City Bus များ၏ Seater ကွဲလွဲ ခြင်းကို 1/4AV ဒဏ်ကြေး ပယ်ဖျက်၍ ကင်းလွတ်ခွင့်ပြုမည် ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
၂ဝ၁၇ ခုနှစ်အတွက် ကားတင်သွင်းမှုဆိုင်ရာ အကောက်ခွန် ဒဏ်ကြေး သတ်မှတ်ချက်တွင် ကြေညာထားသည့် လိုင်စင်၊ ပါမစ် နှင့် ကားကွဲလွဲခြင်းတွင် ပါဝင်သော ထိုင်ခုံအရေအတွက် ကွဲလွဲခြင်းကို ဒဏ်ကြေး 1/4AV ဖြေလျှော့ပေးရာတွင် ထိုင်ခုံ ၁ဝ ခုံ ပိုခြင်း/လျော့ ခြင်း စသည့် ကွဲလွဲမှုအတွက်သာ ဒဏ်ကြေးကင်းလွတ်ခွင့် ပြုပေးမည်ဖြစ်ကြောင်း သိရသည်။
”အကောက်ခွန်ဒဏ်ကြေးမှာ ကြေညာထားတဲ့ ထိုင်ခုံကွဲလွဲခြင်း အတွက် 1/4AV ဒဏ်ကြေးကို ဖြေလျှော့ပေးဖို့ ဆုံးဖြတ်ပြီးပါပြီ၊ ဖြေလျှော့ပေးတဲ့အခါမှာလည်း Mini Bus နဲ့ Express တွေ မပါပါဘူး၊ City Bus တွေအတွက်ပဲ ဖြေလျှော့ပေးမှာဖြစ်ပါတယ်၊ City Bus တွေ တင်သွင်းတဲ့အခါ ပါမစ်မှာပါဝင်တဲ့ ထိုင်ခုံအရေအတွက်ထက် ၁ဝ ခုံ ပိုတာပဲဖြစ်ဖြစ်၊ ၁ဝ ခုံ လျော့တာပဲ ဖြစ်ဖြစ် ကွဲလွဲမှုရှိခဲ့ရင် ဒဏ်ကြေး မကောက်ခံတော့ဘဲ ကင်းလွတ်ခွင့်ပေးမှာ ဖြစ်ပါတယ်”ဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုနှစ်အတွက် ထုတ်ပြန်ထားသည့် အကောက်ခွန်ဒဏ်ကြေးများကို ပြန်လည်ပြင်ဆင်ရန် သုံးသပ်နေပြီး လက်ရှိတွင် City Bus တင်သွင်းမှုများအတွက် ထိုင်ခုံကွဲလွဲခြင်းကို ဒဏ်ကြေးကင်းလွတ်ခွင့်ပြုရန် ဆုံးဖြတ်ထားပြီးဖြစ်၍ ထိုင်ခုံ ၁ဝ ခုံပိုခြင်း၊ သို့မဟုတ် ၁ဝ ခုံ လျော့ခြင်းဖြင့် ကွဲလွဲနေသည့် City Bus များကို 1/4AV ပေးရန်မလိုဘဲ ဒဏ်ကြေးကင်းလွတ်ဖြင့် ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။
ဆန်းသစ်အောင်