Covid-19 ရောဂါကူးစက်မှု အခြေအနေအပေါ်မူတည်ပြီး City Taxi လုပ်ငန်းများ ပြန်လည်စတင်မည်

115

 

ရန်ကုန်၊ သြဂုတ် ၂၅
City Taxi လုပ်ငန်းများကို စက်တင်ဘာလတွင် ပြန်လည်စတင်နိုင်ရန် အစီအစဉ်များ ပြုလုပ်ထား သော်လည်း Covid-19 ရောဂါ ပြည်တွင်းကူးစက်မှုများ ဖြစ်ပေါ် နေသည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန် ချက်များအပေါ်မူတည်ပြီး လုပ်ငန်း များ စတင်နိုင်ရန် စီစဉ်မည်ဖြစ် ကြောင်း YRTA မှ စုံစမ်းသိရသည်၊

City Taxi လုပ်ငန်းများကို Covid-19 ကူးစက်ရောဂါ မြန်မာ နိုင်ငံတွင် စတင်တွေ့ရှိခဲ့သည့် မတ်လမှ စတင်ရပ်နားထားခဲ့ရခြင်း ဖြစ်ကြောင်းသိရှိရသည်။ စက်တင် ဘာလအတွင်း လုပ်ငန်းများ ပြန် လည် စတင်နိုင်ရန် YRTA မှ စီ စဉ်ထားသော်လည်း Covid-19 ရောဂါပြည်တွင်းကူးစက်မှုများ ပြန် လည် တွေ့ရှိခဲ့ရသည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အပေါ်မူတည် ပြီး လုပ်ငန်းစတင်နိုင်ရန် စီစဉ်သွား မည်ဖြစ်ကြောင်း သိရသည်။

‘‘City Taxi မှတ်ပုံတင်သက် တမ်းပြည့်တဲ့ ကားတွေကလည်း အစီးနှစ်သောင်းကျော် ရှိနေပါပြီ၊ အဲဒါကြောင့် စက်တင်ဘာလမှာ လုပ်ငန်းတွေ ပြန်စနိုင်ဖို့ စီစဉ်ခဲ့တယ်၊ ဒါပေမဲ့ Covid-19 ပြည်တွင်းကူးစက်မှုတွေက ဒီလအတွင်း မှာ ဖြစ်နေတယ်၊ ဒီကာလမှာက ရောဂါအတွက် ကာကွယ်နိုင်ဖို့က အရေးကြီးဆုံးဖြစ်နေတယ်၊ အဲ့ဒါ ကြောင့် City Taxi လုပ်ငန်းတွေကို လတ်တလော ဆိုင်းငံ့ထားပါဦးမယ်၊ ရောဂါအခြေအနေအပေါ် မူတည် ပြီး လုပ်ငန်းပြန်စဖို့လုပ်ပါမယ်’’ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦး လှအောင်က ပြောသည်။

လုပ်ငန်း များ ရပ်နားခဲ့ရသည့် ခြောက်လတာ ကာလအတွင်း City Taxi မှတ်ပုံ တင် သက်တမ်းပြည့်သည့် ယာဉ်များ နှစ်သောင်းကျော်ရှိနေပြီဖြစ် ကြောင်းလည်းသိရသည်။

ကျန်မာရေးနှင့် အားကစား ဝန်ကြီးဌာန၏ သြဂုတ် ၂၅ ရက် နံနက် ၈ နာရီထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် Covid-19 အတည် ပြုလူနာစုစုပေါင်း ၅၇၄ ဦးရှိနေပြီ ဖြစ်သည်၊။ ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here