Car Catalog

150

BAIC Beijing X7 သည် All New Design ဖြင့် ထုတ်လုပ်ထားသည့် Mid-Size SUV ဖြစ်ပြီး အနာဂတ်ကားလောက၏ ပထမခြေလှမ်းဟု ဆိုရလောက်သည့် ဒီဇိုင်းပိုင်းနှင့် နည်းပညာပိုင်းတို့က ကားချစ်သူများ အံ့အားသင့်ရလောက်အောင် ဖမ်းစားနိုင်ခဲ့သည်။ ထို့ကြောင့် ခေတ်ဆန်ပြီး Stylish ဖြစ်သည့် ဒီဇိုင်းမှ အစပြုကာ Fully Digital အခင်းအကျင်းဖန်တီးမှုဖြင့် ပွဲထွက်လာသည့် X7 မိုဒယ်၏ ထူးခြားမှုများစွာကို Car Catalog ကဏ္ဍတွင် သိရှိခံစားနိုင်မည်ဖြစ်သည်။

Beijing X7 ကို ဈေးနှုန်း ကျပ် ၄၂၈ သိန်း သတ်မှတ်ထားကာ BAIC Myanmar Showroom (Ph : 09 4303 8888 / 09 940 083 888)နှင့် BAIC အရောင်းကိုယ်စားလှယ်များထံတွင် ဝယ်ယူနိုင်ပြီး အရောင်အနေဖြင့် White ၊ Black ၊ Silver ၊ Brown စသည့်အရောင်များ ရွေးချယ်နိုင်မည်ဖြစ်သည်။

Beijing X7 Model တွင် 1.5 Turbo Gasoline Direct Injection Engine – GDI (188 hp) အင်ဂျင်နှင့် 7 Speed Dual Clutch Transmission အသုံးပြုထားကာ Steering သည် Electronic Power Steering ဖြစ်သည်။

MacPherson Strut Suspension ကို အရှေ့ဘက်၊ Multi-link Suspension ကို အနောက်ဘက်တွင် တပ်ဆင်ထားသည်။ ကား ကိုယ်ထည်သည် Integral Body Structure Type ဖြစ်ပြီး ကား အရှေ့ဘက်တွင် Ventilated Disc Brake နှင့် ကားအနောက်ဘက်တွင် Disc Brake တို့ တပ်ဆင်ထားသည်။

ဝင်ကြွားပြီး Stylish ဖြစ်သည့် အရှေ့ဘက်ဒီဇိုင်းတွင် ခေတ်ရှေ့ပြေးသည့် မီးလုံးများတပ်ဆင်ထားကာ အရှေ့မီးလုံးများသည် Galaxy LED Headlights Type ဖြစ်ပြီး LED မီးလုံးသုံးခုဖြင့် DRL Line နှင့် Auto Adjustment Function များပါဝင်သလို စိတ်ကြိုက်ဒီဇိုင်းသုံး မျိုးအထိ ပြောင်းလဲအသုံးပြုနိုင်သည်။ နှင်းခွဲမီးများသည် LED Fog Light Type ဖြစ်သည်။

235 / 55 R 19 Tyre နှင့် 19-inch Alloy Wheel ပေါင်းစပ်ထားပြီး ဘေးဘက်တွင် Aerodynamic ဖြစ်အောင် အချိုးကျသည့် ဖောင်းလိုင်းများဖြင့် Beijing X7 ဘေးဘက်ကို မြင်တွေ့နိုင်မည်ဖြစ် သည်။

ထူးခြားမှုအနေဖြင့် Beijing X7 ၏ Door Handle များသည် Hidden Intelligent Door Handle Type များဖြစ်သည်။ ကားတံခါးနှင့် တစ်သားတည်းဖြစ်ပြီး Lock ဖွင့်မှသာ တံခါးလက်ကိုင်ထွက်လာ မည်ဖြစ်သည်။ ထို့ပြင် Auto Lock and Unlock Function လည်း ပါဝင်သည်။

အနောက်ဘက်ဒီဇိုင်းတွင် ပုံစံသုံးမျိုး ပြောင်းလဲနိုင်သည့် Rear LED Piano Taillights တပ်ဆင်ထားပြီး ကားခေါင်မိုးတွင် Sky Giant Panoramic Sunroof တို့ တပ်ဆင်ထားသဖြင့် ရှုထောင့်အစုံတွင် ဆန်းသစ်လှပသည့် အမြင်အာရုံကို ခံစားနိုင်မည်ဖြစ်သည်။

Premium Brown Leather Seat ထိုင်ခုံများကို သေသပ်လှပစွာ ခင်း ကျင်းထားသည့် Beijing X7 ၏ အရှေ့ဘက်ထိုင်ခုံ နှစ်လုံးသည် 10- Way Power Seat Type ဖြစ်ပြီး အပူ/အအေးပေးစနစ်လည်း ပါဝင် သည်။ Driver Seat တွင် မတူညီသည့် Setting သုံးမျိုးကို Memory မှတ်နိုင်သည့် Seat Memory Function လည်း ပါဝင်သည်။

ကားအရှေ့ခန်း Center Console Area ၏ ခမ်းနားခြင်းနှင့်အတူ Stylish ဖြစ်သည့် 7 Speed Dual Clutch Gearbox ကို Standard ၊ Sport ၊ Eco ပုံစံ သုံးမျိုးပြောင်းနိုင်သည့် Drive Mode Function ၊ Engine Start/Stop ၊ Wireless Charging Function ၊ Electronic Parking Brake နှင့် Auto Brake Hold Function တို့ကို သပ်ရပ်စွာ ခင်းကျင်းထားသည်။

Beijing X7 ၏ Leather Steering တွင် Audio Control စနစ်များကို Fully Touch ပုံစံဖြင့် အသုံးပြုနိုင်သည့်အပြင် Cruise Control ခလုတ်လည်း တပ်ဆင်ထားသည်။ Full Digital Screen ဖြစ်သည့် 8.0 Inch Center Control Screen နှင့်အတူ 12.3 inch Display Screen နှစ်ခုတို့ ပေါင်းစပ်ထားသော Digital နည်းပညာအစုအဝေးကို Dashboard Area တွင် ခံစားနိုင်မည်ဖြစ်သည်။ PM 2.5 Filter CN-95 Level စနစ် ပါဝင်သည့် Automatic Dual Climate Control ကိုလည်း ဆန်းသစ်သည့် Air Vent Design များဖြင့် ခင်းကျင်းထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here