ယခုနှစ်အတွင်း YBS ယာဉ်များအားလုံး၌ YPS ကတ်စနစ်အသုံးပြုခွင့်ရရှိရန် ဆောင်ရွက်မည်
ရန်ကုန်၊ ဇန်နဝါရီ
ယခုနှစ်အတွင်း YBS ယာဉ်များ အားလုံးတွင် YPS ကတ်ဖြင့် ယာဉ်စီးခပေးချေခြင်းစနစ်ကို အသုံးပြုခွင့်ရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Asia Starmar Transport Intelligent ကုမ္ပဏီမှ သိရ သည်။
YBS ယာဉ်များအားလုံးတွင် ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေနိုင် ရန်အတွက် လစဉ်ယာဉ်အစီးသုံးရာစီ ထပ်တိုးပြီး YPS...
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်ရမှသာ အဝေးပြေးယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲနိုင်မည်
ရန်ကုန်၊ ဇန်နဝါရီ
ပြည်တွင်း လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲသကဲ့သို့ COVID-19 ရောဂါ ကာကွယ်ထိန်း ချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်ရမှသာ အဝေးပြေးယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။
အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲခြင်းအတွက် သီးသန့်ညွှန် ကြားချက်ဖြင့် ရပ်နားထားခြင်း မဟုတ်သော်လည်း ကျန်းမာရေး...
လက်/ညွှန်နှင့်အောက်ဝန်ထမ်းများ ကားဝယ်ယူခွင့်အတွက် အဆင့်နှစ်ဆင့်ဖြင့် ဆောင်ရွက်ရမည်
ရန်ကုန်၊ ဇန်နဝါရီ
လက်/ညွှန်နှင့်အောက် ဝန်ထမ်းများ ကားဝယ်ယူခွင့်အတွက် အဆင့်နှစ် ဆင့်ဖြင့် ဆောင်ရွက်ရမည် ဖြစ် ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
လက်/ညွှန်နှင့်အောက် ဝန်ထမ်းများကို ပါမစ်လျှောက်ထားခွင့် ပြုရာတွင် ပထမအဆင့်တွင် မှတ် ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ အမြဲတမ်း အတွင်းဝန် လက်မှတ်ထိုးသည့်စာ ပါရှိပါက...
အိန္ဒိယ-မြန်မာချစ်ကြည်ရေးလမ်းပိုင်းရှိ ပျက်စီးနေသောတံတားများကို ပြုပြင်မှုစတင်
မန္တလေး၊ ဇန်နဝါရီ
အိန္ဒိယ-မြန်မာချစ်ကြည်ရေး နယ်စပ်ကုန်သွယ်ရေး လမ်းမကြီး၏ အစိတ်အပိုင်းဖြစ်သော ကလေး-ကလေးဝလမ်းပိုင်းရှိ ဆိုးရွားစွာ ပျက်စီးနေသည့် ဘေလီတံတားများကို ဇန်နဝါရီ ၉ ရက်မှစ၍ ပြုပြင်မှုများ စတင်လုပ်ဆောင်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁)မှအမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်က ပြောကြားသည်။
"အိန္ဒိယအစိုးရ အကူအညီနဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ မစတင်မီ...
Covid – 19 အလွန်ကာလ မြစ်တွင်းသင်္ဘောခရီးစဉ် ပြေးဆွဲနိုင်ရန် စီစဉ်နေ
မန္တလေး၊ ဇန်နဝါရီ
Covid - 19 အလွန်ကာလ ပြည်တွင်း ခရီးသွားကဏ္ဍ ပြန်လည်ဦးမော့လာရေးအတွက် မန္တလေးမြို့အနီး ဧရာဝတီမြစ်ကြောင်းအတွင်း မြစ်တွင်းသင်္ဘောခရီးစဉ် ပြေးဆွဲနိုင်ရန် ပြည်တွင်းရေကြောင်းဦးစီးဌာနနှင့် ညှိနှိုင်းဆွေးနွေးပြီး ဖြစ်၍ အဆင်သင့်အနေအထားဖြစ်ရန် စီ စဉ်နေကြောင်း မန္တလေးဧည့်လမ်း ညွှန်များအသင်းမှ သိရသည်။
"ဟိုတလောကတင် ပြည်တွင်းရေကြောင်းနှင့် ညှိပြီးပြီ၊ ပြည်တွင်း...
လက်/ညွှန်နှင့်အောက်ဝန်ထမ်းများကို ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့်ပေးရန် ပြန်လည်သုံးသပ်နေခြင်း မရှိသေး
ရန်ကုန်၊ ဇန်နဝါရီ
လက်/ညွှန်နှင့်အောက်ဝန်ထမ်းများ ကို ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့်ပေးရန် ပြန်လည်သုံးသပ် နေခြင်းမရှိသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ညွှန် နှင့်အောက်အဆင့် ဝန်ထမ်းများကို ပါမစ်ထုတ်ပေးရာတွင် SKD ဖြင့် ထုတ်လုပ်သည့် ၁၈၀ဝ စီစီနှင့် အောက်ကားများ (သိန်းသုံးရာနှင့် ညီမျှသော စက်ရုံထုတ်ရောင်းဈေး)...
မန္တလေးနှင့်အနီးတစ်ဝိုက်ဒေသများတွင် Edu Travel များ ပြုလုပ်သွားရန် စီစဉ်နေ
မန္တလေး၊ ဇန်နဝါရီ
မန္တလေးမြို့နှင့်အနီးတဝိုက်ဒေသများတွင် နေ့ချင်းပြန်သွားရောက်လည်ပတ်မည့်ခရီးစဉ်များ အကောင်အ ထည်ဖော်ရာ၌ ခရီးမသွားတတ် သူများကို ခရီးသွားတတ်စေရန် သင်ကြားပေးသွားမည့် Edu Travel အစီအစဉ်ကို အကောင်အထည်ဖော်သွားရန် စီစဉ်နေကြောင်း မန္တလေး ဧည့်လမ်းညွှန်အသင်းမှ သိရသည်။
"ခရီးသွားတွေကို ခရီးမ သွားတတ်လို့ သွားတတ်အောင် နိကခအေန လုပ်မယ့်သဘောပါ၊ အဲ ဒါကို...
ကလေး-ကလေးဝ ကားလမ်းမကြီးတစ်လျှောက် အန္တရာယ်ကွေ့နေရာများတွင် Guard Rail များ တပ်ဆင်မည်
ကလေး၊ ဇန်နဝါရီ
အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ် ရေးလမ်းမကြီး၏ အစိတ်အပိုင်းဖြစ် သော ကလေး-ကလေးဝကားလမ်း မကြီးတစ်လျှောက်ရှိ အန္တရာယ် ကွေ့နေရာများတွင် Guard Rail များ တပ်ဆင်သွားမည်ဖြစ်ကြောင်း ကလေးခရိုင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်ကပြော ကြားသည်။
"ကျွန်တော်တို့ ဒေသရဲ့ ကလေး-ကလေးဝကားလမ်းမက မြစ်ဘေးလည်းဖြစ်တယ်၊ အကွေ့ အကောက်လည်းများတယ်၊ ဒါကြောင့်...