Covid-19 အလွန်ကာလ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ခရီးသွားမြှင့်တင်ရေးအတွက် Digital Marketing Project ၁၂ ခု လုပ်ဆောင်မည်

127

 

မန္တလေး၊ အောက်တိုဘာ ၂၆

Covid-19 အလွန်ကာလ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ခရီးသွားမြှင့်တင်ရေးအတွက် Digital Marketing Project ၁၂ ခု လုပ်ဆောင်မည်ဖြစ်သဖြင့် အဆိုပါ Project ၁၂ ခု ပါဝင်သော လုပ်ငန်းအလိုက် တင်ဒါများနှင့် EOI များကို စတင်ခေါ်ယူနေပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင်လည်း ပြည်တွင်း ဒေသတွင်းနှင့် နိုင်ငံတကာခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသနှင့် ခရီးသွားဆွဲဆောင်မှုဆိုင်ရာ အကြောင်းအရာများကို Website များ၊ Online Channel များမှတစ်ဆင့် Digital Marketing နည်းလမ်းများဖြင့် မြှင့်တင်ကြော်ငြာပေးလျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်မှုများတွင် လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်မှုရှိစေရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသုံးစရိတ်များ ခေါင်းစဉ်ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံ ခရီးသွားမြှင့်တင်ရေးဆိုင်ရာ ဗီဒီယိုများ (4K and HDR Quality Video များ၊ 360 * Video များ) စုစည်းရိုက်ကူးခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကာ စိတ်ပါဝင်စားသော ကုမ္ပဏီ၊ လုပ်ငန်းရှင်များအနေဖြင့် EOI Form ကို httpsး//bit.ly/2Tbd8V9 တွင် Download ရယူ၍ လျှောက်ထားနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ထပ်မံသိရသည်။ ထို့ပြင် စိတ်ပါဝင်စားသော လုပ်ငန်းများအနေဖြင့် နေပြည်တော်၊ ရုံးအမှတ် (၃၃)၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ခရီးသွားမြှင့်တင်ရေးဌာနခွဲ (Digital Marketing) သို့ info@tourism.gov.mm , media@tourism.gov.mm မှတစ်ဆင့် အဆိုပြုလွှာတင်သွင်းနိုင်ကြောင်း အဆိုပါဝန်ကြီးဌာန၏ တာဝန်ရှိသူများက ပြောဆိုသည်။

လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်တွင်းခရီးသွားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် Google Marketing နှင့် Social Media Marketing တို့အတွက် သင့်လျော်သော ခရီးသွားဈေးကွက်ရွေးချယ်၍ Marketing Campaign များ ဆောင်ရွက်ခြင်း၊ Travel Influencers များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ၃၆၀ ဒီဂရီ ဗီဒီယိုနှင့် ဓာတ်ပုံများ စုစည်းဝယ်ယူခြင်းနှင့် Interactive Mobile Application Version Upgrade ပြုလုပ်ခြင်း လုပ်ငန်းတို့ကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဈေးကွက် မြှင့်တင်ရေးအသင်း (MTM) နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်ကလည်း ပြောဆိုထားသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ပြည်တွင်း၊ ပြည်ပ ခရီးသွား အများ‌ဆုံး လာရောက်ရာ ဦးပိန်တံတားအား Covid-19 မဖြစ်ပွားစဉ်အချိန်က တွေ့ရစဉ်။

LEAVE A REPLY

Please enter your comment!
Please enter your name here