဆီစားနှုန်း ၇ ဒသမ ၁ လီတာ/၁ဝဝ ကီလိုမီတာ၊ တစ်ခန်းခွဲ ကားအမျိုးအစား ဖြစ်သည်။

“DFSK Myanmar ကနေ Clearance အစီအစဉ်နဲ့ DFM အမှတ်တံဆိပ် Brand New ကားတွေကို ရောင်းချပေးနေပါတယ်၊ နောက်ပြီး မိုးရာသီပရိုမိုးရှင်းအစီအစဉ်အနေနဲ့ သြဂုတ်လအတွင်း K01H ကို ဝယ်ယူမယ်ဆိုရင် ကညန၊ ဝင်ငွေခွန် အပြီးအစီး ကျပ် ၉၅ သိန်းနဲ့ ရောင်းချပေးမှာဖြစ်သလို အဲဒီ ကားဝယ်ယူသူတွေအတွက် အမိုးကိုင်း၊ ခြေနင်း လက်ဆောင်တွေလည်း ပေးမှာပါ”ဟု DFSK Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

DFSK Myanmar မှ K01H ကို ကျပ် ၉၅ သိန်း(ကညန+ ဝင်ငွေခွန်)ဖြင့် ရောင်းချပေးနေပြီး ၂ နှစ်၊ သို့မဟုတ် ကီလိုမီတာခြောက်သောင်း အာမခံပေးထားကြောင်း သိရသည်။
ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here