Car Market Review

1336

လာမည့်နှစ်မှစ၍ ဘယ်မောင်းကားတစ်မျိုးတည်းကိုသာ တင်သွင်းရမည်ဟု သတင်းများထွက်ပေါ်လာပြီး နောက်ပိုင်းတွင် စလစ်ကပ်ကားတင်သွင်း မှုများလာသလို ရန်ကုန်လိုင်စင်ဖြင့် အင်ဂျင်ပါဝါ ၁၃ဝဝ စီစီကားများလည်း တင်သွင်းမှု ရှိလာခဲ့သည်။ ယခုလအတွင်း ကားဈေးနှုန်းများ တည်ငြိမ်နေခြင်းကြောင့်လည်း အရောင်းအဝယ် ပြန်လည် လည်ပတ်လာကြောင်း သိရသည်။ ယာဉျရောင်းဝယ်ရေးစခန်းများတွင် နယ်လိုင်စင် စတိနံပါတ် ကားများ အဝယ်လိုက်နေသလို ကားအရောင်းစင်တာများတွင်လည်း Consignment လက်ကျန် ၁၃ဝဝ စီစီကားများ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

”ပြီးခဲ့တဲ့နှစ်ကုန်ခါနီးနဲ့ စလစ်ကပ်ကားတွေကို ဝင်ငွေခွန်တွေ စတင်ကောက်ခံတဲ့ ဧပြီလ၊ မတ်လတွေမှာ ကားဈေးတွေ တက်သွားတဲ့အတွက် အရောင်းအဝယ်တွေ အေးစက်ခဲ့ပါတယ်၊ အခုအချိန်မှာတော့ ဈေးတန်းက ငြိမ်သွားတဲ့အတွက် အရောင်းအဝယ် ပြန်ကောင်းလာပါတယ်၊ ဥပမာ လူတစ်ယောက်က ကားဝယ်ဖို့ စဉျးစားတဲ့အချိန်မှာ ရုတ်တရက်ဈေးတက် သွားတဲ့အတွက် မဝယ်တော့ဘဲ ငွေပြန်စုတယ်၊ ဒီချိန်မှာ ဈေးတွေတက်တာ လည်း ငြိမ်သွားပြီး သူလိုချင်တဲ့ကားကို ဝယ်နိုင်မယ့် ငွေပမာဏလည်း ရသွားတဲ့အခါ ဝယ်လာကြတယ်၊ ဒီရက်ပိုင်းမှာ ရန်ကုန်လိုင်စင်နဲ့ ၁၃ဝဝ စီစီကားလေးတွေ ဈေးကွက်ထဲ ဝင်လာပေမဲ့လည်း နယ်လိုင်စင်နဲ့ကြားမှာ ဈေးကွာဟတဲ့အတွက် နယ်အဝယ်တွေကလည်း အရင်လို ရန်ကုန်လိုင်စင် ပဲဝယ်မယ်ဆိုတာမျိုး မဟုတ်တော့ဘဲ သင့်တော်တဲ့ နယ်လိုင်စင်ကားကို ရွေးပြီး ဝယ်လာကြပါတယ်၊ Honda Insight ဆိုရင် ရန်ကုန်လိုင်စင်နဲ့ နယ်လိုင်စင်ကြားမှာ သိန်းနှစ်ဆယ်ကနေ သိန်းသုံးဆယ်အထိ ကွာဟတဲ့ အတွက် နယ်အဝယ်တွေက နယ်လိုင်စင်ကားကိုပဲ ရွေးချယ်လာကြတယ်၊ ရန်ကုန်လိုင်စင်ကားက စလစ်ကပ်ပြီး တင်သွင်းရတာဖြစ်လို့ နယ်လိုင်စင် ကားဈေးအတိုင်း ချမရောင်းနိုင်ဘူး၊ နောက်ပြီး လာမယ့်နှစ်မှာ ဘယ် မောင်းကားတွေကိုပဲ တင်သွင်းခွင့်ပေးဖို့ များနေတဲ့အတွက် နှစ်မကုန်ခင် အထိ အရောင်းအဝယ်တွေ ပိုကောင်းဖို့ ရှိပါတယ်”ဟု ကိုသီဟ(MHIC)က ဆိုသည်။

ယခုလအတွင်း ကားဈေးများ မာနေသော်လည်း အရောင်းအဝယ် ပုံမှန်ဖြစ်နေပြီး မိုးတွင်းကာလ ဖြစ်သောကြောင့် 4ြှှD ကားများ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ အင်ဂျင်ပါဝါ ၁၃ဝဝ စီစီကားများထဲတွင် စတိနံပါတ် Toyota Axio ၊ Honda Fit Shuttle ၊ Honda Fit GK3 ကားများ အရောင်းအဝယ်ဖြစ်နေသကဲ့သို့ ရန်ကုန်လိပ်စာပေါက် နံပါတ် ထွက်ပြီးသား ကားများထဲတွင်လည်း Honda Fit ၊ Toyota Belta ၊ Toyota Probox များ အရောင်းအဝယ် ဖြစ်နေသည်။ တက်ကစီကားများ ထဲတွင် Toyota Fielder နှင့် Toyota Probox ကားများ အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

”ဒီရက်ပိုင်းမှာ ကားဈေးတွေ မာနေတဲ့အတွက် ရောင်းအကောင်း ကြီးမဟုတ်ပေမဲ့ ပုံမှန်တော့ ဖြစ်နေပါတယ်၊ မိုးတွင်းကာလဖြစ်တဲ့အတွက် လည်း 4WD ကားတွေ အရောင်းအဝယ်ဖြစ်ပြီး ၁၃ဝဝ စီစီ စတိနံပါတ် ကားလေးတွေထဲက Toyota Axio ၊ Honda Fit Shuttle ၊ Honda Fit GK3 ကားတွေ အဝယ်လိုက်နေပါတယ်၊ အရင်လက စလစ်ဈေးကျသွား တဲ့အတွက်လည်း ရန်ကုန်လိုင်စင်နဲ့ တင်သွင်းတဲ့ ၁၃ဝဝ စီစီကားလေးတွေ ဈေးကွက်ထဲ ဝင်လာပါတယ်၊ ရန်ကုန်လိုင်စင်နဲ့ တင်သွင်းတဲ့ ၁၃ဝဝ စီစီ ကားတွေထဲမှာ Honda Fit Shuttle ၊ Honda Fit GK3 ကားတွေ တင်သွင်းတာ များပါတယ်၊ မိုးရာသီဖြစ်တဲ့အတွက် ဧရာဝတီ၊ မန်တလေးဘက် က နယ်အဝယ်တွေက 4WD တွေ လိုက်ဝယ်ကြပါတယ်၊ နောက်ပြီး သိန်းငါးရာ၊ သိန်းခြောက်ရာကြား နံပါတ်အနိမ့် Land Crusier တွေကို ဝယ်လာကြပါတယ်”ဟု KMT Auto မန်နေဂျင်းဒါရိုက်တာ ကိုကျော်မင်းထွန်းက ဆိုသည်။

ကားအရောင်းစင်တာများမှ တင်သွင်းထားသည့် ၂ဝဝ၆ မိုဒယ်အောက် Consignment ကားများကို စလစ်အစားထိုး ကျပ်သိန်း ၃ဝ/၆ဝ ဖြင့် ဝယ်ယူခွင့်ပါမစ်အတွက် ကညနမှ ငွေသွင်းခြင်းကို လက်ခံ ဆောင်ရွက်နေပြီ ဖြစ်သော်လည်း မှတ်ပုံတင်ပြုလုပ်မည့် အစီးရေ နည်းသောကြောင့် နယ်လိုင်စင် ကားဈေးကွက်မှာ အပြောင်းအလဲ ရှိလာနိုင်မည် မဟုတ်ကြောင်း သိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ Consignment လက်ကျန်ကားများကို ပါမစ်လျှောက်ခွင့်ပေးရန် ကားအရောင်းစင်တာများထံ စာရင်းကောက်ယူရာတွင် လက်ကျန်ကား အစီး ၁,ဝ၃ဝ ရှိသော်လည်း မှတ်ပုံတင်ပြုလုပ်နိုင်ခြေရှိသည့် ကားအရေအတွက်မှာ အစီးနှစ်ရာဝန်းကျင်သာရှိကြောင်း ကားတင်သွင်းသူများက ခန့်မှန်းထားကြသည်။

စလစ်ကပ်ကားတင်သွင်းမှု များလာခြင်းကြောင့် စလစ်ဈေးလည်း ကျပ် ၁ဝ၃ သိန်းဝန်းကျင်အထိ ပြန်လည်ရောက်ရှိသွားပြီး စက်မှုဇုန်စလစ်သည် ကျပ် ၁ဝ၁ သိန်းဝန်းကျင်၊ တက်ကစီစလစ်သည် ကျပ် ၁၁၁ သိန်းဝန်းကျင်၊ တိုက်ကြေစလစ်သည် ကျပ် ၉၆ သိန်းဝန်းကျင် ပေါက်ဈေးရှိကြောင်း သိရသည်

 

LEAVE A REPLY

Please enter your comment!
Please enter your name here