Carport အကြောင်း တစေ့တစောင်း

889

Carport ဆိုတာ ကားတွေကို မိုးဒဏ်၊ နှင်းဒဏ်ကနေ ကာကွယ်ဖို့အတွက် ပြုလုပ်ထားတဲ့ အမိုးအကာတစ်ခု ဖြစ်ပါတယ်။ သူ့ဘာသာ သီးခြားထောင်မတ်ထားတာမျိုး ဖြစ်နိုင်သလို နံရံတစ်ခုနဲ့ တွဲဆက်ထားပြီး အဖီသဘောမျိုး အမိုးထုတ်ထားတာလည်း ဖြစ်နိုင်ပါတယ်။ ပုံမှန်ကားဂိုဒေါင်တွေလို လေးဖက်လေးတန်နံရံတွေ မပါဝင်ဘဲ နံရံ တစ်ဖက်၊ ဒါမှမဟုတ် နှစ်ဖက်ပဲ ပါဝင်ပါတယ်။ Carport တွေက ဂိုဒေါင်တွေလောက်တော့ ကားကို အကာအကွယ် မပေးနိုင်ပေမဲ့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ လေဝင်လေထွက် ပိုကောင်းပါတယ်။ ဖြုတ်ရ၊ တပ်ရ အဆင်ပြေပြီး တစ်နေရာနဲ့တစ်နေရာ ရွှေ့လို့လွယ်ကူတဲ့ Carport တွေကိုတော့ အများအားဖြင့် ခေါင်းပွစတီးဖရိမ်မှာမှ ရွက်ဖျင်စ၊ ဒါမှမဟုတ် ဗီနိုင်းစတွေနဲ့ တွဲစပ်ပြုလုပ်လေ့ရှိပါတယ်။ ယေဘုယျ ပြောရရင် Carport ဆိုတာ ကားတစ်စီးကို ကာကွယ်ဖို့အတွက် စျေးနှုန်းသက်သာပြီး ထိရောက်တဲ့ နည်းလမ်းလို့ ဆိုနိုင်ပါတယ်။

 

သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ဃမေစသမအ ဝေါဟာရကို နာမည်ကျော် အမေရိကန်ဗိသုကာ ပညာရှင် Frand Lloyd Wright  ဆိုသူက ထွင်ခဲ့တာဖြစ်ပြီး ဖုံးအုပ်ထားတဲ့ မုခ်ဝလို့ အဓိပ္ပာယ်ရတဲ့ ‘ porte-cochère ‘ ဆိုတဲ့ ပြင်သစ်ဝေါဟာရတစ်ခုကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ၁၉၃၆ ခုနှစ်တုန်းက Wisconsin ပြည်နယ်၊ Madison မြို့က Wright ဖန်တီးတဲ့ Herbert Jacobs House အမည်ရ Usonian   စတိုင်လ် အိမ်လက်ရာတစ်ခုမှာ Carport တစ်ခုကို ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ ၁၉ဝ၉ ခုနှစ် လောက်ကတည်းက ဗိသုကာပညာရှင် Walter Burley Griffin ဆိုသူက Carport ကို သူ့ရဲ့ အိမ်ဒီဇိုင်းတွေမှာ အသုံးပြုခဲ့ပြီး ၁၉၁၃ ခုနှစ် ရောက်တဲ့အခါမှာတော့ Carport တွေကို တခြားဗိသုကာပညာရှင် အတော်များများကလည်း ဖန်တီးအသုံးပြုလာတာ တွေ့ ရပါတယ်။ တိကျတဲ့ သမိုင်း အထောက်ထားတွေ အရတော့ ၁၉၁ဝ ပြည့်နှစ် မှာ အမေရိကန် ပြည်ထောင်စု၊ Illinois ပြည် နယ်က W. B. Sloane House  ဟာ carport ပါဝင်တဲ့ ကမ္ဘာ့ပထမဦးဆုံး နေအိမ်ဒီဇိုင်းဖြစ်တယ်လို့ သိရပါတယ်။

 

ခေတ်စနစ်တွေ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ နောက်ပိုင်းအသုံးပြုလာကြတဲ့ Carport တွေကို စတီး၊ သံဖြူ၊ ဒါမှမဟုတ် အလူမီနီယမ် အစရှိတဲ့ သတ္တုအမျိုးအစား တစ်မျိုးမျိုးနဲ့ ဖန်တီးလာကြပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ Carport တွေကို ခေတ်မီတဲ့ ပုံစံဒီဇိုင်းအမျိုးမျိုးနဲ့ ဖန်တီးဆောက်လုပ်လာကြချိန်မှာ ကျန်တဲ့ ကမ္ဘာ့နိုင်ငံတွေမှာတော့ Flat-roofed ပုံစံအသေပဲ ဆောက်လုပ်ကြပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ သတ္တု Carport တွေကို တောင့်တင်းခိုင်မာမှုနဲ့ အမိုးပုံစံအပေါ်မူတည်ပြီး regular ၊ Boxed-Eave နဲ့ Vertical ဆိုပြီး အမိုးပုံစံတွေ ခွဲခြားထားပါတယ်။ အခုနောက်ပိုင်းမှာတော့ ဆိုလာပြားတွေနဲ့ ဖန်တီးထားတဲ့ ခေါင်မိုးတွေနဲ့ စွမ်းအင်လည်းရ၊ ကားတွေအတွက်လည်း လုံခြုံမှုပေးနိုင်တဲ့ ခေတ်သစ် Carport ဒီဇိုင်းတွေအများကြီး ပေါ်ထွက်လာခဲ့ပါပြီ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here