Changan CS75 Plus

232

Changan Automobile မှ Compact Crossover (A+Class SUV) Changan CS75 ကို ၂၀၁၃ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့သည်။ CS75 ကို ၂၀၁၈ ခုနှစ်အထိ ထုတ်လုပ်ခဲ့ပြီးနောက် ကားဒီဇိုင်းနှင့် အတွင်းဂရိတ် အဆင့်မြင့်ပြောင်းလဲကာ ဒုတိယမျိုးဆက် CS75 Plus ကို ၂၀၁၉ ခုနှစ်တွင် Shanghai Auto Show ၌ စတင်မိတ်ဆက်ခဲ့သည်။ တရုတ်ပြည်တွင်းမှာသာမက အာရှအရှေ့အလယ်ပိုင်းနှင့် ဥရောပနိုင်ငံများတွင်လည်း ဈေးကွက်အောင်မြင်မှုရရှိခဲ့သည့် CS75 Plus ကို မြန်မာအားသစ်မာန်ကုမ္ပဏီမှ CBU စနစ်ဖြင့် တင်သွင်းမည်ဖြစ်သလို SKD စနစ်ဖြင့်လည်း တပ်ဆင်ထုတ်လုပ်ပြီး မြန်မာပြည်တွင် ဖြန့်ဖြူးရောင်းချတော့မည်ဖြစ်သည်။

 

Changan CS75 Plus ကို ဝယ်ယူလိုပါက 01- 644763, 644240, 644876, 09- 795666763 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပြီး အရောင်အနေဖြင့် Andean Gray, Noble Black, Interstellar Blue, Putty, Dazzling White တို့ကို ရရှိနိုင်မှာဖြစ်ပါတယ်။

 

Changan CS75 Plus ကို High Pressure Direct Injection Engine ဖြင့် H15TG-AD နှင့် D20TGDI နှစ်မျိုး ထုတ်လုပ်ထားကာ အင်ဂျင်ပါဝါ ၁၅၀ဝ စီစီတာဘိုတွင် Auto Gear ခြောက်ချက်၊ မြင်းကောင်ရေအား 175hp ထွက်ရှိပြီး အင်ဂျင် ပါဝါ ၂၀ဝ၀ စီစီတာဘိုတွင် Auto Gear ရှစ်ချက်၊ မြင်းကောင်ရေအား 233hp ထွက်ရှိသည်။ Driving Mode တွင် Eco ၊ Normal ၊ Sport စနစ် သုံးမျိုးကို ယာဉ်မောင်းသူ စိတ်ကြိုက်မောင်းနှင်နိုင်မည်ဖြစ်သည်။

 

ကားအရှေ့ဘက်ဒီဇိုင်းတွင် ခံ့ညားသည့် ပျားအုံပုံ သဏ္ဌာန်ရှဲလ်ကို အသုံးပြုထားပြီး ကြက်ခြေခတ် လိုင်းများဖြင့် ပုံဖော်ထားသည်။ ရှဲလ်၏ ထိပ်ဘက် အလယ်တွင် 3D ပုံစံ Changan Logo ကို တပ်ဆင်ထားပြီး CS Model ၏ အမှတ်သင်္ကေတဖြစ်သော S စာလုံးကို Logo ဘယ်ဘက်တွင် စာ လုံးအနီဖြင့် တွေ့မြင်ရမည်ဖြစ်သည်။ လိုဂို၏ အောက်ကပ်လျက်တွင် ရှေ့ကင်မရာကို တပ်ဆင် ထားသည်။

 

ရှေ့မီးခွက်အုံသည် လိပ်ပြာတစ်ကောင် တောင်ပံစုထားသည့်ပုံစံဖြစ်ပြီး မီးခွက်အုံအတွင်းရှိ လေဝင်လေထွက် ပေါက်များကို ရှဲလ်ဒီဇိုင်းအတိုင်း ကြက်ခြေခတ်လိုင်းဖြင့် ပုံဖော်ထားသည်။ Headlight နှင့် Fog Lamp များကို ရေ ခဲအက်ကြောင်းကွဲ ပုံသဏ္ဌာန်ဒီဇိုင်းဆင်ထားပြီး Halogen Lamp ထက် ၆၄ ရာခိုင်နှုန်း အလင်းအားပိုကောင်းမည် ဖြစ်သလို နည်းပညာမြင့်မားသော Fully Led မီးလုံးများ အသုံးပြုထားသည်။ Day Time Running Light များကိုလည်း LED မီးတန်းအရှည်ဖြင့် ပြုလုပ်ထားပြီး ဘယ်ဘက်နှင့် ညာဘက်မီးခွက်ကြားတွင် ငွေရောင် Chrome တန်းနှင့် သွယ်ဆက်ထားသည်။

 

နူးညံ့သည့် Leather ကြိုးချုပ် D-Shaped ပုံစံ စတီယာရင်တွင် Changan Logo နှင့်အတူ ငွေရောင် Chrome များဖြင့် အနားကွပ်ထားသည်။ စတီယာရင်ဘယ်ဘက်တွင် Cruise Control ခလုတ် နှင့် ညာဘက်တွင် Infotainment စနစ်အတွက် Volume Control ၊ Bluetooth Phone Function များအပါအဝင် Control ခလုတ်များ တပ်ဆင်ထားသည်။ Smart Driving တွင် Fully Automatic Parking ၊ Vehicle Speed Limit ၊ Cruise Control ၊ Traffic Sign Recognition တို့လည်း ပါဝင်သည်။ Dashboard အလယ်တွင်ရှိသည့် Infotainment Screen နှင့် Center Console ကို 12.3 Inches စီရှည်သော HD/3D Screen နှင့်အတူ ဆန်းသစ် လှပစွာ မြင်တွေ့ရမည်ဖြစ်သည်။ CD Player ၊ DVD Player ကို Speaker ရှစ်လုံးဖြင့် ချိတ်ဆက်ထားသောကြောင့် အသံထွက်စနစ်ကောင်းမွန်သည့် Pioneer High-Performance Audio Systemကို ခံစားရမည်ဖြစ်သည်။ Digital Aircon စနစ်ဖြစ်ပြီး နောက်တန်း အတွက်လည်း Round/Dual Aircon ပါရှိမည်ဖြစ်သည်။

 

Sport Type ပုံစံ ရှေ့ထိုင်ခုံများကို Fully Leather Grade ဖြင့် ပြုလုပ်ထားပြီး ယာဉ်မောင်းသူဘက်အခြမ်းတွင် Seat Motor ၊ ထိုင်ခုံအပူပေးစနစ် (Heating Function) နှင့် Massage Function များပါဝင်ပြီး Passenger ထိုင်ခုံ တွင်လည်း Seat Motor တပ်ဆင်ထားသည်။ ငါးယောက် စီးကားအမျိုးအစားဖြစ်ကာ နောက်တန်းထိုင်ခုံများကိုလည်း Leather ဖြင့် ပြုလုပ်ထားသလို ခေါင်းမှီသုံးလုံးနှင့် အ လယ်လက်တင် အံခွက်လည်းပါရှိသည်။

 

CS75 Plus သည် Safety စနစ်ကောင်းများ ပါဝင်ခြင်းကြောင့် C-NCAP 5 Stars ရရှိ ထားသော ကားဖြစ်သည်။ Safety ပိုင်းအတွက် လမ်းကွေ့များတွင် ကားကိုယ်ထည်ကို ထိန်းကျောင်းပေးမည့် Body Stability Control ၊ Hydraulic Brake Assist ၊ သတ်မှတ်မိုင်နှုန်းတစ်ခုကို ထိန်းချုပ်ပေးမည့် Speed Sensing Automatic Lock ၊ ယာဉ်၏ဘီးတွင် ရုန်းအားလျော့ပြီး စလစ်ဖြစ်မှုကို ကာကွယ်ပေးမည့် Traction Control System ၊ Automatic Parking ၊ 360 Degree Camera တို့အပါအဝင် အဆင့်မြင့် Safety စနစ်များ စွာပါဝင်သည်။ ကားအတွင်းခန်းတွင် စီးနင်းလိုက်ပါသူများအတွက် အရှေ့ခန်းတွင် Airbag အရှေ့နှစ်လုံးနှင့် ဘေးဘက်တွင် နှစ်လုံးပါဝင်ပြီး နောက်ခန်းအတွက် အနောက်ပေါင်တွင် လည်း Airbag နှစ်လုံးပါဝင်သည်။ ထို့ပြင် အရှေ့နှင့်အနောက်တွင် Radar ၁၂ လုံးတပ် ဆင်ထားသောကြောင့် လုံခြုံမှုကို အပြည့် အဝ ပေးစွမ်းနိုင်မည်ဖြစ်သည်။ ကားဘော်ဒီများကို ယာဉ်မတော်တဆဖြစ်ခဲ့လျှင် ဘေးကင်းလုံခြုံရေး အဓိကထားပြီး သုတေသန ပြုလုပ်ထားသည့် သံမဏိပေါင်ပတ်ချာလည် (High Tensile Strength Steel Frame)ဖြင့် ပြုလုပ်ထားသည်။

 

အရှေ့ Suspension ကို McPherson နှင့်အနောက် Suspension ကို Multi-Link အသုံးပြုထားသောကြောင့် လမ်းကြမ်းများမောင်းနှင်ရာတွင် ငြိမ့်ညောင်းမှုအပြည့်အဝပေးစွမ်းနိုင်မည် ဖြစ်သည်။ ကားဘီးများ တွင် ၁၈ လက်မအရွယ် ခေတ်မီလှပသော အလူမီနီယံအလွိုင်းများ တပ်ဆင်ထားသည်။ CS75 Plus အရွယ်အစားမှာ အလျား 4690 mm ၊ အနံ 1865 mm ၊ အမြင့် 1710 mm ၊ Wheel Base 2710 mm ဖြစ်သည်။

အနောက်ဘက်မီးလုံးများကို ဖီးနစ်ငှက်မျက်လုံးမီး တောက်သဏ္ဌာန်ပုံဖော်ထားပြီး နောက်ဖုံးတံခါးသည် Motor ပါရှိသည်။ နောက်ဘမ်ပါအောက်တွင် Dual Exhaust တပ်ဆင်ထားပြီး ခေါင်မိုးတွင်လည်း Panoramic Sunroof ပါရှိသောကြောင့် ခံ့ညားလှပသည့် Crossover ကားတစ်စီးအဖြစ် မြင်တွေ့ရမည်ဖြစ်သည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here