CP Myanmar မှ ပထမဦးဆုံးအကြိမ် CSR Activity ပြုလုပ်

494

မန္တလေး၊ မေ

မြန်မာပြည်စျေးကွက်အတွင်း မကြာမီ စတင်ဖြန့်ချိတော့မည့် ထိုင်းနိုင်ငံလုပ်အမှတ်တံဆိပ်တစ်ခု ဖြစ်သည့် CP Myanmar မှ ပထမဆုံးအကြိမ် CSR Activity အဖြစ် မေလ စတုတ္ထပတ်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဘုန်းတော်တိုးရပ်ကွက်ရှိ အလယ်တန်းကျောင်းခွဲ (အလက-၁၇)တွင် ကလေးကစားကွင်းများ ဆောက်လုပ်ပေးခြင်း၊ သက်ကြီးရွယ်အိုများ ကန်တော့လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

”CP Group က မြန်မာနိုင်ငံကို ဝင်ရောက်လာတာ နှစ် နှစ်ဆယ် ရှိပါပြီ၊ မြန်မာနိုင်ငံမှာရော တခြားနိုင်ငံတွေမှာပါ CP Group က လူတွေရဲ့ အတွေးအခေါ်တွေ တိုးတက်လာဖို့၊ နိုင်ငံနဲ့ လူ့အဖွဲ့ အစည်းတွေ တိုးတက်လာဖို့နဲ့ ကိုယ့်ရဲ့ Partner ဝန်ထမ်းတွေ၊ Customer တွေ အကျိုးစီးပွားတိုးတက်လာဖို့ဆိုပြီး လုပ်ဆောင်ပေးပါတယ်၊ အဲဒီမှာ အခုလို CSR Project တွေကပါ တစ်ခုအပါအဝင် ဖြစ်လာတယ်၊ ဒါကြောင့် အခု ဒီရက်ပိုင်းမှာပဲ မန္တလေးတောင်ခြေ အရှေ့ဘက်နားက အလက(၁၇)မှာ ကလေးကစားကွင်း ပြုလုပ်လှူဒါန်းတာ၊ ဆင်းရဲနွမ်းပါးတဲ့ သက်ကြီးရွယ်အို ရှစ်ဦးကို ဆန်၊ ဆီ၊ ဆားနဲ့ လိုအပ်တဲ့ အထောက်အကူပြုပစ္စည်း လှူဒါန်းတာတွေ ပြုလုပ်ခဲ့ပါတယ်” ဟု ‘CP Myanmar ကုမ္ပဏီ’ မန်နေဂျင်းဒါရိုက်တာ Mr.Charas က ပြောသည်။

CP Myanmar အမည်ဖြင့် ထိုင်းနိုင်ငံထုတ် Manual Gear အသုံးပြု ဆိုင်ကယ်များကို CP Group မှ ပြည်တွင်းစျေးကွက်အတွင်း မကြာမီ တင်သွင်းဖြန့်ချိတော့မည်ဖြစ်ပြီး CP Myanmar ဆိုင်ကယ်များ ဖြန့်ဖြူးပြီးပါကလည်း Customer များနှင့်ပူးပေါင်း၍ CSR Activity ကို တစ်လတစ်ကြိမ်၊ သို့မဟုတ် နှစ်လတစ်ကြိမ်ခန့် ပြုလုပ်နိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။

ကျော်ကျော်အောင် (ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here