CPM က Mask Campaign ပြုလုပ်

45

 

မန္တလေး၊ နိုဝင်ဘာ ၂၂

CPM မော်တော်ဆိုင်ကယ်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော CP Motor Myanmar က ယခု Covid-19 ဒုတိယလှိုင်းကာလအတွင်း မည်သည့်ဆိုင်ကယ်နှင့်မဆို Mask တပ်၊ Selfie ဓာတ်ပုံရိုက်၍ ဘာကြောင့်သွားလာရနေသည်ကို Comment တွင် ရေးပေးရုံဖြင့် ငွေသား ကျပ်တစ်သိန်းအများဆုံးနှင့် အမှတ်တရလက်ဆောင်များရရှိမည့် Campaign ကို ပြုလုပ်ပေးနေကြောင်း ယင်းကုမ္ပဏီမှ သိရသည်။

“အဓိကကတော့ Covid-19 ကြောင့် အများစုက Stay at Home နေကြရတယ်၊ အဲဒီလိုနေနေတဲ့ကာလအတွင်းမှာ သူတို့အတွက် စိတ်ပျော်ရွှင်အောင်လို့ Campaign လေးတစ်ခုလုပ်ပေးတာပါ၊ ကျန်တဲ့အချိန်တွေဆို နေ့စဉ် လှုပ်ရှားရုန်းကန်နေကြရတော့ ဒီကာလလေးမှာ ပြိုင်ပွဲဝင်ရင်း ပျော်ရတယ်ဆိုရင်ကို ကျေနပ်ပါတယ်” ဟု CP Motor Myanmar ကုမ္ပဏီမှ Marketing Supervisor ကိုဖြိုးမင်းသူက ပြောသည်။

ပြိုင်ပွဲဝင်လိုသူများအနေဖြင့် Selfie ပုံရိုက်သည့်အခါ Mask တပ်ထားရမည်ဖြစ်ကာ CPM Page ၏ Mask Campaign Video ပို့စ်အောက်တွင် Comment ရေးသားသောသူများသာ အကျုံးဝင်မည်ဖြစ်ပြီး Campaign ပို့စ်ကိုလည်း Public ဖြင့် Share ၍ Page ကိုလည်း See First လုပ်ထားရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်များကို နိုဝင်ဘာ ၂၄ ရက်အထိ လက်ခံပေးထားပြီး ပြိုင်ပွဲဝင်များထဲမှ ၃၃ ဦးကို စိစစ်ရွေးချယ်၍ CPM Page ၌ ပို့စ်တင်ပေးသွားမည်ဖြစ်ကြောင်း၊ Like Reaction အများဆုံးရရှိသူ သုံးဦးကို ပထမ၊ ဒုတိယ၊ တတိယ ရွေးချယ်၍ ကျန် သုံးဆယ်ဦးကို နှစ်သိမ့်ဆုအဖြစ် ရွေးချယ်သွားမည်ဖြစ်ကြောင်း CP Motor Myanmar ကုမ္ပဏီမှ ထပ်မံသိရသည်။

“ဒီ Campaign မှာ ပါဝင်ဆင်နွှဲတဲ့သူတွေထဲကမှ ဆန်ခါတင် ၃၃ ယောက်ရဲ့ Comment တွေကို ရွေးချယ်ပေးမယ်၊ ပြီးရင် Page မှာ ပို့စ်တင်ပေးမယ်၊ အဲဒီလိုပို့စ်တင်တဲ့အခါ Like Reaction အများဆုံးရရှိသူကို ပထမ၊ ဒုတိယ၊ တတိယ ရွေးချယ်ပေးပြီးတော့ ကျန်တဲ့သူတွေကို နှစ်သိမ့်ဆု ရွေးချယ်သွားမှာပါ” ဟု ယင်းကုမ္ပဏီမှ Marketing Supervisor ကိုဖြိုးမင်းသူက ထပ်မံဆိုသည်။

အဆိုပါ Mask Campaign တွင် ပထမဆုရရှိသူကို ငွေသား ကျပ်တစ်သိန်း၊ T-Shirt ၊ Jacket နှင့် Covid-19 Protective Kit တစ်စုံ၊ ဒုတိယဆုရရှိသူကို ငွေသားကျပ် ငါးသောင်း၊ T-Shirt ၊ Jacket နှင့် Covid-19 Protective Kit တစ်စုံ၊ တတိယဆုအနေနှင့် ငွေသားကျပ် သုံးသောင်း၊ T-Shirt ၊ Jacket နှင့် Covid-19 Protective Kit တစ်စုံတို့ ပေးအပ်သွားမည်ဖြစ်ပြီး နှစ်သိမ့်ဆုရရှိသူများကို T-Shirt တစ်ထည်နှင့် CPM တံဆိပ်ပါဝင်သည့် Cotton Mask နှစ်ခု၊ Face Shield နှစ်ခု၊ Hand Gel တစ်ဘူးစီပါဝင်သော Covid-19 Protective Kit တစ်စုံတို့ ပေးအပ်သွားမည်ဖြစ်ကြောင်း CPM က ထုတ်ပြန်ထားသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here