City Transit ယာဉ်လိုင်းကို စက်တင်ဘာ ၂၃ ရက်တွင် စတင်ပြေးဆွဲမည်

483

ရန်ကုန်၊ စက်တင်ဘာ

City Transit (ရန်ကုန်မြို့ပတ် ခရီး သည်ပို့ဆောင်ရေးယာဉ်လိုင်း)ကို စက်တင်ဘာ ၂၃ ရက်တွင် စ တင်ပြေးဆွဲမည်ဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ် ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

ရန်ကုန်မြို့ပတ် ခရီးသည်ပို့ ဆောင်ရေး(City Transit)ယာဉ် လိုင်းကို စက်တင်ဘာ ၂၃ ရက် တွင် စတင်ပြေးဆွဲမည်ဖြစ်ပြီး ထိုယာဉ်လိုင်းသည် အောင်မင်္ဂလာ အဝေးပြေး-သုဓမ္မာလမ်း-ကမ္ဘာအေး ဘုရားလမ်း-ပါရမီလမ်း-သံ သုမာလမ်း-သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်-သုဝဏ္ဏလမ်းဆုံ-အထက်ပုဇွန်တောင်လမ်း-ဗိုလ်တ ထောင် ဘုရားလမ်း-ကမ်းနား လမ်း-သခင်မြပန်းခြံ-ကြည့်မြင် တိုင် ကမ်းနားလမ်း-ဘုရင့်နောင် လမ်း-အောက်မင်္ဂလာဒုံလမ်း-ခရေပင်လမ်းခွဲ-အမှတ်(၃)လမ်းဆုံ မှ အောင်မင်္ဂလာအဝေးပြေးအထိ ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

‘‘ရန်ကုန်မြို့ပတ် ခရီးသည် ပို့ဆောင်ရေး ယာဉ်လိုင်းကို စက်တင်ဘာ ၂၃ ရက်မှာ အစီး ၂ဝ နဲ့ အောင်မင်္ဂလာအဝေးပြေးကနေ လမ်းကြောင်းနှစ်ခုခွဲပြီး စတင်ပြေး ဆွဲမှာ ဖြစ်ပါတယ်၊ ဒီကားတွေက တံခါး သုံးပေါက်ပါတဲ့ Scania ကားတွေဖြစ်သလို မသန်စွမ်းသူ တွေလည်း စီးနင်းလို့ရမယ့် ကား ဖြစ်ပါတယ်၊ ခရီးသည်တွေရဲ့ လို အပ်ချက်အပေါ် မူတည်ပြီး အောက်တိုဘာလထဲမှာ အစီးရေ ၃၉ စီး အထိ တိုးမြှင့်ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်၊ အဲဒီကားတွေမှာ ရောက်ရှိမှတ်တိုင်နဲ့ နောက်ထပ် ရောက်ရှိမယ့်မှတ်တိုင်တွေကို အသံစနစ်နဲ့ကော LED မီးတန်းစနစ် နဲ့ပါ ဖော်ပြမှာ ဖြစ်ပါတယ်၊ ယာဉ် စီးခကို ခရီးစဉ်တစ်ပိုင်း ငါးရာကျပ် ကောက်ခံမှာဖြစ်ပြီး မြို့တစ်ပတ်ကို ကျပ်တစ်ထောင် ကောက်ခံမှာ ဖြစ် ပါတယ်’’ဟု YRTA တွဲဖက်အတွင်း ရေးမှူး ဦးလှအောင်က ဆိုသည်။

အောင်မင်္ဂလာ အဝေးပြေး ဂိတ်ကို အခြေပြုပြေးဆွဲမည့်ရန်ကုန် မြို့ပတ်ခရီးသည် ပို့ဆောင်ရေး ယာဉ် လိုင်းတွင် Scania ၃၉ စီးဖြင့် ပြေး ဆွဲမည်ဖြစ်သည်။ ထိုအတွက်လည်း ရန်ကုန်တိုင်းဒေသကြီး အများ ပြည်သူ သယ်ယူပို့ဆောင်ရေး ကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ City Transit ကုမ္ပဏီကို ခွင့်ပြု ချက်ပေးထားပြီးဖြစ်ကြောင်း သိ ရသည်။    

 ဆန်းသစ်ေအာင်

LEAVE A REPLY

Please enter your comment!
Please enter your name here