COVID-19 ဂယက်ကြောင့် ဝန်ထမ်းတစ်ထောင်ကျော် ဲါေကမေ ူညေိ ျွသလနမ လျှော့ချမည်

205

 

အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကြောင့် တစ်ကမ္ဘာလုံး အတိုင်းအတာအရ စီးပွားရေး ကျဆင်းနေချိန်တွင် ဗြိတိန် ထိပ်တန်းကားကုမ္ပဏီ Jaguar Land Rover က အရံှုးပေါ်နေမှုကို ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန် ဝန်ထမ်း တစ်ထောင်ကျော် လျှော့ချသွားမည် ဖြစ်ကြောင်း ဇွန် ၁၅ ရက်တွင် ဘီဘီစီသတင်းဌာနက ဖော်ပြသည်။

အိနိ္ဒယကုမ္ပဏီ Tata Motors က ပိုင်ဆိုင်ထားသော JLR သည် ယခုနှစ် နောက်ဆုံး သုံးလတာ ဘဏ္ဍာရေးကာလအတွင်း ရောင်း အား ၃၁ ရာခိုင်နှုန်း ကျဆင်းသွား သလို ပေါင် ၅ဝ၁ သန်း အရံှုးပေါ် ခဲ့သည်။ JLR သည် ယခုနှစ်အတွင်း ကားအစီးရေ ၅ဝ၉,ဝဝဝ သာ ရောင်း ချထားရပြီး ၂ဝ၁၉ ခုနှစ် ယခုလို ကာလအတွင်း ရောင်းချနိုင်ခဲ့ သောပမာဏထက် အစီးရေ ခုနစ် သောင်းအထိ ကျဆင်းသွားခဲ့သည်။

ထို့ကြောင့် မိခင်ကုမ္ပဏီ Tata Motors က အရံှုးပေါ်ခြင်းကို ထေမိနိုင်ရေးအတွက် လုပ်သား အင်အား တစ်ထောင်ကျော်အထိ လျှော့ချရန် စီစဉ်ထားခြင်းဖြစ်ပြီး ဗြိတိန်စက်ရုံများရှိ ဝန်ထမ်း ၁ဦ,၁ဝဝ ခန့် အလုပ်ပြုတ်ဖွယ်ရှိနေသည်။ Castle Bromwich ၊ Solihull ၊ Halewood စက်ရုံများမှ ဝန်ထမ်း များ အလုပ်ပြုတ်ဖွယ်ရှိနေပြီး အကျိုးဆက်အနေဖြင့် ဗြိတိန်စီးပွား ရေးကိုလည်း အထိနာစေမည်ဖြစ် သည်။

ဗြိတိန်အလုပ်သမားများ ညီ ညွတ်ရေးသမဂ္ဂမှ အရာရှိ Des Quinn က JLR ၏အခြေအနေမှာ သစ္စာရှိ အလုပ်သမားများအတွက် ပြင်းထန်သော ရိုက်ခတ်မှုဖြစ်ပြီး အစိုးရအနေဖြင့် ဂျာမနီ၊ ပြင်သစ် နိုင်ငံများ၏ လုပ်ရပ်ကိုအတုယူ၍ ကူညီထောက်ပံ့မှုများ အလျင်အမြန် ပြုလုပ်သင့်နေပြီဖြစ်ကြောင်း ထောက်ပြခဲ့သည်။ ဂျာမနီနှင့် ပြင် သစ်အစိုးရများသည် ကားကုမ္ပဏီ များအား ကျားကန် ပေးနိုင်ရေး ချေးငွေများ ထုတ်ပေးခဲ့ခြင်းကို ထောက်ပြခဲ့ခြင်းဖြစ်ပြီး JLR အနေဖြင့် မေလအတွင်း ဗြိတိန်အစိုး ရထံမှ ချေးငွေ ပေါင်တစ်ဘီလျံ ကျော်ရယူနိုင်ရန် တင်ပြခဲ့ဖူးသည်။

ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဗြိတိန်ကားစက်ရုံများမှ အလုပ် သမား ၃၂,ဝဝဝ ကျော် အလုပ် လက်မဲ့ဖြစ်ခဲ့ရပြီး ယခုနှစ်ကုန် အတွင်းတွင်လည်း နောက်ထပ် အလုပ်သမား ငါးထောင်ကျော် အလုပ်ြပုတ်ဖွယ် ရိှေနသည်။
Ref: BBC

LEAVE A REPLY

Please enter your comment!
Please enter your name here