Covid-19 ကာလ မန္တလေးတွင် ခရီးသည်တင်သုံးဘီးဆိုင်ကယ်များ အရောင်းအေး

107

 

မန္တလေး၊ သြဂုတ်
Covid-19 ရောဂါ ထိန်းချုပ်ဆဲကာလတွင် မန္တလေးမြို့၌ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှု မရှိသည့်အတွက် တုတ်တုတ် (ခေါ်) ခရီးသည်တင်သုံးဘီးဆိုင် ကယ်များ အလုပ်မဖြစ်ရုံမက ခရီးသည်တင်သုံးဘီးဆိုင်ကယ် အရောင်း ဆိုင်များတွင်လည်း အရောင်းအေးနေကြောင်း ယင်းလုပ်ငန်းလုပ်ကိုင် နေသူများထံမှ သိရသည်။

“မန္တလေးက ခရီးသွားဧည့် သည် အဝင်များတဲ့မြို့ဆိုပေမဲ့ အခု Covid-19 ဖြစ်တော့ ခရီးသွား အဝင်မရှိတော့ဘူး၊ ပြည်ပကတော့ လက်မခံသေးဘူး၊ ပြည်တွင်းခရီး သွားကလည်း ဘုရားတွေ အထင် ကရနေရာတွေ ပြန်မဖွင့်သေးတော့မလာကြသေးဘူးပေါ့၊ ဒီတော့ တုတ်တုတ်တွေ အလုပ်မဖြစ်ကြ တော့ဘူး၊ တုတ်တုတ်တွေမှလား ဆိုရင် တုတ်တုတ်ဘီးရောင်းတဲ့ ဆိုင်တွေပါ အရောင်းအေးကုန်တာ”ဟု မန္တလေးမြို့တွင် ခရီးသည် တင်သုံးဘီးဆိုင်ကယ်များရောင်းချနေသူ ကိုဇော်ကြီးက ပြောသည်။

ယခု သြဂုတ်လဆန်းပိုင်းတွင်စီးပွားရေးလုပ်ငန်းများ ပြန်လည် လည်ပတ်နေပြီ ဖြစ်သော်လည်း ယခင်ကကဲ့သို့ ကောင်းမွန်ခြင်း မရှိတော့သည့်အတွက် ပစ္စည်းတစ်ခုခုဝယ်ရန်ပင် ပြည်သူလူထုက လက်တွန့်လာကြကြောင်း၊ ထို့ကြောင့် လက်ရှိတွင် ခရီးသွားကဏမှာလည်း ထိုးကျနေသည့်အတွက် ပြည်တွင်း၊ ပြည်ပခရီးသွားဝင် ရောက်မှုအပေါ် အားထားလုပ် ကိုင်နေရသော တုတ်တုတ်အငှား စျေးကွက်နှင့် တုတ်တုတ်အရောင်းဆိုင်များမှာလည်း စံချိန်တင် အရောင်းအေးနေကြောင်း မန္တလေးမြို့ရှိ အဆိုပါလုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။

“ခရီးသွား မရှိတဲ့အချိန်မှာ ဘယ်သူမှ Taxi ပြေးဆွဲဖို့ဆိုပြီး တုတ်တုတ်ဝယ်မှာမဟုတ်ဘူးလေ၊ လက်ရှိ ကျွန်တော်တို့လို တုတ်တုတ်ပြေးနေတဲ့သူတွေလည်း မြို့ထဲက တချို့သွားလာချင်တဲ့သူ အနည်းငယ်လောက်ပဲ ဟိုနားဒီနား ပို့ပေးရတာရှိတယ်၊ ဒီကာလတ အားကျပ်တည်းတယ်၊ ဘုရားတွေ ပြန်ဖွင့်ပေးမှပဲ ကျွန်တော်တို့ တုတ်တုတ်တွေ ပြန်အလုပ်ဖြစ်နိုင်မယ့် အနေအထားရောက်နေတယ်” ဟု မန္တလေးမြို့တွင်း တုတ်တုတ်ဖြင့် Taxi ပြေးဆွဲနေသူ ကိုနိုင်အောင်ချစ်က ဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here