DFSK Myanmar မှ DFM ကားအမျိုးအစားကိုးမျိုးကို Clearance Sales အစီအစဉ်ဖြင့် ရောင်းချ

299

 

ရန်ကုန်၊ ဇူလိုင် ၆
DFSK Myanmar မှ Clearance Sales အစီအစဉ်ဖြင့် DFM ကားအမျိုးအစား ကိုးမျိုးကို အထူး လျှော့စျေးများဖြင့် ရောင်းချလျက် ရှိကြောင်း သိရသည်။

DFM AX7 (၂ဝ၁၅) ကို ကျပ်သိန်း ၃၅ဝ + ၊ AX7 (၂ဝ၁၇) ကို ကျပ်သိန်း ၃၈ဝ + ၊ H30 Elegant ကို ကျပ်သိန်း ၁၆ဝ၊H30 Noble(Sunroof) ကို ကျပ် သိန်း ၁၇ဝ၊ S30 Elegant ကို ကျပ်သိန်း ၁၆ဝ၊S30 Noble (Sunroof) ကို ကျပ်သိန်း ၁၇ဝ၊ A30 Luxury/Noble ကို ကျပ် ၁၈၅ သိန်း၊ Oting ကို ကျပ်သိန်း ၂၇ဝ၊Rich 4WD ကို ကျပ်သိန်း ၁၅ဝ၊ Succe ကို ကျပ်သိန်း ၁၇ဝ၊U-Vane ကို ကျပ်သိန်း ၂၅ဝ၊ K01 Dry Box ကို ကျပ် ၉၄ သိန်း၊ Ko5 Delivery Van ကို ကျပ်သိန်းတစ်ရာဖြင့် ရောင်းချမည် ဖြစ်ပြီး သုံးလ၊ သို့မဟုတ် ကီလို မီတာတစ်သောင်း အာမခံပေးမည် ဖြစ်သည်။

AX7 သည် 2.0L Petrol Engine တပ်ဆင်ထားသော ငါး ယောက်စီး SUV ကားအမျိုးအစား ဖြစ်သည်။H30 Elegant သည် 1.6L Petrol Engine တပ်ဆင် ထားသော Hatchback ကားအ မျိုးအစား ဖြစ်သည်။S30 Elegant နှင့် A30 Luxury/Noble တို့သည် 1.6L Petrol Engine တပ်ဆင်ထားသော ငါး ယောက်စီး Sedan ကားအမျိုးအ စား ဖြစ်သည်။ Oting သည် 2.5L Diesel Engine တပ်ဆင်ထား သောငါးယောက်စီး Wagon ကားအမျိုးအစားဖြစ်သည်။ Rich 4WD သည် 3.0L Diesel Engine တပ် ဆင်ထားသော Pick-up ကား အမျိုးအစား ဖြစ်သည်။ Succe သည် 2.0L Petrol Engine ခုနစ် ယောက်စီး MPV ကားအမျိုးအစား ဖြစ်ပြီး U-Vane သည် 2.5L Die-sel Engine ၁၇ ယောက်စီး Bus အမျိုးအစား ဖြစ်သည်။ K01 Dry Box သည် 1.1L Petrol Engine တပ်ဆင်ထားသော Mini Box Truck ကားအမျိုးအစား ဖြစ် သည်။ Ko5(Delivery Van) သည် 1.5L Petrol Engine Delivery Van ကားအမျိုးအစား ဖြစ်ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here