Covid-19 ကာလအတွင်း Peugeot Myanmar မှ Peugeot ကားဝယ်ယူသူများအတွက် အထူးအစီအစဉ်များဖြင့် ရောင်းချမည်

371

 

ရန်ကုန်၊ ​မေ ၆

Peugeot Myanmar မှ Peugeot Customer များအတွက် လတ်တလောဖြစ်ပွားနေသည့် Covid-19 ရောဂါများကြောင့် အထူးအစီအစဥ်အဖြစ် Online System များဖြင့် အိမ်အရောက် ကားပြပေးမည်ဖြစ်ကြောင်း သိရသည်။

‌ဒီဇိုင်းပိုင်း၊ Performance နှင့် Safety ပိုင်းများကြောင့် နိုင်ငံတကာ ဆုတံဆိပ်ပေါင်း ​ခြောက်ဆယ်ကျော် ရရှိထားသည့် Peugeot 3008 သည် ငါးယောက်စီး SUVကား အမျိုးအစားဖြစ်ပြီး 5008 သည် ခုနစ်ယောက်စီး ကားအမျိုးအစားဖြစ်သည်။

Peugeot 3008 နှင့် 5008 ကို 1.6L (Gasoline) အင်ဂျင် အသုံးပြုထားသည့်အတွက် ဆီစားနှုန်းသက်သာပြီး အင်ဂျင်လုပ်ဆောင်ချက်များကို နှစ်ဆ တိုးမြှင့်ပေးနိုင်သည့် Turbocharger နှင့် တွဲဖက်လုပ်ဆောင်ပေးနိုင်သည်။

Peugeot ကားများကို အတွင်းခန်း i-Cockpit နည်းပညာများ အသုံးပြုထားပြီး Safety ပိုင်းကိုလည်း အမိုက်စားလုပ်ဆောင်ချက်များ ပါဝင်သောကြောင့် Driving Feelings ရရှိစေမည့် SUV ကားဖြစ်ပါသည်။

ပရိုမိုးရှင်းကာလအတွင်း Peugeot SUVs ကားများကို အရစ်ကျဝယ်ယူလိုပါက သုံးလတိတိ လစဉ်ကြေး ပေးသွင်းစရာမလိုသည့် Own a Peugeot with $0 ကိုရရှိမှာ ဖြစ်သည့်အပြင်
– သုံးလတိတိ အရစ်ကျလစဉ်ကြေးအခမဲ့
– သက်သာသော (10%) ဘဏ်အတိုးနှုန်း
– ကနဦးပေးသွင်းငွေ ကားတန်ဖိုး (10%)
– ခုနစ်နှစ် အရစ်ကျစနစ်တို့ပါဝင်မည်ဖြစ်သည်။

” အခုလို အပြင်မထွက်သင့်တဲ့ အချိန်အခါ အတွင်းမှာ လူကြီးမင်းတွေအနေနဲ့ ပြင်သစ်ကားအမျိုးအစား Peugeot SUVs တွေမှာဘယ်လိုနည်းပညာ၊ ဒီဇိုင်းဖွဲ့စည်းမှုတွေနဲ့ ဖန်တီးထားသလဲဆိုတာကို လေ့လာရန်ဖြစ်စေ၊ ကားသစ်ဝယ်ယူဖို့စိတ်ကူးရှိသည် ဖြစ်စေ Online က​နေ Form ဖြည့်လိုက်ရုံနဲ့ အိမ်အရောက် Sale Advisor ​တွေက Peugeotကားတွေရဲ့ အားသာချက်၊ အထူးအခွင့်အရေး​တွေနဲ့ ဝယ်ယူနိုင်မယ့် အစီအစဉ်တွေကို အသေးစိတ် ဆက်သွယ်ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်”ဟု peugeot Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Peugeot Myanmar မှ Peugeot ကားများ ဝယ်ယူမည်ဆိုပါက Peugeot 3008 ကို အမေရိကန်ဒေါ်လာ ၆၁,၇၀၀ ဖြင့်လည်းကောင်း၊ Peugeot 5008 ကို အမေရိကန်ဒေါ်လာ ၆၆,၈၅၀ ဖြင့် လည်း​ကောင်း ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲထွန်း​ကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here