Deadpool 2 ဇာတ်ကားတွင် ပထမဦးဆုံးအကြိမ်ပါဝင်သူ  စတန့်ပညာရှင်အမျိုးသမီး ရိုက်ကွင်းတွင် ဆိုင်ကယ်မတော်တဆမှုဖြင့် သေဆုံး

616

Deadpool 2 ရုပ်ရှင်ဇာတ်ကား၌ ဆိုင်ကယ်စတန့် ပညာရှင်အဖြစ် ပထမဆုံးအကြိမ် ပါဝင်သရုပ်ဆောင်ခဲ့သည့် နယူးယော့ခ်မြို့မှ အမျိုးသမီး ပရော်ဖက်ရှင်နယ် မော်တော်ဆိုင်ကယ်သမား တစ်ဦး ရိုက်ကွင်းတွင် မတော်တဆ ဖြစ်ကာ သေဆုံးသွားခဲ့ကြောင်း သြဂုတ် ၁၅ ရက်တွင် Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

 

Joi ‘SJ’ Harris အမည်ရှိ စတန့်ပညာရှင် အမျိုးသမီးသည် ကနေဒါနိုင်ငံ၊ Vancouver မြို့တွင် သြဂုတ် ၁၄ ရက်၊ နံနက်အစောပိုင်းက ဆိုင်ကယ်စတန့်စီးသည့် ရုပ်ရှင်ဇာတ်ဝင်ခန်းရိုက်ကူးနေစဉျ ဆိုင်ကယ် အရှိန်မထိန်းနိုင်ဘဲ Shaw တာဝါ၏ မှန်ဆင်ဝင်ဆောင်ကို ဝင်တိုက်မိကာ သေဆုံးခဲ့ရခြင်းဖြစ်သည်။ ပရော်ဖက်ရှင်နယ် ဆိုင်ကယ် သမားအဖြစ် လိုင်စင်ရရှိခဲ့သည့် ပထမဦးဆုံး အာဖရိကန်-အမေရိကန် အမျိုးသမီးဖြစ်သူ Harris အတွက် ယင်းဇာတ်ကားမှာ ပထမဦးဆုံး စတန့်မယ်အဖြစ် ပါဝင်သရုပ်ဆောင်သည့် ဇာတ်ကား ဖြစ်သည်။  မတော်တဆမှု ဖြစ်ဖြစ်ချင်း ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ ရောက်ရှိလာကာ Harris ကို အပျက်အစီးများ ကြားမှ ဆွဲထုတ်၍ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း ဒဏ်ရာ ပြင်းထန်လွန်းသည့်အတွက် အသက်မမီခဲ့ပေ။ Harris သေဆုံးကြောင်း Vancouver ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်စဉျနှင့်ပတ်သက်၍ စုံစမ်းစစ် ဆေးလျက်ရှိသည်။ Harris စီးနင်းလာသည့် Ducati မော်တော် ဆိုင်ကယ်မှာ လမ်းကို ဖြတ်ကာ လေပေါ်မြောက်တက်သွားခဲ့ပြီးမှ ရုပ်ရှင်ဇာတ်ဝင်ခန်း ပြကွက်များကဲ့သို့ အဆောက်အအုံကို အရှိန်ပြင်းစွာ ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောသည်။ ယင်းပြကွက် အတွက် Harris သည် ပထမ လေးကြိမ်စီးနင်းမှုတွင် စတန့်ပြကွက်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သော်လည်း ခန့်မှန်းအမြန်နှုန်း တစ်နာရီ ၃၅ မိုင်နှုန်းခန့်ရှိသည့် ငါးကြိမ် မြောက်တွင်မူ အရှိန် လုံးဝ မထိန်းနိုင်ဘဲ ယခုကဲ့သို့ ဖြစ် ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

အခြားသူများ ထိခိုက်မှု မရှိခဲ့သည့် ယင်းမတော်တဆမှုဖြစ်ပြီးနောက် ရိုက်ကွင်းဖျက် သိမ်းခဲ့ရပြီး တာဝန်ရှိသူများက လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။ Deadpool 2 ဇာတ်ကားတွင် မင်းသမီး Zazie Beetz ၏ ဇာတ်ကောင်နေရာအတွက် စတန့်ပြကွက်များဖြင့် အစားထိုး သရုပ်ဆောင်ပေးသူ Harris သေဆုံးမှုကြောင့် နာမည်ကျော် ကနေဒါလူမျိုး ခေါင်းဆောင်မင်းသား Ryan Reynolds အပါအဝင် Deadpool 2 ရုပ်ရှင်အဖွဲ့သားများက မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြခဲ့ကြသည်။

Ref: Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here