Continuously Variable Transmission-CVT  

548

Continuously Variable Transmission-CVT  ဂီယာစနစ်ကို Single-Speed Transmission ၊ ဂီယာကူးပြောင်းခြင်း အဆင့်များ မပါဝင်သည့်စနစ်၊ Fully Transmission စသည်ဖြင့် ခေါ်ဆိုကြသည်။ ယင်းသည် Automatic Transmission အမျိုးအစားဖြစ်ပြီး စဉ်ဆက်မပြတ်ဖြစ်စေသည့် Gear Ratio အတွက် အဆင့်တိုင်း ကို အဆင်ပြေစွာ ဖြတ်သန်းနိုင်မည့် လုပ်ဆောင်မှုဖြင့် ဂီယာကူးပြောင်းခြင်းဖြစ် သည်။ CVT  ၌ ပြောင်းလွယ်/ပြင်လွယ်သည့်၊ Input Shaft ပုံသေဖြစ်သည့် ပြေပြစ်သော အလျင်နှုန်းအား ရရှိစေပါမည်။ CVT ၏ Belt-Driven ဒီဇိုင်းမှာ Offset ဖြင့် အင်ဂျင်အတွက် လုံလောက်သည့်အရှိန်ကို ဖန်တီးနိုင်ရန် အထောက်အကူပြုနိုင်မည့်အပြင် ချော့မွေ့သည့် ဂီယာကူးပြောင်းမှုအတွက် သာမန်ဂီယာစနစ်များထက် ၈၈ ရာခိုင်နှုန်းအထိ အကျိုးသက်ရောက်မှု ရှိစေပါသည်။ အကယ်၍ အင်ဂျင်စွမ်းဆောင်ရည် မြင့်မားစွာ အသုံးပြုလိုပါက CVT ၏ ဂီယာကူးပြောင်းမှု အချိုးသည် အင်ဂျင် RPM ပြောင်းလဲမှုနှင့် ကိုက်ညီစွာ ကူးပြောင်းပေးမည်ဖြစ်ရာ အကောင်းဆုံးသော စွမ်းအင်ကို ရရှိစေပါမည်။ အလားတူ CVT ဂီယာစနစ်သည် Clutch အသုံးပြုမှုကိုလည်း နှောင့်နှေးစေခြင်း မရှိပါ။

အသုံးပြုမှု

သားရေကြိုးဖြင့် ဖန်တီးထားသည့် CVT ဂီယာစနစ်များသည် မော်တော်ယာဉ် အငယ်စား၊ စက်တပ်ယာဉ်ငယ်အချို့၌ ယေဘုယျ အသုံးပြုနိုင်မည်။ ထို့အတူ နှင်းထူသည့်နေရာများ၌သာ အဓိကအသုံးပြုသည့် ယာဉ်များ၊ ဘက်စုံသုံး ယာဉ်များ၊ Golf Cart ၊ Motor Scooter များ၌ သားရေကြိုး၊ သို့မဟုတ် မျိုးစုံအသုံးပြုနိုင်သည့် Pully ဖြင့် ဖန်တီးထားသော CVT ဂီယာ စနစ်များ တပ်ဆင်ထားပါသည်။

ဟိုက်ဒရိုဂျင် တည်ငြိမ်ဖိအားသုံး စနစ်(Hydrostatic System) ပါရှိသည့် CVT ဂီယာကိုမူ အရွယ်ကြီးသောယာဉ်များ/ ယန္တရားများ၌ အဓိကအသုံးပြုပါသည်။ အထူးအားဖြင့် သေးငယ်သည့်အရွယ်မှ အလတ်တန်း အရွယ်အစားရှိသည့် စက်မှုလုပ်ငန်းသုံး စက်ကိရိယာများ၌ Hydrostatic CVT စနစ် ပါရှိပါသည်။ အဆိုပါစက်များ၌ အင်ဂျင်စနစ်သည် ဟိုက်ဒြောလစ်စွမ်းအင်မှရရှိပြီး တည်ငြိမ်သည့်စွမ်းအားရှိသည့်အတွက် အကျိုးရှိ ထိရောက်သည့်လုပ်ငန်းစဉ်အား ရရှိနိုင်၍ အထက်ပါ CVT စနစ်ဖြင့် ကိုက်ညီခြင်း ဖြစ်သည်။ Transmission ထုတ်လုပ်ခြင်းသည် Travel Speed နှင့် တည်နေရာတို့ကို တစ်ပြိုင်နက် ထိန်းချုပ်လုပ်ဆောင်ပါမည်။ အဆိုပါ စက်များ၏ Equipment များကို CVT အား အမှီအခိုကင်းစွာ ဒီဇိုင်းထုတ်ထားပြီး ဘရိတ်ဖိအား လျော့နည်းခြင်း၊ သို့မဟုတ် ခိုင်မြဲသောသက်ရောက်စေခြင်း တို့ကဲ့သို့ တစ်ဦးချင်းလိုက်ဖြစ်သည့်အကျိုး ဖြစ်ထွန်းမှု ရရှိစေပါသည်။ မြက်ရိတ်စက်၊ စပါးရိတ်သိမ်း ေ>ြွခလှေ့စက်များ၌ CVT စနစ်ကို Tractor ၏ Forward Speed ဖြင့် အသုံးပြုနိုင်မည်ဖြစ်ပြီး စပါးေ>ြွခလှေ့ ရိတ်သိမ်းစက်ကြီးများ၌မူ သီးခြားဖြစ် သည့် အင်ဂျင်အရှိန်နှုန်းကို ချိန်ညှိ၍ အသုံးပြုနိုင်ပါမည်။ ထို့ပြင် ရိတ်သိမ်းရမည့် သီးနှံများ၏ အရွယ်အစား/အထူအပါး ကိုလိုက်၍ အရှိန်နှေးခြင်း၊မြန်ခြင်း စသည့် ဂီယာပြောင်းလဲမှုတို့ကို လိုအပ်သလို အလိုက်သင့်ပြုလုပ်နိုင်မည်ဖြစ်သည်။ ထို့ပြင် CVT စနစ်ကို Electrical Power Generation System သုံး Aircraft များ၌ ၁၉၅ဝ ပြည့်လွန်နှစ်များမှ စတင်အသုံးပြုခဲ့ပြီး Sport Car Club of America(SCCA) ၏ Formula 500 ပြိုင်ကားများ၌ ၁၉၇ဝ ပြည့်လွန်နှစ် အစောပိုင်းနှစ်များမှ စတင်၍ CVT ဂီယာ အသုံးပြုခဲ့သည်။ သို့သော် ၁၉၉၄ ခုနှစ်မှစ၍ Formula 1 ၌ CVT တပ်ဆင်ခြင်း ရပ်စဲခဲ့ပြီး အကြောင်းမှာ ၎င်းတို့ ကိုယ်ပိုင်ဖန်တီးထားသည့် F1 CVT များကို ပြောင်းလဲအသုံးပြုခြင်းကြောင့် ဖြစ်သည်။ ယေဘုယျအားဖြင့် CVT  စနစ် သည် အင်ဂျင်၏ စွမ်းဆောင်ရည်ကို များစွာ တိုးမြှင့်ပေးနိုင်ခြင်းနှင့် အင်ဂျင်စက်၏ သက်တမ်းကိုလည်း ကြာရှည်ခံနိုင်ပါမည်။ ထို့ကြောင့် အချို့သော Off-Road  ယာဉ်များ၌လည်း CVT စနစ်ကို အသုံးပြုကြသည်။

အချို့သော လွန်တူးစက်ကြီး၊ သတ္တု မိုင်းသုံး စက်ကြီးများ၌ Pully Based CVT ဖြစ်သည့် ကတော့ပုံပူလီမှ Manual ပုံစံ ချိန်ညှိခြင်းဖြင့် Output Shaft ရရှိစေသည့်စနစ် အသုံးပြုကြပါသည်။ လွန် တူးသည့်အခါ သတ်မှတ်ထားသည့်နေရာ သို့ တူညီသည့်အရှိန်နှုန်းဖြင့် လွန်ဖောက်ရန်၊ အတိအကျ ထိန်းချုပ်နိုင်ရန်နှင့် သတ်မှတ်သည့် အပေါက်အကျယ်သို့ ရရှိနိုင်ရန် ပြုလုပ်နိုင်ပါသည်။ မိုတာ၏ တိကျသည့် ရုန်းအားနှင့် Pully Shaft ၏ Output တို့ အကြား ဂီယာအချိုးကို ချိန်ညှိပြီး တွင်း အကျယ်ကို အတိအကျ တူးနိုင်ပါမည်။

CVT စနစ်များကို Power Sharing Transmission(PSTs) စနစ်များမှ ခွဲခြားသိမြင်ရန် လိုအပ်ပြီး အဆိုပါ PSTs စနစ် များသည် Toyota Prius ၊ Highlander Hybrid ၊ Camry Hybrid ၊ New Ford Escape SUV Hybrid တို့ကဲ့သို့ အချို့ သော Hybrid စနစ်သုံးကားများတွင် တပ်ဆင်လေ့ရှိပါသည်။ CVT နည်းပညာသည် အဓိက Mover တစ်ခုမှ Output ကိုသာ အသုံးပြု၍ အမျိုးများပြားသည့် Output Speed နှင့် Torque များကို လွှဲပြောင်းပေးသည့်စနစ်ဖြစ်ပြီး PST နည်းပညာသည် အဓိက Mover နှစ်ခုမှ Input နှင့် တူညီ ထောက်ပံ့ပေးသည့် ကွဲပြားသော အချိုး ကို Output Speed နှင့် စွမ်းအားတို့ထုတ်လုပ်ပေးသည့်စနစ် ဖြစ်သည်။ PSTs စနစ်ကို Toyota မှ ၁၉၉၇ ခုနှစ်ထုတ် Prius Hybrid ကားတွင် စတင်ထည့်သွင်း ခဲ့ပြီး နောက်ပိုင်းထုတ်သည့် Toyota ၊ Lexus Hybrid Model များ၌ ကျယ်ပြန့်စွာ အသုံးပြုခဲ့ပါသည်။ PST ဂီယာစနစ်ကို လျှပ်စစ်မိုတာ၊ သို့မဟုတ် အတွင်းလောင်ကျွမ်းခြင်း အင်ဂျင်စနစ်(ICE) တို့ဖြင့် တွဲဖက်တပ်ဆင်လေ့ရှိပါသည်။

ယခုလက်ရှိ အမှတ်တံဆိပ်များ၌ CVT စနစ် အသုံးပြုထားသည့် ကားမိုဒယ် များမှာ Chrysler Pacifica Hybrid ၊ Ford C-MAX Hybrid ၊ Mitsubishi Lancer ၊ Dodge Coliber ၊ Toyota Corolla ၊ Scion iQ၊ Honda Model များဖြစ်သည့် Insight/Fit/CR-Z Hybrid ၊ CR-V ၊ Capa ၊ Civic ၊ Accord ၊ Nissan Model များဖြစ်သည့် Tiida ၊ Versa ၊ Cube ၊ Juke ၊ Sentra ၊ Altima ၊ Maxima ၊ Rouge ၊ X-Trail ၊ Murano ၊ Pathfinder ၊ Jeep Patriot ၊ Compass ၊ Suzuki SX 4 S-Cross ၊ Subaru Forester/Impreza/Legacy/Outback/Toyota Avalon ၊Toyata Mark X အစရှိသည့် ကားများတွင် ထည့်သွင်းတပ်ဆင်ထားပါသည်။

Seagull Myint

 

LEAVE A REPLY

Please enter your comment!
Please enter your name here