Chris Evans လက်ဆောင်ရခဲ့တဲ့ Captain America Theme Chevrolet Camaro ပြိုင်ကား

102

နာမည်ကျော်မီလျံနာ ဟောလိဝုဒ်အနုပညာရှင်တွေက ငွေကြေးများစွာ အကုန်အကျခံပြီး မော်တော်ကားတွေ ကို စိတ်တိုင်းကျမွမ်းမံအသုံးပြုကြတာဟာ မထူးဆန်း လှပါဘူး။ ဒါပေမဲ့ နာမည်ကျော်စူပါဟီးရိုးဇာတ်ကောင် တစ်ခုဖြစ်တဲ့ Iron Man ရဲ့ သရုပ်ဆောင် ဟောလိဝုဒ် မင်းသားကြီး ရောဘတ်ဒေါင်းနေးဂျူနီယာ(Robert Downey Jr.) ကတော့ သူ့အတွက်တင်မကဘဲ Avengers ဇာတ်လမ်းတွေထဲက သရုပ်ဆောင်ဖက်မင်းသား ခရစ္စအီဗန်(Chris Evans) အတွက်ပါ အထူးမွမ်းမံထား တဲ့ ကားတစ်စီးကို လက်ဆောင်ပေးအပ်ခဲ့ပါတယ်။ အဲဒါကတော့ Avengers ဇာတ်လမ်းတွေမှာ ခရစ္စအီဗန် ပင်တိုင်သရုပ်ဆောင်ရတဲ့ Captain America ခေါ် Steve Roger ဇာတ်ကောင်ကို ကိုယ်စားပြုဖန်တီးထားတဲ့ Captain America theme နဲ့ Chevrolet Camaro ဂန္ထဝင်ပြိုင်ကားပဲ ဖြစ်ပါတယ်။ ခရစ္စအီဗန် ဟာ အဲဒီပြိုင်ကားကို တတိယမြောက် Avengers ဇာတ်လမ်းရိုက်ကူးချိန်က လက်ဆောင်ရရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့လမှာတော့ ကားဝါသနာအိုး အစီအစဉ်တင်ဆက်သူ Jay Leno ရဲ့ Jay Leno’s Garage တီဗီအစီအစဉ် မှာ ပရိသတ်တွေရှေ့ကို တရားဝင်ချပြခဲ့ပါတယ်။ အဲဒီအထူးထုတ် Camaro ပြိုင်ကားကို အလန်းစား ကားတွေ ထုတ်လုပ်ရာမှာ သမိုင်းကြောင်းကောင်းခဲ့တဲ့ ကားမွမ်းမံတည်ဆောက်ရေးကုမ္ပဏီ SpeedKore က တာဝန်ယူတည်ဆောက်ပေးခဲ့တာပါ။ ကုမ္ပဏီရဲ့ အဆို အရ ၁၉၆၇ မိုဒယ် Chevrolet Camaro ခေတ်ဟောင်း ပြိုင်ကားကို အခြေခံဖန်တီးထားတဲ့ Captain America Theme Camaro ကို ဒီဇိုင်းဖန်တီးရာမှာ ကားဝါသနာ အိုး မင်းသားကြီးဒေါင်းနေးဂျူနီယာကိုယ်တိုင်လည်း ပါဝင်ခဲ့ပါတယ်။ Captain America Theme Chevrolet Camaro ပြိုင်ကားဟာ အများပြည်သူကို ရောင်းတန်း တင်မယ့်ကားမျိုးမဟုတ်ဘဲ တစ်စီးတည်းသာရှိတဲ့ အထူးထုတ်မိုဒယ်ဖြစ်တာကြောင့် ကားရဲ့ ဈေးကိုတော့ အတိအကျမသိရပါဘူး။
Captain America Themed Camaro ပြိုင်ကား ကို မြန်ဆန်ဖျတ်လတ်စွာ မောင်းနှင်နိုင်စေဖို့ အသားပေး တည်ဆောက်ထားပေမဲ့ ကားကိုယ်ထည်မှာ Camaro ရဲ့ မူရင်းအနှစ်အသာရ မပျောက်ပျက်အောင်လည်း ဂရုပြုဖန်တီးထားပါတယ်။ အဲဒီတံခါးနှစ်ပေါက်ပြိုင်ကား မှာ ခေတ်ဟောင်းဟန်မပျောက်ဘဲ ရှည်လျားတဲ့ ကား ရှေ့စက်ဖုံးနဲ့ မြားတစ်စင်းလို ရှည်သွယ်ပြီး အဖျား ခပ်ချွန်းချွန်းရှိတဲ့ ဒီဇိုင်းသွင်ပြင်ကို ပိုင်ဆိုင်ထား ပါတယ်။ ကားကိုယ်ထည်ကို ခပ်ပါးပါး မွမ်းမံထားပြီး ဆွဲဆောင်အားကောင်းလှတဲ့ ကိုယ်ထည်ကောက်ကြောင်း တွေက ထင်ရှားပေါ်လွင်ပါတယ်။ မော်တော်ကား ဒီဇိုင်းထွင်ရာမှာ အမြင်ရှိတဲ့ ဒေါင်းနေးဂျူနီယာတစ်ယောက် အဲဒီ Camaro ပြိုင်ကားမှာ အဓိကပါဝင် ဖန်တီးထားတဲ့ အစိတ်အပိုင်းကတော့ ကိုယ်ထည် အရောင်အသွေးနဲ့ အပြင်အဆင်ပါပဲ။ ကားကိုယ်ထည် အတွက် အရောင်ကို Melted Army-Man Green လို့ ခေါ်ဝေါ်ကြတဲ့ ခပ်မှိုင်းမှိုင်းစစ်စိမ်းရောင်ဖျော့ဖျော့ အသုံးပြုထားတာဟာ Captain America ခေါ် Steve Roger ဇာတ်ကောင်ရဲ့ စစ်တပ်ထဲမှာ ကျင်လည်ခဲ့ရတဲ့ နေ့ရက်ကို ပြန်လည်အမှတ်ရမိစေပါတယ်။ အဲဒီလို အရောင်အသွေးက ကားကို အထူးမွမ်းမံထားတဲ့ မိုဒယ်တစ်ခုမှန်း သိသာပေါ်လွင်စေတဲ့ အပြင်အဆင် တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ရှည်လျားတဲ့ ကား စက်ဖုံးပေါ်မှာ ပေါ်လွင်ထင်ရှားတဲ့ ကောက်ကြောင်း လိုင်းတွေနဲ့အတူ အလျားလိုက်ပုံစံ စက်ဖုံးလေစုပ်ပေါက် တစ်ခု ပါဝင်ပါတယ်။ ကားရှေ့မျက်နှာစာအစွန်းမှာတော့ အပေါ်ဘက်အရှေ့ဘက်စွန်းအပြည့် နေရာယူထားတဲ့ အလျားလိုက် အနေအထား ရှဲလ်(ွမငူန) ကြီးနဲ့ ကား ရှေ့မီးတွေကလည်း အရင်ခေတ်ဟောင်းပုံစံကိုပဲ ဆက်ခံ ရရှိထားတာကြောင့် ဒီခေတ်အမြင်နဲ့တော့ ထူးခြားဆန်း ပြားနေပါတယ်။ လေးထောင့်စပ်စပ်ရှဲလ်ရဲ့ အောက်ဘက် မှာ နှင်းခွဲမီးနဲ့ င်္မသညအ ှစူငအအနမ လို အစိတ်အပိုင်းတွေ ပါဝင်ပါတယ်။ ကားလေကာမှန်ရဲ့ ထိပ်မှာတော့ ှစနနိ- ုသမန ဆိုတဲ့ စာသားတံဆိပ်ကို တပ်ဆင်ရေးထိုးထား ပါတယ်။ ရှည်သွယ်တဲ့ ကားဘေးဘက်မှာ ကားပြတင်း ပေါက်ဒီဇိုင်းနဲ့ ကားဘီးတွေကလည်း ခေတ်ဟောင်း ဃောမေသ ပြိုင်ကားတစ်စီးရဲ့ဟန်ကို ဆက်လက်ထိန်း သိမ်းထားပါတယ်။ ဒီခေတ်ကားတွေထက်စာရင်လည်း ကားအနောက်ပိုင်းရှည်လျားပြီး ခေတ်ဟောင်းဟန် မပျောက်တဲ့ ခပ်ရိုးရိုး ကားနောက်မီးတွေ ကိုပဲ တပ်ဆင်ထားသလို ကားမီးဧရိယာရဲ့ အောက်ဘက်မှာ ထူထဲရှည်လျားတဲ့ ခရိုမီယမ်ရောင် ဘားတန်းကြီး ပါဝင်ပါတယ်။
Captain America Theme အထူးထုတ်ကား မိုဒယ်အဖြစ် ဖန်တီးထားတဲ့ Camaro ပြိုင်ကားမှာ 6.2 Liter Supercharged LS3 V8 အင်ဂျင်ကို တပ်ဆင်ပေး ထားပြီး မြင်းကောင်ရေအား ၇၃၀ ကျော်အထိ ထုတ်လုပ်ပေးနိုင်ပါတယ်။ အင်ဂျင်ကထုတ်လုပ်ပေးလိုက်တဲ့ စွမ်းအင် တွေကိုတော့ Auto ဂီယာ လေးချက်ကနေတစ်ဆင့် ကားဘီးတွေဆီ ပို့လွှတ်မောင်းနှင်စေမှာပါ။ ကားရဲ့ အတွင်းခန်းမှာတော့ ခေတ်ဟောင်းဂန္ထဝင်ပုံစံ ပြိုင်ကား တစ်စီးပီပီ အဆင့်မြင့်ဟန်ပေါက်တဲ့ အညိုရောင်သား ရေတွေကို အသုံးပြုထားပြီး ခေတ်ဟောင်းပုံစံ ကား အတွင်းခန်းမျိုးကိုပဲ ဖန်တီးထားပါတယ်။ ထူးခြားချက်ကတော့ စတီယာရင်ရဲ့ အလယ်ဗဟိုမှာ Captain America ရဲ့ ဒိုင်းပုံစံလိုဂိုကို တပ်ဆင်ပေးထားတာပါပဲ။ နောက်ထပ် ထူးခြားချက်တစ်ခုက ကားအတွင်းခန်းမှာ ‘1967 Camaro RS’ , ‘Steve Roger’ Special Edition နဲ့ ‘Custom Built for Chris Evans by SpeedKore’ ဆိုတဲ့ စာသားတွေနဲ့အတူ Captain America ဒိုင်းလိုဂိုလေးတွေ ခတ်နှိပ်ထားတဲ့ အထိမ်း အမှတ်ပလိတ်ပြားကိုလည်း ထည့်သွင်းပေးထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here