Consignment စနစ်ဖြင့် တင်သွင်းထားသော ကားများအတွက်  အရောင်းစာရင်းတင်ရန် အစီးငါးထောင်ကျော်ရှိပြီး Brand New အစီးသုံးရာကျော် ပါဝင်

714

ရန်ကုန်၊ မေ

Consignment စနစ်ဖြင့် တင်သွင်းထားသောကားများအတွက် အရောင်းစာရင်းတင်ရန် အစီးငါးထောင်ကျော်ရှိပြီး Brand New ကားအစီးသုံးရာကျော် ပါဝင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ Consignment စနစ်ဖြင့် စလစ်ကပ်ကား အစီး ၈၁,ဝဝဝ ကျော်၊ ဖရီးပါမစ်ကား အစီး ၂၂,ဝဝဝ ကျော်နှင့် Brand New ကားအစီး ၉,၅ဝဝ ကျော်ကို တင်သွင်းခွင့်ပါမစ်ထုတ်ပေးခဲ့ရာတွင် အစီး ၈၈,၁ဝဝ ကျော် တင်သွင်းခဲ့ပြီးဖြစ်သည်။ တင်သွင်းထားသည့်ကားများထဲမှ အရောင်းစာရင်းတင်ပြရန် စလစ်ကပ် ကား အစီး ၃,၇ဝဝ၊ ဖရီးပါမစ်ကား အစီးတစ်ထောင်ကျော်နှင့် Brand New ကား အစီးသုံးရာကျော် ကျန်ရှိနေကြောင်း သိရသည်။

”အပ်ကုန်စနစ်နဲ့ တင်သွင်းထားတဲ့ ကားတွေအတွက် အရောင်းတင်ဖို့ အစီးငါးထောင်ကျော် ကျန်ရှိပါတယ်၊ ဒီကားတွေထဲမှာ အများဆုံးက စလစ်ကပ်ကားတွေဖြစ်ပြီး Brand New ကားတွေထဲက အစီး သုံးရာကျော်လည်း ကျန်ပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Consignment စနစ်ဖြင့် ကားအရောင်းစင်တာများအတွက် တင်သွင်းခွင့်ခွင့်ပြုထားသည့် ပါမစ်များထဲမှ စလစ်ကပ်ပါမစ်အစီး ၁၆,ဝဝဝ ကျော် တင်သွင်းရန် ကျန်ရှိသလို ဖရီးပါမစ် အစီး ၇,၃ဝဝ ကျော်လည်း ကျန်ရှိနေကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here