Chevrolet Myanmar က ၂ဝ၁၈ မိုဒယ် SUV ကားအမျိုးအစား အသစ်ဖြစ်သော Trax နှင့် Tahoe ကို ပြည်တွင်းစျေးကွက်အတွင်း မိတ်ဆက်

839

ရန်ကုန်၊ မတ်

အမေရိကန်အမှတ်တံဆိပ် Chevrolet ကားများကို တရားဝင် တင်သွင်းဖြန့်ချီနေသော Pacific Alpine Myanmar ကုမ္ပဏီက ၂ဝ၁၈ မိုဒယ် SUV အမျိုးအစား ဖြစ်သည့် Trax နှင့် Tahoe ကားအသစ်နှစ်စီးကို Chevrolet ၏ ရန်ကုန် 3S အရောင်းပြခန်းတွင် မိတ်ဆက်ပြသရောင်းချပေးနေပြီ ဖြစ်ကြောင်း သိရသည်။

၂ဝ၁၈ မိုဒယ် Chevrolet ၏ မျက်နှာစာတွင် Dual Port Grille အသစ်ကို ရှေ့မီးလုံးနှင့်ဆက်ပေးထားပြီး မီးခွက်ကို Fender ထဲဝင်သွားသည့်ပုံစံဖန်တီးထားပြီး Halogen Projector ရှေ့မီးကြီးတွေကို LED နေ့ဘက် လင်းတန်းပေါင်းစပ်ထားသည်။ Fog Lamp ကိုလည်း Chrome နှင့် အနားကွပ်ထားပြီး နောက်ဖက်ပိုင်းတွင်လည်း နှစ်ထပ်ပုံစံမီးခွက်များ တပ်ဆင်ပေးထားသည်။ ဆလင်ဒါလေးလုံးထိုး 1.4 L တာဘို အင်ဂျင်ကို Automatic 6-Speed Gear နှင့် တွဲဖက်ထားပြီး မြင်းကောင်ရေ ၁၄ဝ အထိ ထုတ်ပေးနိုင်သည့် Subcompact Crossover SUV ကားအမျိုးအစားဖြစ်သည်။ ကားအတွင်းခန်းကို ကျယ်ဝန်းအောင် ဖန်တီးထုတ်လုပ်ထားပြီး မတော်တဆယာဉ်အန္တရာယ်ကာကွယ်ပေးနိုင်ရန် Safety Airbag ၆ လုံးအထိ တပ်ဆင်ပေးထားသလို ကားကိုယ်ထည်ကို တောင့်တင်းခိုင်မာသည့် Steel Structure ဖြင့်တည်ဆောက်ထားသည်။

၂ဝ၁၈ မိုဒယ် Chevrolet Tahoe သည် ၇ ယောက်စီး SUV ကားအမျိုးအစားဖြစ်သည်။ Tahoe တွင် ပြင်ပဆူညံသံများ လျော့ပါးစေပြီး လေခွင်းအားကို ကောင်းမွန်အောင် ကားကိုယ်ထည်အပေါ် သက်ရောက်မည့်တန်ပြန် လေထုကို ခွင်းထုတ်ပေးနိုင်ရန်အတွက် ကားတံခါးနှင့် ရှေ့စက်ဖုံးမျက်နှာပြင်ပေါ်တွင် လေခွင်း လိုင်းများ ထည့်၍ ဖန်တီးထုတ်လုပ်ထားသည်။ ကား၏ အလေးချိန်ကို လျော့ကျစေရန် ခိုင်ခံ့ပေါ့ပါးသည့် အလူမီနီယံစက်ဖုံးနှင့် နောက်ဖုံးတို့ကို တပ်ဆင်ထားသည်။ မျက်နှာစာတွင်နေ့ဘက်လင်းမီးစနစ်၊ Projector ရှေ့မီးကြီးနှင့်အတူ Chevrolet ၏ ပင်ကိုယ်ဟန်ပြောင်လက်နေသည့် ခရိုမီယမ် နှစ်ထပ်ရှဲ နှင့် တွဲဆက်ထားသည်။

Tahe တွင် Eco Tech 3 နည်းပညာကို အသုံးပြုထားသည့် 5.3 L V8 အင်ဂျင်ကို တပ်ဆင်ထားပြီး မြင်းကောင်ရေ ၃၅၅ ကောင်အားထုတ်ပေးနိုင်ကြောင်း သိရသည်။ ကားအတွင်းခန်းတွင် Mylink System ၊ Apple Car Play ၊ Blue Ray စသည့် နည်းပညာဖြင့်ဖျော်ဖြေရေးအသုံးအဆောင်များနှင့် Wireless Charging ပါဝင်သည်။ Side Blind Zone Alert ၊ Rear Cross Traffic Alert ၊ Forward Collision Alert ၊ Cruise Control ၊ Automatic Front Braking စသည့် အဆင့်မြင့်လုံခြုံရေးစနစ်များလည်း ပါဝင်ပြီး အသက်ကယ်လေအိတ် ၆ လုံး လည်း ပါဝင်ပါသည်။

Trax မိုဒယ်ကို LT ဂရိတ် တစ်ခုတည်းဖြင့် ရရှိမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄၅,ဝဝဝ နှင့် Tahoe မိုဒယ်ကို အမေရိကန်ဒေါ် လာ ၁၆၉,ဝဝဝ ဖြင့်ရောင်းချပေးနေကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here