Chevrolet Myanmar မှ ကားအမျိုးအစား လေးမျိုးကို အထူးလျှော့စျေးဖြင့် ရောင်းချမည်ဖြစ်၊ အထူးအစီအစဉ်အနေဖြင့် Cadillac တစ်စီးဝယ်လျှင် Malibu တစ်စီး လက်ဆောင်ရမည်

941

ရန်ကုန်၊ နိုဝင်ဘာ
Chevrolet Myanmar မှ ကားအမျိုးအစား လေးမျိုးကို အထူးလျှော့စျေးဖြင့် ရောင်းချမည်ဖြစ်၊ အထူးအစီအစဉ်အနေဖြင့် Cadillac တစ်စီးဝယ်လျှင် Malibu တစ်စီး လက်ဆောင်အဖြစ် ရရှိမည် ဖြစ်ကြောင်း သိရသည်။

Chevrolet Myanmar မှ CarsDB Auto Show ပြပွဲတွင် Trax ၊ Trailblazer ၊ Malibu ၊ Surburban စသည့် ကားအမျိုး အစားလေးမျိုးကို အမေရိကန်ဒေါ် လာ ခုနစ်ထောင် အထူးလျှော့စျေး ဖြင့် ရောင်းချမည်ဖြစ်သည်။ Trax သည် 1400 CC Turbo အင်ဂျင် တပ်ဆင်ထားသော Subcompact Crossover SUV ကားအမျိုးအ စားဖြစ်ပြီး Malibu သည် 2000 CC Turbo အင်ဂျင်တပ်ဆင်ထား သော Sedan ကားအမျိုးအစား ဖြစ်သည်။ Trailblazer သည် 2.8D Turbo တပ်ဆင်ထားသော SUV ကားအမျိုးအစားဖြစ်ပြီး Surburban သည် 5.3 V8 အင် ဂျင်တပ်ဆင်ထားသော Large SUV ကားအမျိုးအစားဖြစ်သည်။ Cadillac CT6 သည် Full Size Luxury Sedan ကားဖြစ်ပြီး 3.6 Litre V6 Engine တပ်ဆင်ထားသည်။

‘‘Chevrolet Myanmar က နေ ဒီလ ၁၅ ရက်ကနေ ၁၇ ရက် အထိ သုံးရက်ကြာ ကျင်းပပြုလုပ် မယ့် CarsDB Auto Show မှာ ကားအမျိုးအစား လေးမျိုးကို အ ထူးလျှော့စျေးတွေနဲ့ ရောင်းချပေး မှာ ဖြစ်ပါတယ်၊ အထူးအစီအစဉ် အနေနဲ့ Chevrolet Myanmar ကနေ အသစ်မိတ်ဆက်ထားတဲ့ Cadillac CT6ကို ဝယ်ယူမယ် ဆိုရင်တော့ Malibu ကားတစ်စီးကို လက်ဆောင်အဖြစ် ပေးအပ်သွားမှာ ဖြစ်ပါတယ်’’ဟု ‘Chevrolet Myanmar ’ မှ Marketing Manager ကိုရဲဖြိုးထွန်းက ပြောသည်။

CarsDB Auto Show မှ Chevrolet ကားများဖြစ်သည့် Chevrolet Trax ကို အမေရိကန် ဒေါ်လာ ၄၅,ဝဝဝ၊ Chevrolet Malibu ကို အမေရိကန်ဒေါ်လာ ၅၅,ဝဝဝ၊ Chevrolet Trailblazer ကို အမေရိကန်ဒေါ်လာ ၇၅,ဝဝဝ၊ Chevrolet Surburban ကို အမေ ရိကန်ဒေါ်လာ ၁၈၉,ဝဝဝ နှင့် Cadillac CT6ကို အမေရိကန် ဒေါ်လာ ၂၅ဝ,ဝဝဝ ဖြင့် ရောင်းချ ပေးမည်ဖြစ်သည်။ ထိုကားများ အတွက် ငါးနှစ်၊ သို့မဟုတ် ကီလို တစ်သိန်း အာမခံပေးထားကြောင်း သိရသည်။
ရဲထွန်းေကျာ်

LEAVE A REPLY

Please enter your comment!
Please enter your name here