CarsDB SUV Show 2019 ကို သြဂုတ် ၁ဝ ရက်နှင့် ၁၁ ရက်တို့တွင် Novotel Hotel ၌ ကျင်းပမည်

309

ရန်ကုန်၊ သြဂုတ်

CarsDB SUV Show 2019 ကို သြဂုတ် ၁ဝ ရက်နှင့် ၁၁ ရက်တို့တွင် Novotel Hotel ၌ ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။

CarsDB SUV Show 2019 တွင် BMW ၊ Volvo ၊ Jaguar ၊ Land Rover ၊ Toyota (Aye & Sons) ၊ GAC ၊ Hyundai (Cherry Myo Ko) အစရှိသည့် ကားအရောင်းပြခန်း များမှ SUV Brand များ ပါဝင်ပြသမည် ဖြစ်သည်။

‘‘CarsDB SUV Show 2019 ကျင်းပပြုလုပ်ရတဲ့ ရည်ရွည် ချက်က အခုလိုမိုးရာသီမှာ မြန်မာပြည် လမ်းအနေအထားနဲ့ သင့် တော်ပြီး လူကြိုက်များတဲ့ SUV ကားတွေကို  တစ်နေရာတည်းမှာ စုံစုံလင်လင်နဲ့ မြင်တွေ့နိုင်အောင် ဖြစ်ပါတယ်၊ ပြပွဲကာလအတွင်းမှာ CarsDB  ကပေးမယ့် လက်ဆောင် ပစ္စည်းတွေကို ရယူနိုင်မှာဖြစ်သလို AYA Bank ကလည်း ၁ဝ ရာခိုင် နှုန်း Down Payment ပေးသွင်းရုံနဲ့ ကား ဝယ်ယူလို့ရအောင် ဆောင် ရွက်ပေးမှာ ဖြစ်ပါတယ်၊ နောက်ပြီး ပါဝင်ပြသမယ့် Brand တွေဘက် ကလည်း Promotion အမျိုးမျိုးနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်’’ဟု CarsDB မှ COO ဦးဝေဖြိုးကျော် ကပြောသည်။

CarsDB SUV Show 2019 တွင် BMW မှ X1 နှင့် X2 ၊ Volvo မှ ဌဃ၄ဝ ၊ XC60 နှင့် XC60 ၊ Jaguar မှ E-Pace ၊ Land Rover မှ All New Evoque နှင့် Ne Range Rover Sport ၊ Toyota (Aye & Sons) မှ Rush နှင့် Fortuner ၊ GAC မှ GS8 နှင့် GM8 ၊ Hyundai (Cherry Myo Ko) မှ Creta နှင့် Accent တို့ကို ပြသရောင်းချမည် ဖြစ်သည်။ ထို SUV Show တွင် ပါဝင်ပြသမည့် ကားများထဲမှ ကား အချို့ကို Test Drive မောင်းနှင် နိုင်ကြောင်း သိရသည်။

ရဲထွန်းေကျာ်

LEAVE A REPLY

Please enter your comment!
Please enter your name here