ရန်ကုန်၊ ဇူလိုင်
DFSK Myanmar မှ K01 နှင့် Super Cab တို့ကို Monsoon Promotion ဖြင့် ရောင်းချမည် ဖြစ်ကြောင်း သိရသည်။
Monsoon Promotion ဖြင့် ရောင်းချပေးမည့် K01 နှင့် Super Cab တို့သည် လုပ်ငန်းသုံးကားအ မျိုးအစားများ ဖြစ်သည်။ K01 ကို1.1L ဓာတ်ဆီအင်ဂျင်နှင့် 1.3L ဒီဇယ်အင်ဂျင်ဟူ၍ ရွေးချယ်ဝယ်ယူ နိုင်ပြီး 5-Speed Manual Gear တပ်ဆင်ထားကာ Body Cargo အလျား ၇ ပေ ၆ လက်မ၊အနံ ၄ ပေ ၉ လက်မရှိသည့် တစ်တန်ကား အမျိုးအစား ဖြစ်သည်။Super Cab သည် 1300 CC Turbo Diesel Engine 5-Speed Manual Gear အသုံးပြုထားပြီး Body Cargo အလျား ၈ ပေ ၂ လက်မ၊ အနံ ၅ ပေ ၉ လက်မရှိကာ တစ် တန်ခွဲ ကားအမျိုးအစား ဖြစ်သည်။
“K01 နဲ့ Super Cab လုပ်ငန်းသုံး ကားတွေကို ဒီလထဲမှာ ဝယ်ယူမယ်ဆိုရင် အထူးလက် ဆောင်အနေနဲ့ အမိုးကိုင်း၊ ခြေနင်း တွေပါ ရရှိမှာဖြစ်ပါတယ်”ဟု DFSK Myanmar မှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။
DFSK Myanmar မှ ကညနနှင့် ဝင်ငွေခွန်အပြီးအစီးဖြင့် K01 (ဓာတ်ဆီ)ကို ကျပ် ၉၄ သိန်း၊ K01 (ဒီဇယ်)ကို ကျပ် ၁ဝ၅ သိန်း၊ နှင့် Super Cab ကို ကျပ်သိန်း ၁၇ဝ ဖြင့် ရောင်းချမည်ဖြစ်ပြီး ၂ နှစ်၊ သို့မဟုတ် ကီလိုမီတာ ခြောက်သောင်း အာမခံပေးမည် ဖြစ်သည်။
ဆန်းသစ်အောင်