Daimler အင်ဂျင်နီယာဟောင်းကို Commercial Vehicle အကြီးအကဲအဖြစ် Hyundai ခန့်အပ်

155

 

တောင်ကိုရီးယားနိုင်ငံ၏ အကြီး ဆုံး ကားကုမ္ပဏီ Hyundai Motor Group သည် ဂျာမန်ကားကုမ္ပဏီ Daimler AG တွင် Head Engineer အဖြစ် ကာလရှည် တာဝန် ထမ်းဆောင်လာသော Martin Zeilinger ကို လုပ်ငန်းသုံးကားကြီး များ၏ အကြီးအကဲအဖြစ် ခန့်အပ် လိုက်ကြောင်း Korea Herald သတင်းစာက ဇွန် ၃ဝ ရက်တွင် ဖော်ပြသည်။

Zeilinger သည် ၁၉၈၇ ခုနှစ်မှစကာ Daimler AG လက် အောက်ခံ Mercedes-Benz တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ထရပ်ကား၊ ဘတ်စ်ကား အင်ဂျင်နီယာ ပိုင်း အထူးကျွမ်းကျင်သူ ဖြစ်သလို Electric powertrain စမ်းသပ်မှု များ လုပ်ဆောင်ရာတွင်လည်း သေ သပ်သူဖြစ်သည်။ ၎င်းသည် Hyundai Motor ၊ Kia Motor များ၏ Commercial Vehicle ပိုင်းဆိုင်ရာ အကြီးအကဲအဖြစ် တာဝန်ထမ်း ဆောင်ရမည်ဖြစ်ပြီး အနာဂတ် နည်းပညာပိုင်းများနှင့်ပတ်သက်၍ အကူအညီပေးရမည် ဖြစ်သည်။

Hyundai သည် ကားအင် ဂျင်နီယာပိုင်းတွင် အထူးကျွမ်းကျင်သူ Zeilinger ကို အမှုဆောင် ဒုတိယဥက္ကဋ္ဌအဖြစ်ပါ ခန့်အပ်ခဲ့ ခြင်းဖြစ်သလို သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုမဖြစ်စေမည့် အနာဂတ် လုပ်ငန်းသုံးကားများ ထွက်ပေါ်လာ စေရန် ဦးဆောင်ရမည် ဖြစ်ရာ အ ထူးသဖြင့် ဟိုက်ဒရိုဂျင်စွမ်းအင်သုံး လျှပ်စစ်ဘတ်စ်ကားနှင့် ထရပ်ကား များအတွက် နည်းပညာအကူအညီ ပေးရမည်ဖြစ်သည်။
Ref: Korea Herald

LEAVE A REPLY

Please enter your comment!
Please enter your name here