Dallas ဆေးရုံသို့ Face Shield ငါးထောင် လှူဒါန်းမည့် Honda

70

 

ဂျပန်ထိပ်တန်းကားကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Honda သည်အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ဒဏ် အကြီးအကျယ်ခံစားနေရသော အမေရိကန်ပြည်ထောင်စုကို တစ်ထောင့်တစ်နေရာမှ အကူအညီပေးသည့်အနေဖြင့် တက္ကဆက်စ်ပြည်နယ်မြောက်ပိုင်းရှိ Dallas ဆေးရုံသို့ Face Shield ငါးထောင် လှူဒါန်းသွားမည်ဟု nbc သတင်းဌာနမှ မေ ၂၁ ရက်တွင် ဖော်ပြသည်။

အမေရိကန်ပြည်ထောင်စုသည် တရုတ်ပြီးလျှင် ဂျပန်ကားကုမ္ပဏီများအတွက် ဒုတိယအကြီးမားဆုံးဈေးကွက်ဖြစ်ပြီး နှစ်စဉ်နီးပါး ဝယ်လိုအား မြင့်တက်နေသည့် ဈေးကွက်ကြီးဖြစ်သည်။ ထို့ကြောင့် အမေရိကန်ပြည်သူများ စိုးရိမ်ကြောင့်ကြမှုဖြင့် ရင်ဆိုင်နေရချိန် တစ်ဖက်တစ်လမ်းမှ ကူညီပေးသည့်အနေဖြင့် အမေရိကတိုက်တွင်တည်ထောင်ထားသည့် Honda စက်ရုံများမှ ကျန်းမာရေးဝန်ထမ်းများအတွက် မရှိမဖြစ်လိုအပ်သည့် Face Shield များ ထုတ်လုပ်ကာ အမေရိကန်တစ်နိုင်ငံလုံးရှိ ဆေးရုံများသို့ ခွဲဝေလှူဒါန်းနေခြင်း ဖြစ်သည်။

ဧပြီလ ဒုတိယပတ်ကလည်း Honda သည် အလာဘားမားပြည်နယ်ရှိ ဆေးရုံများသို့ Face Shield အရေအတွက် ထောင်နှင့်ချီ လှူ ဒါန်းခဲ့သည်။ အဆိုပါ Face Shield များကို အိုဟိုင်းယိုးပြည်နယ်တွင်ရှိသည့် စက်ရုံမှ ထုတ်လုပ်ခြင်းဖြစ်ပြီး အမေရိကန်တစ်နိုင်ငံလုံးရှိ ဆေးရုံများသို့ ခွဲဝေ လှူဒါန်းပေးနေခြင်း ဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ Dallas မြို့လယ်မှ Baylor Medical Center သို့ Face Shield အခုရေ ငါးထောင် လှူဒါန်းသွားမည်ဟု တက္ကဆက်စ်ပြည်နယ်မြောက်ပိုင်း Honda ကားရောင်းဝယ်သူများအစည်းအရုံး၏ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ Devin Ellis ဟု ဆိုသည်။

“ကျွန်တော်တို့အနေနဲ့ COVID-19 တိုက်ဖျက်ရေးအတွက် ရှေ့တန်းကနေဦးဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အကူအညီတွေ ဒီထက်ပိုပေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တစ်တွေဟာ ကျွန်တော်တို့ကိုရောဂါပိုးကူးစက်ခံရခြင်းကနေ ကာကွယ်နိုင်ဖို့အတွက်အံ့အားသင့်စရာအလုပ်ကို လုပ်ဆောင်နေသူတွေဖြစ်နေလို့ပါပဲ၊ ကျွန်တော်တို့က သူတို့လိုအပ်နေတဲ့ အသုံးအဆောင်တွေကို ထုတ်လုပ်ပေးနိုင်စွမ်းရှိတယ်၊ တခြားနည်းလမ်းတစ်ခုနဲ့ ရှေ့တန်းကဝန်ထမ်းတွေကို ကူညီပေးရာရောက်အောင် ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေကို ထုတ်လုပ်ပေးနေတာဖြစ်ပါတယ်” ဟု Devin Ellis က ပြောသည်။

မေ ၂၁ ရက်အထိ အမေရိကန်ပြည်ထောင်စုတွင် COVID-19 ကြောင့် သေဆုံးသူအရေအတွက်မှာ ၉၅,၀၁၆ ဦးအထိရှိနေပြီး တက္ကဆက်စ်ပြည်နယ်တွင် ရောဂါပိုးကူးစက်ခံရသူ ၅၁,၆၅၁ ဦးရှိသည့်အနက် ၁,၄၂၃ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။

Ref: nbc news

LEAVE A REPLY

Please enter your comment!
Please enter your name here