Covid-19 ရောဂါပိုးတွေ့ရှိသူ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား တစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်း ထောက်ပံ့လှူဒါန်းပေးနေ

180

 

မန္တလေး၊ နိုဝင်ဘာ ၂၁

ယခု Covid-19 ဒုတိယလှိုင်းကာလအတွင်း Covid-19 ရောဂါပိုးတွေ့ရှိသူ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား တစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်း ထောက်ပံ့လှူဒါန်းပေးနေကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

“Covid-19 ပိုးတွေတဲ့လူနာက လိုအပ်တဲ့အချက်အလက်တွေကို Viber ကနေ ပေးပို့ပေးတယ်ဆိုရင် သေချာစိစစ်ပြီးတာနဲ့ တစ်ဦးကို ကျပ်တစ်သိန်းနှုန်း ထောက်ပံ့ပေးနေတာပါ၊ အဓိကကတော့ အလှူရှင်တွေရဲ့ ဝိုင်းဝန်းပံ့ပိုးမှုတွေကြောင့် ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို ပြန်လည်ထောက်ပံ့နိုင်တာ” ဟု အဆိုပါအသင်း ဥက္ကဌ ဦးကျော်သူရက ပြောကြားသည်။

Covid-19 ပိုးတွေ့ရှိသည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များသည် ဆေးရုံဆင်းသည်နှင့် ဆေးရုံဆင်းလက်မှတ်ဓာတ်ပုံ၊ ပိုးတွေ့အတည်ပြုအဖြေထွက်စဉ် မောင်းနှင်ခဲ့သော ကားနံပါတ်၊ ကားလိုင်စင် (ရှေ့နောက်) ဓာတ်ပုံ၊ ကားလုပ်ငန်းလိုင်စင်ဓာတ်ပုံ၊ ယာဉ်မောင်း (သို့) ယာဉ်နောက်လိုက်၏ ယာဉ်မောင်းလိုင်စင်ဓာတ်ပုံ (ရှေ့၊နောက်)၊ မိမိနေထိုင်ရာ ရပ်ကွက် (သို့) ကျေးရွာ အုပ်ချုပ်ရေးမှူးထောက်ခံစာ၊ ပိုးတွေ့အတည်ပြု အဖြေထွက်စဉ် စစ်ဆေးခဲ့သောနေရာ စသည်တို့ကို ဖုန်းနံပါတ် 09-2043775, 09-5173978 , 09-2006328 တို့သို့ Viber မှတစ်ဆင့် ဆက်သွယ်ပေးပို့၍ ထောက်ပံ့ငွေ ကျပ်တစ်သိန်းကို ရယူနိုင်ကြောင်း အဆိုပါအသင်းမှ ထပ်မံသိရသည်။

“လွယ်လွယ်ကူကူလျှောက်ထားနိုင်အောင်လို့ Viber ဖုန်းနံပါတ်တွေ စီစဉ်ပေးထားပါတယ်၊ အချက်အလက်တွေ မှန်ကန်ပြည့်စုံတယ်ဆိုရင် ထောက်ပံ့ငွေအမြန်ဆုံးလွှဲပေးတယ်” ဟု အဆိုပါအသင်း ဥက္ကဌ ဦးကျော်သူရက ထပ်မံဆိုသည်။

Covid-19 ပိုးတွေ့သော ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ထောက်ပံ့နိုင်ရန် Triangle Tyre, Sailun Tyre, TC Used Clothing နှင့် ကုန်စည်ပို့ဆောင်ရေးအသင်းများ၊ အလှူရှင်များက ဝိုင်းဝန်းလှူဒါန်းပေးထားကာ အဆိုပါငွေများဖြင့် ‘ပိုလျှင်လှူ မပိုလျှင်ဝေမျှ’ အစီအစဉ်ဖြင့် ပြန်လည်ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များထံမှ သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)
မန္တလေးမြို့ ပြည်ကြီးမင်္ဂလာ ကုန်တင်ယာဉ်ရပ်နားစခန်းအတွင်း ကုန်တင်ယာဉ်အချို့ကို Covid-19 မတိုင်မီကာလက တွေ့ရစဉ်။

LEAVE A REPLY

Please enter your comment!
Please enter your name here