Delivery Van များကို အုပ်စု ၄ ခု ခွဲခြားသတ်မှတ်ပြီး ထုတ်ပေးမည် လူစီးကားအုပ်စုဝင်ဖြစ်ပါက ကြီး ကော်၏ညွှန်ကြားချက်ရမှသာ ထုတ်ယူခွင့်ပြုမည်

708

 

ရန်ကုန်၊ဧပြီ

Delivery Van များကို အုပ်စု ၄ ခု ခွဲခြားသတ်မှတ်၍ ထုတ်ပေးမည် ဖြစ်ပြီး လူစီးကားအုပ်စုဝင်ဖြစ်ပါက ကြီးကော်၏ညွှန်ကြားချက်ရမှသာ ထုတ်ယူခွင့်ပြုမည်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

MIPL ၊ MITT နှင့် MIP ဆိပ်ကမ်းများတွင် Delivery Van အဖြစ် တင်သွင်းထားသည့်ကားအစီး ၄၆ဝ ကို ယာဉ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် မူလစက်ရုံထုတ်ပုံစံအတိုင်းကားများ၊ ကြီးကော်သတ်မှတ်ချက် အချက် ၄ ချက်နှင့် ကိုက်ညီစေရန် ပြုပြင်ထားသည့် ကားများ၊ Commercial Van များကို Delivery Van အဖြစ် ပြုပြင်ထားသည့်ကားများနှင့် လူစီးယာဉ်များကို Delivery Van အဖြစ်ပြုပြင်၍ တင်သွင်းထားသည့်ကားများစသဖြင့် အုပ်စု(၄)ခု ခွဲခြားသတ်မှတ်ခဲ့ကြောင်း သိရသည်။ အုပ်စု ၄ ခုထဲမှ လူစီးကားများကို Delivery Van အဖြစ် ပြောင်းလဲပြီး တင်သွင်းထားသည့် အစီး ၅ဝ ကို ကြီးကော်၏ညွှန်ကြားချက်ရယူပြီးမှသာ ထုတ်ယူခွင့်ပြုမည်ဖြစ်ပြီး ကျန်ကားများကိုမူ ယခုလအတွင်း ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

”ဆိပ်ကမ်းတွေမှာရှိနေတဲ့ Delivery Van အစီး ၄၆ဝ ကျော် ကို ယာဉ်စစ်ဆေးမှုပြုလုပ်ထားပြီး အုပ်စု ၄ ခု ခွဲခြားသတ်မှတ်ခဲ့ပါတယ်၊ မူလစက်ရုံထုတ် Delivery Van တွေ၊ စက်ရုံထုတ်ပုံစံဖြစ်အောင် အချက်၄ချက်နဲ့ ပြုပြင်ထားတဲ့ကားတွေကိုပဲ Delivery Van အဖြစ် ထုတ်ယူခွင့်ပြုမှာ ဖြစ်ပါတယ်၊ Commercial Van တွေကို တော့ 1/2 AV နဲ့ထုတ်ယူခွင့်ပေးမှာဖြစ်ပါတယ်။ လူစီးကားတွေကို Delivery Van အဖြစ်ပြောင်းလဲထားတဲ့ကားတွေကိုတော့ ကြီးကော်ရဲ့ ညွှန်ကြားချက်ရမှထုတ်ယူခွင့်ပြုပေးမှာဖြစ်ပါတယ်”ဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

Delivery Van အဖြစ်တင် သွင်းထားသည့် ကားအစီး ၅ဝ ကျော်စီစစ်တွေ့ရှိထားပြီး ကြီးကော် ၏ညွှန်ကြားချက်အတိုင်း ထုတ်ယူခွင့်ပြုရန် ဆောင်ရွက်နေကြောင်း သိရသည်။ မူလစက်ရုံထုတ်ပုံစံနှင့် ကိုက်ညီအောင် Delivery Van အချက် ၄ ချက်ဖြင့် ပြုပြင်ထားသော Delivery Van နှင့် Commercial Van များကိုလည်း ဧပြီလအတွင်း အခွန်စည်းကြပ် ထုတ်ယူခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here