Delivery နဲ့ Online Shopping လုပ်ကိုင်သူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Adixin Miniclove ဆိုင်ကယ်

265
????????????????????????????????????

မြန်မာနိုင်ငံဈေးကွက်ထဲကို ဝင်ရောက်နေတဲ့ ဆိုင်ကယ်တွေထဲမှာ ပုံစံ ဆန်းဆန်းပြားပြားနဲ့ မရိုးရအောင် ဒီဇိုင်းဆန်းသစ်ပြီး ထုတ်လုပ်နေတဲ့ ဆိုင်ကယ်အမှတ်တံဆိပ်ကို ညွန်းပါဆိုရင် တရုတ်အမှတ်တံဆိပ်တွေကိုပဲ ရည်ညွန်းရပါလိမ့်မယ်။ အဲဒီထဲမှာ ခေတ်နဲ့အညီ အမီလိုက်ပြီး အရည်အသွေး ကောင်းအောင် ထုတ်လုပ်နေတာကတော့ တရုတ်နိုင်ငံထုတ် Adixin ပဲ ဖြစ်ပါတယ်။ Adixin ဟာ မန္တလေးမြို့မှာ အရောင်းပြခန်း အများဆုံးဖွင့် လှစ်ထားတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်သလို ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်း Delivery နဲ့ Online Shopping လုပ်ကိုင်သူတွေအတွက် ရည်ရွယ်ပြီး Adixin Miniclove ဆိုတဲ့ ဆိုင်ကယ်အမျိုးအစားကို ထုတ်လုပ်ထားတာ ကြောင့် ဒီတစ်ပတ်ဆိုင်ကယ်ချစ်သူတွေအတွက် မိတ်ဆက်လိုက်ပါတယ်။
Adixin Miniclove ဆိုင်ကယ်အမျိုးအစားကို ရုတ်တရက်ကြည့်လိုက် ရင် ဘက်ထရီဆိုင်ကယ်တွေလို သေးသေးသွယ်သွယ်နဲ့ တွေ့ရမှာဖြစ်ပြီး အမှန်ကတော့ ဓာတ်ဆီသုံး အင်ဂျင်ပါဝါ 90 CC ၊ Auto Gear နဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ Delivery လုပ်ငန်းနဲ့ Online Shopping လုပ်ကိုင်သူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာကြောင့် အဲဒီဆိုင် ကယ်ရဲ့ နောက်ထိုင်ခုံအပေါ်မှာ အစားအသောက်တွေကို အဆင့်ဆင့်ထည့် လို့ရမယ့် ပလတ်စတစ်ပုံးတစ်ပုံး တင်ဆောင်ပေးထားပါတယ်။ အဲဒီ ပလတ်စတစ်ပုံးကို လုပ်ငန်းလုပ်ကိုင်ချိန်မှာ နောက်ထိုင်ခုံနဲ့အတူ ခိုင်ခံ့စွာ ချည်နှောင်ထားနိုင်သလို မလိုအပ်တဲ့အချိန်မှာ အလွယ်တကူဖြုတ်ချထား လို့ရတယ်လို့ သိရပါတယ်။
ဒီဆိုင်ကယ်နဲ့ သွားလာအလုပ်လုပ်ကိုင်နေရင်း ဖုန်းအားနည်းနေတဲ့ အချိန်မျိုးမှာ အလွယ်တကူ အားသွင်းနိုင်အောင် USB ပေါက်လည်း ထည့်သွင်းပေးထားသလို ခေတ်နဲ့အညီ အင်ဂျင် Stop ခလုတ်ပါ ထည့် သွင်းပေးထားပါတယ်။ ဒိုင်ခွက်ကို သမားရိုးကျ ရိုးရိုးဒိုင်ခွက်၊ ရှေ့မီးကို သမားရိုးကျ မီးအဝါရောင်သုံးထားပေမဲ့ အချက်ပြဘေးမီးတွေမှာ LED မီးအဝါ အသုံးပြုထားသလို Delivery သုံး ဆိုင်ကယ်ဖြစ်တာကြောင့် ဆိုင်ကယ်ရင်အုပ်ရှေ့မှာ ခြင်းတောင်းလေးပါ တပ်ဆင်ပေးထားပါတယ်။
အင်ဂျင်ပါဝါ ခပ်သေးသေးနဲ့ ထုတ်လုပ်ပေးထားတာကြောင့် ဆီစား သက်သာစေမယ့်အပြင် ရှေ့/နောက်ဘီးတွေကိုလည်း Tubeless နဲ့ ထုတ် လုပ်ပေးထားတာကြောင့် လမ်းခရီးသွားရင်း ဆိုင်ကယ်ဘီးပေါက်တဲ့ ဒုက္ခ မျိုးအတွက် စိုးရိမ်စရာမရှိဘူးလို့ Adixin ကုမ္ပဏီက ဆိုပါတယ်။ Delivery လုပ်ငန်းလုပ်ကိုင်သူတွေအပြင် ၁ဝ ကျော်သက်ကလေးအရွယ်တွေပါ ပေါ့ပေါ့ ပါးပါး မောင်းနှင်နိုင်အောင်လို့ ရှေ့/နောက်ဘရိတ်တွေကို ံကဘ ဘရိတ်တွေ အသုံးပြုပေးထားပါတယ်။
Adxin Miniclove ဆိုင်ကယ်အမျိုးအစားကို လိမ္မာရောင်၊ အနက်ရောင်၊ အဖြူရောင်၊ အနီရောင်တွေအပါအဝင် အရောင်ခြောက်ရောင်နဲ့ ထုတ်လုပ်ပေးထားပါတယ်။

ကျော်​ကျော်​အောင်(က​လေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here