
အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကိုရိုနာ ဗိုင်းရပ်စ်(COVID-19) ကြောင့် ကားကုမ္ပဏီများ၏ ထုတ်လုပ်မှုနှင့် ရောင်းအားပါ ကျဆင်းမှုများ ဖြစ်ပေါ်လျက်ရှိပြီး ဂျပန်နိုင်ငံ၏ အကြီးဆုံးကားကုမ္ပဏီ Toyota သည်လည်း အဆိုပါအခြေအနေနှင့် ရင်ဆိုင်နေရကြောင်း The Japan Times သတင်းစာက ဇွန် ၃ဝ ရက်တွင် ဖော်ပြသည်။
ကမ္ဘာ့ ရောင်းအားအကောင်း ဆုံး ကားကုမ္ပဏီ Toyota သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အလွန်တရာမြင့်မားသည့် ၂ဝ၂ဝ ၊ပြည့်နှစ်၊ မေလအတွင်း ကမ္ဘာတစ် လွား စက်ရုံများမှ ထုတ်လုပ်သည့် ကားအရေအတွက်မှာ အစီးရေ ၃၆၅,၉ဝ၉ စီးသာရှိပြီး ယမန်နှစ် ယခုကာလ ထုတ်လုပ်မှုထက် ၅၄ ဒသမ ၄ ရာခိုင်နှုန်းအထိ ကျဆင်း သွားခဲ့သည်။ ဂျပန်ပြည်တွင်းထုတ် လုပ်မှုက ၅၇ ရာခိုင်နှုန်းကျဆင်းကာ ၁၂၂,၇၄၄ စီးသာ ထုတ်လုပ်နိုင်ခဲ့ပြီး နိုင်ငံရပ်ခြားစက်ရုံများမှ ထုတ်လုပ် မှုကလည်း ၂၄၃,၁၆၅ စီးသာ ရှိ ကာ ၅၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
Toyota ၏ ကားထုတ်လုပ်မှု ကျဆင်းရခြင်းမှာ ငါးလဆက်တိုက် ရှိသွားပြီဖြစ်ပြီး မြောက်အမေရိက တွင် ၇၈ ဒသမ ၅ ရာခိုင်နှုန်း၊ ဥရောပထုတ်လုပ်မှုကလည်း ၅၈ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်း ခဲ့သည်။ သို့သော်လည်း ကမ္ဘာ့လူဦး ရေအများဆုံး တရုတ်နိုင်ငံတွင်မူ ထုတ်လုပ်မှု ၁၃ ဒသမ ၅ ရာခိုင် နှုန်း မြင့်တက်လာကာ ၁၃၇,ဝ၇၁ စီးအထိ တိုးမြှင့် ထုတ်လုပ်နိုင်ခဲ့ သည်။
ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ် ပေါ်ရာ တရုတ်နိုင်ငံတွင် RAV4 SUV မိုဒယ်သစ်များနှင့်အတူ Corolla Sedan ကားသစ်များ စျေးကွက် ဝယ်လိုအား မြင့်တက်လာခြင်းကြောင့် ထုတ်လုပ်မှု တိုးတက်လာခြင်း ဖြစ် သည်။ ၂ဝ၂ဝ ပြည့်နှစ်၊ ဇွန်လ အစောပိုင်းအတွင်း ပြုလုပ်သော ရှယ်ယာရှင်များ၏ ပုံမှန်အစည်း အဝေးတွင် Toyota အမှုဆောင် အရာရှိချုပ် Akio Toyoda က လွန် ခဲ့သည့် ဆယ်စုနှစ်က ဖြစ်ပွားခဲ့ သော ကမ္ဘာလုံးဆိုင်ရာ စီးပွား ပျက်ကပ်မှ သင်ခန်းစာများကို နမူနာယူ လုပ်ကိုင်နေသောကြောင့် ယခု ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း အမြတ်အစွန်းရရှိအောင် လုပ် ဆောင်နိုင်မည်ဟု ပြောကြားဖူးသည်။
၂ဝ၂ဝ ပြည့်နှစ်၊ မေလအတွင်း Toyota ၏ တစ်ကမ္ဘာလုံးအတိုင်း အတာအရ ကားရောင်းအားမှာ ၅၇၆,၅ဝ၈ စီးသာရှိပြီး ရောင်းအား ၃၁ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းသွား ခဲ့ကြောင်း The Japan Times က ဖော်ြပသည်။
Ref: The Japan Times